အွန်လိုင်း သမ္မာကျမ်းစာ

ကြော်ငြာတွေ


သမ္မာကျမ်းစာတစ်အုပ်လုံး ဓမ္မဟောင်း ဓမ္မသစ်




၂ ရာ​ချုပ် 35:14 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

ထို့နောက်မှ မိမိ​တို့​အဖို့​နှင့် ယဇ်ပုရောဟိတ်​တို့​အဖို့ ပြင်ဆင်​ကြ​၏​။ အာရုန်​သားမြေး​ယဇ်ပုရောဟိတ်​တို့​သည် မီးရှို့ရာယဇ်​နှင့် အဆီ​တို့​ကို ည​ရောက်​သည်​အထိ ပူဇော်​ရ​သဖြင့် လေဝိ​အမျိုး​တို့​သည် မိမိ​တို့​အဖို့​နှင့် အာရုန်​သားမြေး​ယဇ်ပုရောဟိတ်​တို့​အဖို့ ပြင်ဆင်​ပေး​ရ​၏​။

အခန်းကိုကြည့်ပါ။

Common Language Bible

ထို​နောက်​လေဝိ​အ​နွယ်​ဝင်​တို့​သည်​မိ​မိ​တို့ အ​တွက်​နှင့်​အာ​ရုန်​မှ​ဆင်း​သက်​သူ ယဇ်​ပု​ရော ဟိတ်​များ​အ​တွက်​အ​သား​များ​ကို​ပေး​ဝေ ကြ​လေ​သည်။ အ​ဘယ်​ကြောင့်​ဆို​သော်​ယဇ် ပု​ရော​ဟိတ်​တို့​သည်​တစ်​ကောင်​လုံး​မီး​ရှို့ ပူ​ဇော်​ရ​သော​ယဇ်​များ​နှင့် ယဇ်​ကောင်​ဆီ​ဥ များ​ကို​မီး​ရှို့​ပူ​ဇော်​ခြင်း​ဖြင့်​ညဥ့်​ဦး​တိုင် အောင်​အ​လုပ်​များ​လျက်​နေ​ကြ​သော ကြောင့်​ဖြစ်​၏။-

အခန်းကိုကြည့်ပါ။

Garrad Bible

အာ ရုန့် အ နွယ် ပ ရော ဟိတ် တို့ သည်၊ မီး ရှို့ ရာ သ က္ကာ နှင့် ဆီ ဥ များ ကို၊ ညဉ့် တိုင် အောင် ပူ ဇော် ရ သည့် အ တွက်၊ ကိုယ် မှ စ၍ အာ ရုန့် အ နွယ် ပ ရော ဟိတ် တို့ အ ဖို့၊ လေ ဝိ ဂိုဏ်း သား တို့ ပြင် ဆင် ရ ကြ ၏။

အခန်းကိုကြည့်ပါ။

Judson Bible

ထို​နောက်​မှ ကိုယ်​အ​ဖို့​နှင့် ယဇ်​ပု​ရော​ဟိတ်​အ​ဖို့​ကို ပြင်​ဆင်​ကြ၏။ အာ​ရုန်​သား​ယဇ်​ပု​ရော​ဟိတ်​တို့​သည် ညဉ့်​ဦး​တိုင်​အောင် မီး​ရှို့​ရာ​ယဇ်​နှင့် ဆီ​ဥ​ကို ပူ​ဇော်​လျက်​နေ​ရ​သော​ကြောင့်၊ လေ​ဝိ​သား​တို့​သည် ကိုယ်​အ​ဖို့​ကို​လည်း​ကောင်း၊ အာ​ရုန်​သား ယဇ်​ပု​ရော​ဟိတ် အ​ဖို့​ကို​လည်း​ကောင်း ပြင်​ဆင်​ကြ၏။

အခန်းကိုကြည့်ပါ။



၂ ရာ​ချုပ် 35:14
5 ပူးပေါင်းရင်းမြစ်များ  

ထို့နောက် စီရင်ထုံးဖွဲ့ချက်​အတိုင်း ပသခါယဇ်ကောင်​ကို မီး​ကင်​၍ သန့်ရှင်းသောယဇ်​များ​ကို​လည်း အိုး​များ​၊ ဒယ်စောက်​များ​၊ ဒယ်အိုး​များ​တွင် ပြုတ်​ပြီးလျှင် ပြည်သူပြည်သား​တို့​အား အလျင်အမြန်​ဝေပေး​၏​။


အာသပ်​သားမြေး​သီချင်းသည်​တို့​သည် ဒါဝိဒ်​မင်းကြီး​နှင့် အာသပ်​၊ ဟေမန်​၊ ရှင်ဘုရင်​၏​ဗျာဒိတ်ဆရာ​ယေဒုသုန်​တို့ စီစဉ်ညွှန်ကြား​ထား​ခဲ့​သည့်​အတိုင်း ကိုယ့်​နေရာ​တွင် ရပ်​နေ​ကြ​၏​။ တံခါးစောင့်​တို့​သည်​လည်း မိမိ​တို့ တံခါး​တိုင်​တွင် ရပ်​နေ​ကြ​ရ​၏​။ သူ​တို့​၏​ညီအစ်ကိုချင်း​ဖြစ်​သော​လေဝိ​အမျိုး​တို့​သည် သူ​တို့​အဖို့​ကို​လည်း ပြင်ဆင်​ပေး​သောကြောင့် မိမိ​တို့​တာဝန်ကျ​သော​နေရာ​မှ ထွက်သွားစရာ​မ​လို​ပေ​။


ထာဝရဘုရား​၏​ဗိမာန်တော်​တည်ဆောက်​သော​သူ​တို့​သည် အုတ်မြစ်​ကို​ချ​သောအခါ ဝတ်စုံ​ဝတ်ဆင်​ထား​သော​ယဇ်ပုရောဟိတ်​တို့​သည် တံပိုးခရာ​ကို​ကိုင်​လျက်​၊ အာသပ်​၏​သား​လေဝိ​အမျိုး​တို့​သည်​လည်း လင်းကွင်း​များ​ကို​ကိုင်​လျက် အစ္စရေး​ဘုရင်​ဒါဝိဒ်​မင်းကြီး​လက်ထက်​က​အတိုင်း​နေရာယူ​၍ ထာဝရဘုရား​ကို​ချီးမွမ်း​ကြ​သည်​မှာ


ယဇ်ပုရောဟိတ်​အပါအဝင် လေဝိ​အမျိုး​တို့​သည် တစ်စိတ်တစ်သဘောတည်း ကိုယ်​ကို​စင်ကြယ်​စေ​ကြ​ပြီး​ဖြစ်​၍ အားလုံး​မှာ သန့်ရှင်း​ခြင်း​သို့​ရောက်​ကြ​၏​။ ထို့ကြောင့် သူ​တို့​အပါအဝင် သူ​တို့​၏​ညီအစ်ကို​ယဇ်ပုရောဟိတ်​တို့​နှင့် သုံ့ပန်း​သားသမီး​တို့​အဖို့ ပသခါသိုးသငယ်​ကို သတ်​ကြ​၏​။