အွန်လိုင်း သမ္မာကျမ်းစာ

ကြော်ငြာတွေ


သမ္မာကျမ်းစာတစ်အုပ်လုံး ဓမ္မဟောင်း ဓမ္မသစ်




၂ ရာ​ချုပ် 4:3 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

ရေကန်​အဝ​၏​အောက်နား​တွင် နွားရုပ်​ပုံ​ကို တစ်တောင်​လျှင်​ဆယ်​ရုပ်​စီ ပတ်ပတ်လည်​ထွင်းထု​ထား​၏​။ နွားရုပ်​ပုံ​အတန်း​နှစ်​တန်း​ရှိ​ပြီး ရေကန်​နှင့်​တစ်သားတည်း​ဖြစ်​အောင် သွန်းလုပ်​ထား​၏​။

အခန်းကိုကြည့်ပါ။

Common Language Bible

ရေ​ကန်​၏​အ​ပြင်​အ​နား​ပတ်​လည်​ကို​နွား​ရုပ် များ​ဖြင့်​တန်​ဆာ​ဆင်​ထား​၏။ ထို​နွား​ရုပ်​များ အထက်​အောက်​အ​တန်း​နှစ်​တန်း​ကို​ရေ​ကန်​နှင့် တစ်​စပ်​တည်း​သွန်း​လုပ်​ထား​သ​တည်း။-

အခန်းကိုကြည့်ပါ။

Garrad Bible

အောက် ပတ် လည် တွင် တစ် ပြိုင် နက် သွန်း လုပ် သော တစ် တောင် လျှင် ဆယ် လုံး ကျ အ သီး ပုံ နှစ် တန်း ပါ လျက်

အခန်းကိုကြည့်ပါ။

Judson Bible

ရေ​ကန်​အ​နား​ပတ်​အောက်​ပတ်​လည်၌ ဘူး​သီး​ရုပ်​များ၊ အ​တောင်​တစ်​ထောင်​တွင် ဆယ်​လုံး​စီ​စေ့​အောင်၊ ဘူး​သီး​ရုပ်​နှစ်​ပတ်​ကို ရေ​ကန်​နှင့် တစ်​စပ်​တည်း သွန်း​လေ၏။

အခန်းကိုကြည့်ပါ။



၂ ရာ​ချုပ် 4:3
8 ပူးပေါင်းရင်းမြစ်များ  

အချင်း​အတောင်​တစ်ဆယ်​၊ အမြင့်​ငါး​တောင်​၊ လုံးပတ်​အတောင်​သုံးဆယ်​ရှိ​သော စက်ဝိုင်းပုံ​ကြေးနီ​ရေကန်​ကို​လည်း သွန်းလုပ်​၏​။


ထို​ရေကန်​သည် နွားရုပ်​တစ်ဆယ့်​နှစ်​ကောင်​ပေါ်တွင် တည်​ထား​၏​။ နွားရုပ်​တို့​မှာ မြောက်ဘက်​သို့​သုံး​ကောင်​၊ အနောက်ဘက်​သို့​သုံး​ကောင်​၊ တောင်ဘက်​သို့​သုံး​ကောင်​၊ အရှေ့ဘက်​သို့​သုံး​ကောင် မျက်နှာမူ​ထား​၏​။ နွားရုပ်​တို့​အပေါ်​တွင် ရေကန်​ရှိ​၍ ထို​နွားရုပ်​အားလုံး အတွင်းဘက်​ကို ကျောခိုင်း​ထား​၏​။


တစ်ပါးစီ​၏​မျက်နှာ​ပုံသဏ္ဌာန်​မှာ ရှေ့​မျက်နှာ​သည် လူ​မျက်နှာ​၊ ယာဘက်​မျက်နှာ​သည် ခြင်္သေ့​မျက်နှာ​၊ ဝဲဘက်​မျက်နှာ​သည် နွား​မျက်နှာ​၊ အနောက်ဘက်​မျက်နှာ​သည် လင်းယုန်ငှက်​မျက်နှာ စသည်​ဖြင့်


ခေရုဗိမ်​တစ်ပါးစီ​တွင် မျက်နှာ​လေး​ခု​စီ​ပါရှိ​၏​။ ပထမ​မျက်နှာ​သည် ခေရုဗိမ်​မျက်နှာ​၊ ဒုတိယ​မျက်နှာ​သည် လူ​မျက်နှာ​၊ တတိယ​မျက်နှာ​သည် ခြင်္သေ့​မျက်နှာ​၊ စတုတ္ထ​မျက်နှာ​သည် လင်းယုန်​မျက်နှာ​ဖြစ်​၏​။


သင်​နှင့်​စစ်သူရဲ​အပေါင်း​တို့​သည် မြို့​ကို​တစ်ပတ်ပြည့်​အောင် လှည့်ပတ်​ရ​မည်​။ ခြောက်​ရက်​ပတ်လုံး ထိုသို့​ပတ်​ရ​မည်​။


ပထမ​သတ္တဝါ​သည် ခြင်္သေ့​နှင့်​တူ​၍ ဒုတိယ​သတ္တဝါ​သည် နွားသငယ်​နှင့်​တူ​၏။ တတိယ​သတ္တဝါ​ကား လူ​နှင့်​တူ​သော​မျက်နှာ​ရှိ​၍ စတုတ္ထ​သတ္တဝါ​သည် ပျံသန်း​နေ​သော​လင်းယုန်​နှင့်​တူ​၏။