ထို့နောက် ရှောလမုန်မင်းကြီးသည် ထာဝရဘုရား၏ယဇ်ပလ္လင်တော်ရှေ့၊ အစ္စရေးလူထုအပေါင်းတို့ရှေ့တွင်ရပ်လျက် ကောင်းကင်သို့လက်ကိုဖြန့်ပြီးလျှင်
၂ ရာချုပ် 4:1 - မြန်မာ့စံမီသမ္မာကျမ်း ထို့ပြင် အလျားအတောင်နှစ်ဆယ်၊ အနံအတောင်နှစ်ဆယ်၊ အမြင့်ဆယ်တောင်ရှိသော ကြေးနီယဇ်ပလ္လင်ကိုလည်း ပြုလုပ်၏။ Common Language Bible ရှောလမုန်မင်းသည်အလျားပေသုံးဆယ်၊ အမြင့်တစ်ဆယ့်ငါးပေရှိသောကြေးဝါ ယဇ်ပလ္လင်ကိုပြုလုပ်စေတော်မူ၏။- Garrad Bible အ လျား အ နံ အ တောင် နှစ် ဆယ်၊ အ မြင့် ဆယ် တောင် ရှိ သော ပူ ဇော် ရာ ကြေး ပ လ္လင် ကို လည်း တည် လုပ် စေ ၏။ Judson Bible အလျား အတောင်နှစ်ဆယ်၊ အနံအတောင် နှစ်ဆယ်၊ အမြင့် ဆယ်တောင်ရှိသော ကြေးဝါယဇ်ပလ္လင်ကိုလည်း လုပ်လေ၏။ |
ထို့နောက် ရှောလမုန်မင်းကြီးသည် ထာဝရဘုရား၏ယဇ်ပလ္လင်တော်ရှေ့၊ အစ္စရေးလူထုအပေါင်းတို့ရှေ့တွင်ရပ်လျက် ကောင်းကင်သို့လက်ကိုဖြန့်ပြီးလျှင်
ထာဝရဘုရားရှေ့တော်ရှိ ကြေးနီယဇ်ပလ္လင်သည် သေးငယ်၍ မီးရှို့ရာယဇ်၊ ဘောဇဉ်ပူဇော်သက္ကာနှင့် မိတ်သဟာယယဇ်ကောင်၏အဆီတို့ကို ပူဇော်ရန် နေရာမဆံ့ပေ။ ထို့ကြောင့် ထိုနေ့တွင်ပင် ရှင်ဘုရင်သည် ထာဝရဘုရား၏အိမ်တော်ရှေ့ရှိ ဝင်းအတွင်းကိုလည်း သန့်ရှင်းခြင်းဝတ်ကိုပြု၍ ထိုနေရာတွင်ပင် မီးရှို့ရာယဇ်၊ ဘောဇဉ်ပူဇော်သက္ကာနှင့် မိတ်သဟာယယဇ်ကောင်၏အဆီတို့ကို ပူဇော်လေ၏။
ရှောလမုန်မင်းကြီးသည် ထာဝရဘုရားအဖို့တည်ဆောက်သောယဇ်ပလ္လင်ပေါ်တွင် မီးရှို့ရာယဇ်၊ မိတ်သဟာယယဇ်တို့ကို တစ်နှစ်လျှင် သုံးကြိမ်ပူဇော်၏။ နံ့သာပေါင်းကိုလည်း ထာဝရဘုရားရှေ့တော်တွင် မီးရှို့ပူဇော်၏။ ဤသို့ဖြင့် အိမ်တော်ကို လက်စသတ်လေ၏။
ဟုရ၏မြေး၊ ဥရိ၏သားဗေဇလေလပြုလုပ်သောကြေးနီယဇ်ပလ္လင်ကို ထာဝရဘုရား၏တဲတော်ရှေ့တွင် ထားရှိ၏။ ရှောလမုန်မင်းကြီးနှင့် လူထုတို့သည် ထိုယဇ်ပလ္လင်ကို ထာဝရဘုရားထံမေးမြန်းရာတွင် အသုံးပြုကြ၏။
အာသမင်းကြီးသည် ထိုစကားများနှင့် ပရောဖက်ဩဒက် ပရောဖက်ပြုသောစကားများကို ကြားသောအခါ အားတက်လာပြီး ယုဒပြည်တစ်ပြည်လုံး၊ ဗင်္ယာမိန်ပြည်တစ်ပြည်လုံးနှင့် ဧဖရိမ်တောင်ပေါ်ဒေသရှိ သူသိမ်းယူထားသောမြို့ရွာများမှ ရွံရှာဖွယ်ရာများကို ဖယ်ရှားပစ်၏။ ထာဝရဘုရား၏အိမ်တော်ဆင်ဝင်ရှေ့ရှိ ထာဝရဘုရား၏ယဇ်ပလ္လင်ကိုလည်း ပြုပြင်လေ၏။
ထို့နောက် သူတို့သည် ဟေဇကိမင်းကြီးရှေ့သို့ အခစားဝင်၍ “အကျွန်ုပ်တို့သည် ထာဝရဘုရား၏အိမ်တော်တစ်ခုလုံး၊ မီးရှို့ရာယဇ်ပလ္လင်နှင့်၎င်း၏အသုံးအဆောင်များအားလုံး၊ ရှေ့တော်မုန့်တင်ရာစားပွဲနှင့်၎င်း၏အသုံးအဆောင်များအားလုံးတို့ကို သန့်ရှင်းစေပါပြီ။
ရှောလမုန်မင်းကြီးတည်ထားသောကြေးနီယဇ်ပလ္လင်၌ မီးရှို့ရာယဇ်၊ ဘောဇဉ်ပူဇော်သက္ကာနှင့် မိတ်သဟာယယဇ်ကောင်၏အဆီတို့ကို ပူဇော်ရန် နေရာမဆံ့ပေ။ ထို့ကြောင့် ရှောလမုန်မင်းကြီးသည် ထာဝရဘုရား၏အိမ်တော်ရှေ့ရှိ ဝင်းအတွင်းကို သန့်ရှင်းစေ၍ ထိုနေရာတွင်ပင် မီးရှို့ရာယဇ်နှင့် မိတ်သဟာယယဇ်ကောင်၏အဆီတို့ကို ပူဇော်လေ၏။
ထို့နောက် ရှောလမုန်မင်းကြီးသည် ဆင်ဝင်ရှေ့တွင်တည်ထားသော ထာဝရဘုရား၏ယဇ်ပလ္လင်တော်ပေါ်တွင် ထာဝရဘုရားထံ မီးရှို့ရာယဇ်ကို ပူဇော်လေ၏။