ဇေဒကိမင်းကြီး နန်းစံကိုးနှစ်၊ ဒသမလ၊ ဆယ်ရက်နေ့တွင် ဘေဘီလုံဘုရင်နေဗုခဒ်နေဇာမင်းကြီးသည် မိမိစစ်သည်အပေါင်းတို့နှင့်တကွ ဂျေရုဆလင်မြို့သို့စစ်ချီလာ၍ မြို့ပြင်၌စခန်းချကြ၏။ မြို့ပတ်ပတ်လည်၌ မြေကတုတ်ကိုဆောက်ကြ၏။
၂ ရာချုပ် 36:11 - မြန်မာ့စံမီသမ္မာကျမ်း ဇေဒကိနန်းတက်သောအခါ သက်တော်နှစ်ဆယ့်တစ်နှစ်ရှိပြီး ဂျေရုဆလင်မြို့တွင် တစ်ဆယ့်တစ်နှစ်စိုးစံ၏။ Common Language Bible ဇေဒကိသည်အသက်နှစ်ဆယ့်တစ်နှစ်ရှိသော အခါယုဒဘုရင်အဖြစ်နန်းတက်၍ ယေရု ရှလင်မြို့တွင်တစ်ဆယ့်တစ်နှစ်နန်းစံရလေ သည်။- Garrad Bible ဇေ ဒ ကိ မင်း သည်၊ အိမ် နိမ့် နှစ် ဆယ့် တစ် နှစ် ရှိ သော်၊ နန်း တက်၍၊ ယေ ရု ရှ လင် မြို့၌၊ ဆယ် တစ် နှစ် စိုး စံ ရ ရာ၊ Judson Bible ဇေဒကိသည် အသက်နှစ်ဆယ်တစ်နှစ်ရှိသော်၊ နန်းထိုင်၍ ယေရုရှလင်မြို့၌ တစ်ဆယ်တစ်နှစ် စိုးစံလေ၏။ |
ဇေဒကိမင်းကြီး နန်းစံကိုးနှစ်၊ ဒသမလ၊ ဆယ်ရက်နေ့တွင် ဘေဘီလုံဘုရင်နေဗုခဒ်နေဇာမင်းကြီးသည် မိမိစစ်သည်အပေါင်းတို့နှင့်တကွ ဂျေရုဆလင်မြို့သို့စစ်ချီလာ၍ မြို့ပြင်၌စခန်းချကြ၏။ မြို့ပတ်ပတ်လည်၌ မြေကတုတ်ကိုဆောက်ကြ၏။
ယောရှိမင်းကြီး၏သားတော် ယုဒဘုရင်ယောယကိမ်မင်းကြီးလက်ထက်နှင့် ယောရှိမင်းကြီး၏သားတော် ယုဒဘုရင်ဇေဒကိမင်းကြီး နန်းစံတစ်ဆယ့်တစ်နှစ်၊ ပဉ္စမလ ဂျေရုဆလင်မြို့သားတို့ ဖမ်းခေါ်သွားခြင်းခံရသည့်အချိန်ထိ ယေရမိထံသို့ ရောက်လာသော ထာဝရဘုရား၏နှုတ်ကပတ်တော်ကား ဤသို့ဖြစ်၏။
ယောရှိမင်းကြီး၏သားတော် ယုဒဘုရင်ယောယကိမ်မင်းကြီး နန်းတက်စ၌ ထာဝရဘုရား၏နှုတ်ကပတ်တော်သည် ယေရမိထံသို့ရောက်လာ၏။
ယုဒဘုရင်ဇေဒကိမင်းကြီးနန်းစံကာလ အစပိုင်း စတုတ္ထနှစ်၊ ပဉ္စမလတွင်ပင် ဂိဗောင်မြို့မှ အဇ္ဇုရ၏သား ပရောဖက်ဟာနနိယက ထာဝရဘုရား၏အိမ်တော်၊ ယဇ်ပုရောဟိတ်နှင့် လူအပေါင်းတို့ရှေ့တွင် ငါ့အား
ထို့ကြောင့် ထာဝရဘုရားက ဒါဝိဒ်မင်းကြီး၏ရာဇပလ္လင်ပေါ်တွင်ထိုင်တော်မူသော ဘုရင်နှင့်ပတ်သက်၍လည်းကောင်း၊ သင်တို့နှင့်အတူ သုံ့ပန်းအဖြစ်ပါမသွားသော သင်တို့ညီအစ်ကိုများဖြစ်သည့် ဤမြို့တွင်ကျန်နေခဲ့သောသူအပေါင်းတို့နှင့်ပတ်သက်၍လည်းကောင်း ဤသို့မိန့်တော်မူ၏။
“အစ္စရေးလူမျိုး၏ဘုရားသခင်ထာဝရဘုရားက သင်သည် ယုဒဘုရင်ဇေဒကိထံသို့သွား၍ ထာဝရဘုရားက ‘ကြည့်ရှုလော့။ ငါသည် ဤမြို့ကို ဘေဘီလုံဘုရင်လက်သို့အပ်မည်။ သူသည် ဤမြို့ကို မီးရှို့လိမ့်မည်။
ထိုမင်းနှင့် သူ၏အစေအပါးများ၊ ပြည်သူပြည်သားများတို့သည် ပရောဖက်ယေရမိအားဖြင့် မိန့်ဆိုထားသည့် ထာဝရဘုရား၏စကားတော်တို့ကို နားမထောင်ကြ။