ယဇ်ပုရောဟိတ်များကိုလည်း တာဝန်ကိုယ်စီခွဲခန့်ထား၍ ထာဝရဘုရား၏အိမ်တော်အမှုကိုထမ်းရွက်ကြရန် တိုက်တွန်းအားပေး၏။
မင်းကြီးသည်ယဇ်ပုရောဟိတ်တို့အားဗိမာန် တော်တွင်ထမ်းဆောင်ရမည့်တာဝန်ဝတ္တရား များကိုသတ်မှတ်ပေးပြီးလျှင် ယင်းတို့ကို ကျေပွန်စွာထမ်းဆောင်ကြရန်အားပေး တိုက်တွန်းတော်မူ၏။-
ဘု ရင် မင်း သည်၊ ပ ရော ဟိတ် တို့ အား ဆိုင် ရာ တာ ဝန် ကို အပ် လျက်၊ ဗိ မာန် တော် ဝတ် ဆောင် ရွက် ကြ စေ ရန် နှိုး ဆော် သည့် ပြင်၊
ယဇ်ပုရောဟိတ်တို့ကို မိမိတို့အရာ၌ခန့်ထား၍၊ ဗိမာန်တော်အမှုကို စောင့်စေခြင်းငှာ နှိုးဆော်တော်မူ၏။
ယခု သင်တို့သည် စိတ်နှလုံးအကြွင်းမဲ့၊ စိတ်ဝိညာဉ်ပါလျက် သင်တို့၏ဘုရားသခင်ထာဝရဘုရားကို ရှာကြလော့။ ထ၍ ထာဝရဘုရားအဖို့သန့်ရှင်းရာဌာနကို တည်ဆောက်ကြလော့။ သို့မှ ထာဝရဘုရား၏ပဋိညာဉ်သေတ္တာတော်၊ ဘုရားသခင်အဖို့ သန့်ရှင်းသောအသုံးအဆောင်များကို ထာဝရဘုရား၏နာမတော်တည်ဖို့ဆောက်လုပ်ထားသောအိမ်တော်ထဲတွင် ထားရှိနိုင်မည်”ဟု မိန့်မှာလေ၏။
ထို့နောက် ယောယဒသည် ဒါဝိဒ်မင်းကြီးကိုယ်တိုင် ခွဲခန့်ထားခဲ့သည့် ယဇ်ပုရောဟိတ်များနှင့် လေဝိအမျိုးတို့အား ထာဝရဘုရား၏အိမ်တော်ကို တာဝန်ယူကြီးကြပ်ရန် ခန့်ထား၏။ သူတို့သည် မောရှေ၏ပညတ်တရားကျမ်းတွင်ရေးထားသည့်အတိုင်း ထာဝရဘုရား၏အိမ်တော်တွင် ထာဝရဘုရားထံ မီးရှို့ရာယဇ်ကို ပူဇော်ရပြီး ဒါဝိဒ်မင်းကြီးမိန့်မှာထားခဲ့သည့်အတိုင်း ဝမ်းမြောက်စွာချီးမွမ်းသီချင်း သီဆိုရသောသူများဖြစ်ကြ၏။
လေဝိအမျိုးနှင့် ယုဒလူမျိုးအပေါင်းတို့သည် ယဇ်ပုရောဟိတ်ယောယဒ မှာကြားသည့်အတိုင်း ပြုကြ၏။ ယဇ်ပုရောဟိတ်ယောယဒက အလှည့်ကျအဖွဲ့များကို ပြန်မလွှတ်ပေးသောကြောင့် အဖွဲ့ခေါင်းဆောင်များသည် ဥပုသ်နေ့တွင် တာဝန်ကျသူများနှင့် တာဝန်မကျသူများပါ အသီးသီးမိမိတို့လူကို ခေါ်ထားကြ၏။
ထို့နောက် ဟေဇကိမင်းကြီးသည် ယဇ်ပုရောဟိတ်နှင့် လေဝိအမျိုးတို့ကို အဖွဲ့လိုက်တာဝန်ခွဲပေး၏။ ယဇ်ပုရောဟိတ်နှင့် လေဝိအမျိုးတို့သည် မိမိတို့ထမ်းဆောင်ရမည့်တာဝန်များကို အဖွဲ့လိုက်အလှည့်ကျထမ်းဆောင်ကြရ၏။ သူတို့သည် မီးရှို့ရာယဇ်၊ မိတ်သဟာယယဇ်ကို ပူဇော်ရ၏။ ထာဝရဘုရားစံတော်မူရာဌာနတော်၏တံခါးများ၌ရပ်၍ အမှုတော်ထမ်းဆောင်လျက် ကျေးဇူးတော်ချီးမွမ်းခြင်း၊ ဂုဏ်တော်ချီးမွမ်းသီဆိုခြင်းကို ပြုရ၏။
ထို့နောက် မောရှေ၏ပညတ်တရားကျမ်း၌ရေးထားသည့်အတိုင်း ဂျေရုဆလင်မြို့တွင် ဘုရားသခင်၏အမှုတော်ကိုထမ်းဆောင်ရန် ယဇ်ပုရောဟိတ်အုပ်စု၊ လေဝိအုပ်စုတို့ကို ခန့်ထားလေ၏။
သူငယ်၏အစ်မသည်လည်း သူငယ်၌ မည်သို့ဖြစ်မည်ကိုသိမြင်နိုင်ရန် အဝေးမှရပ်ကြည့်နေ၏။