အိုးများ၊ ဂေါ်ပြားများ၊ ဇလုံများကိုလည်း သွန်းလုပ်၏။ ဤသို့ ဟုရံအဘိသည် ရှောလမုန်မင်းကြီးအဖို့ ထာဝရဘုရား၏အိမ်တော်အသုံးအဆောင်အားလုံးကို ပြောင်လက်နေသောကြေးနီများဖြင့် သွန်းလုပ်၏။
၂ ရာချုပ် 4:16 - မြန်မာ့စံမီသမ္မာကျမ်း အိုးများ၊ ဂေါ်ပြားများ၊ ခက်ရင်းခွများကိုလည်း သွန်းလုပ်၏။ ဤသို့ ဟုရံအဘိသည် ရှောလမုန်မင်းကြီးအဖို့ ထာဝရဘုရား၏အိမ်တော်အသုံးအဆောင်အားလုံးကို ပြောင်လက်နေသောကြေးနီများဖြင့် သွန်းလုပ်၏။ Garrad Bible အိုး၊ ကော် ပြား၊ ခ ရင်း မှ စ သော ထာ ဝ ရ ဘု ရား၏ ဗိ မာန် တော် အ သုံး အ ဆောင် ရှိ သ မျှ ကို ရှော လ မုန် မင်း အ ဖို့ စင် ကြယ် ပြီး ကြေး နှင့် လုပ်၍ အ ပြီး သတ် လေ ၏။ Judson Bible ရှောလမုန်မင်းကြီးအဖို့ ဟိရံလုပ်သမျှသော ထာဝရဘုရား၏အိမ်တော်တန်ဆာတို့သည် ပြောင်ပြောင်တောက်သော ကြေးဝါဖြင့် ပြီးကြ၏။ |
အိုးများ၊ ဂေါ်ပြားများ၊ ဇလုံများကိုလည်း သွန်းလုပ်၏။ ဤသို့ ဟုရံအဘိသည် ရှောလမုန်မင်းကြီးအဖို့ ထာဝရဘုရား၏အိမ်တော်အသုံးအဆောင်အားလုံးကို ပြောင်လက်နေသောကြေးနီများဖြင့် သွန်းလုပ်၏။
အိုးများ၊ ဂေါ်ပြားများ၊ မီးညှပ်များ၊ ဇွန်းများမှစ၍ အမှုတော်ဆောင်ရွက်ရာတွင်အသုံးပြုသည့် ကြေးနီတန်ဆာပလာရှိသမျှတို့ကိုလည်း ယူဆောင်သွားကြ၏။
ဒါဝိဒ်မင်းကြီးသည် တိဗဟတ်မြို့၊ ခုန်မြို့စသည့် ဟာဒဒေဇာမင်းကြီးပိုင်သောမြို့တို့မှ ကြေးနီအမြောက်အမြားကိုလည်း သိမ်းယူလေ၏။ ထိုကြေးနီများဖြင့်ပင် ရှောလမုန်မင်းကြီးသည် ကြေးနီရေကန်နှင့် တိုင်များ၊ ကြေးနီအသုံးအဆောင်များကို သွန်းလုပ်ခဲ့၏။
ခက်ရင်းခွများ၊ ဇလုံများ၊ ကရားများအတွက် ရွှေစင်များ၊ ရွှေဖလားများအတွက် ရွှေဖလားတစ်ခုစီ၏အလေးချိန်အလိုက်လိုအပ်သောရွှေ၊ ငွေဖလားများအတွက် ဖလားတစ်ခုစီ၏အလေးချိန်အလိုက်လိုအပ်သောငွေ၊
ထို့ပြင် ဟုရံသည် အိုးများ၊ ဂေါ်ပြားများ၊ ဇလုံများကိုလည်း သွန်းလုပ်၏။ ထိုသို့ ဟုရံသည် ရှောလမုန်မင်းကြီးအဖို့ ဘုရားသခင်၏အိမ်တော်၌ လုပ်ဆောင်စရာတို့ကို လုပ်ဆောင်ပြီးစီးသွား၏။
ရှင်ဘုရင်သည် ထိုပစ္စည်းအားလုံးကို သုကုတ်မြို့နှင့်ဇေရဒမြို့ကြား ဂျော်ဒန်မြစ်ဝှမ်းရှိ ရွှံ့မြေထူထပ်ရာအရပ်၌ သွန်းလုပ်၏။
ယဇ်ပလ္လင်မှပြာကိုဖယ်ရှားရန်အတွက် အိုး၊ ဂေါ်ပြား၊ ဇလုံ၊ ခက်ရင်းခွ၊ မီးကျီးခံဗန်းတို့ကိုလည်း လုပ်ရမည်။ ယဇ်ပလ္လင်၏တန်ဆာပလာရှိသမျှတို့ကို ကြေးနီဖြင့်လုပ်ရမည်။
အိုး၊ ဂေါ်ပြား၊ ဇလုံ၊ ခက်ရင်းခွ၊ မီးကျီးခံဗန်း စသည့်ယဇ်ပလ္လင်၏တန်ဆာပလာရှိသမျှတို့ကို ကြေးနီဖြင့်လုပ်၏။