ဂိဗောင်မြို့သည် အရေးပါသောအထွတ်အမြတ်ထားရာနေရာတစ်ခု ဖြစ်၏။ ထို့ကြောင့် ရှောလမုန်မင်းကြီးသည် ယဇ်ပူဇော်ရန် ထိုနေရာသို့သွား၍ ယဇ်ပလ္လင်ပေါ်တွင် ယဇ်ကောင်တစ်ထောင်ကို မီးရှို့ပူဇော်၏။
၂ ရာချုပ် 29:32 - မြန်မာ့စံမီသမ္မာကျမ်း လူအစုအဝေးတို့ ယူဆောင်လာသော မီးရှို့ရာယဇ်အရေအတွက်မှာ နွားအကောင်ခုနစ်ဆယ်၊ သိုးထီးအကောင်တစ်ရာ၊ သိုးသငယ်အကောင်နှစ်ရာ ဖြစ်၏။ ဤအရာအားလုံးသည် ထာဝရဘုရားထံပူဇော်သော မီးရှို့ရာယဇ်ဖြစ်၏။ Common Language Bible သူတို့သည်နွားကောင်ရေခုနစ်ဆယ်၊ သိုး ကောင်ရေတစ်ရာနှင့်သိုးငယ်ကောင်ရေနှစ် ရာတို့ကိုထာဝရဘုရားအား မီးရှို့ရာ ပူဇော်သကာအဖြစ်ယူဆောင်လာပြီးလျှင်၊- Garrad Bible ထာ ဝ ရ ဘု ရား ထံ မီး ရှို့ ရာ သ က္ကာ အ ဖြစ် လူ ပ ရိ သတ် ဆက် သွင်း ကြ သော အ ရေ အ တွက် ကား၊ နွား ခု နစ် ဆယ်၊ ဆိတ် ထီး တစ် ရာ၊ သိုး သား ငယ် နှစ် ရာ တို့ တည်း။ Judson Bible စည်းဝေးသောသူတို့သည် ထာဝရဘုရားအား မီးရှို့ရာယဇ်ပူဇော်စရာဖို့ ဆောင်ခဲ့သော ယဇ်ပေါင်းကား၊ နွားခုနစ်ဆယ်၊ သိုးတစ်ရာ၊ သိုးသငယ်နှစ်ရာတည်း။ |
ဂိဗောင်မြို့သည် အရေးပါသောအထွတ်အမြတ်ထားရာနေရာတစ်ခု ဖြစ်၏။ ထို့ကြောင့် ရှောလမုန်မင်းကြီးသည် ယဇ်ပူဇော်ရန် ထိုနေရာသို့သွား၍ ယဇ်ပလ္လင်ပေါ်တွင် ယဇ်ကောင်တစ်ထောင်ကို မီးရှို့ပူဇော်၏။
ရှောလမုန်မင်းကြီးသည် နွားကောင်ရေနှစ်သောင်းနှစ်ထောင်၊ သိုးကောင်ရေတစ်သိန်းနှစ်သောင်းတို့ကို ထာဝရဘုရားထံ မိတ်သဟာယယဇ်အဖြစ် ပူဇော်၏။ ဤသို့ဖြင့် ရှင်ဘုရင်နှင့် အစ္စရေးအမျိုးသားအပေါင်းတို့သည် ထာဝရဘုရား၏အိမ်တော်ကို ဆက်ကပ်ကြလေ၏။
ထာဝရဘုရားထံ ယဇ်များကိုပူဇော်ပြီး နောက်တစ်နေ့တွင် ထာဝရဘုရားထံ မီးရှို့ရာယဇ်အဖြစ် နွားထီးအကောင်တစ်ထောင်၊ သိုးထီးအကောင်တစ်ထောင်၊ သိုးသငယ်အကောင်တစ်ထောင်နှင့် သွန်းလောင်းရာပူဇော်သက္ကာများကို ပူဇော်ကြ၏။ အစ္စရေးတစ်မျိုးသားလုံးအတွက် ယဇ်များကို အမြောက်အမြား ပူဇော်ကြ၏။
ထိုအခါ ဟေဇကိမင်းကြီးက သူတို့အား “သင်တို့သည် ထာဝရဘုရားထံ မိမိတို့ကိုယ်ကိုဆက်ကပ်ကြပြီဖြစ်၍ ထာဝရဘုရား၏အိမ်တော်သို့ ပူဇော်သက္ကာများ၊ ကျေးဇူးတော်ချီးမွမ်းခြင်းယဇ်များကို ယူဆောင်လာကြလော့”ဟု မိန့်ဆို၏။ လူအစုအဝေးတို့သည်လည်း ပူဇော်သက္ကာများ၊ ကျေးဇူးတော်ချီးမွမ်းခြင်းယဇ်များကို ယူဆောင်လာကြ၏။ စေတနာစိတ်အလျောက်ပူဇော်သော မီးရှို့ရာယဇ်အပေါင်းတို့ကိုလည်း ယူဆောင်လာကြ၏။
သန့်ရှင်းသောပူဇော်သက္ကာများမှာ နွားအကောင်ခြောက်ရာ၊ သိုးအကောင်သုံးထောင် ဖြစ်၏။
ဤတွင် များစွာသောမီးရှို့ရာယဇ်အပြင် အဆီဖြင့်ပူဇော်သောမိတ်သဟာယယဇ်များ၊ သွန်းလောင်းရာပူဇော်သက္ကာနှင့်ပူဇော်သော မီးရှို့ရာယဇ်များလည်း ပါရှိ၏။ ဤသို့ဖြင့် ထာဝရဘုရား၏အိမ်တော်အမှုကို ပြန်လည်အသက်ဝင်စေခဲ့၏။
ဒုတိယလ၊ တစ်ဆယ့်လေးရက်နေ့တွင် ပသခါသိုးသငယ်ကို သတ်ကြ၏။ ယဇ်ပုရောဟိတ်များနှင့် လေဝိအမျိုးတို့သည် အရှက်ရ၍ သန့်ရှင်းခြင်းဝတ်ကိုပြုကြ၏။ ထို့နောက် မီးရှို့ရာယဇ်များကို ထာဝရဘုရား၏အိမ်တော်သို့ ယူဆောင်သွားကြ၏။
ဘုရားသခင်၏အိမ်တော်ဆက်ကပ်ပွဲတွင် နွားအကောင်တစ်ရာ၊ သိုးထီးအကောင်နှစ်ရာ၊ သိုးသငယ်အကောင်လေးရာနှင့် အစ္စရေးလူမျိုးအပေါင်းတို့အပြစ်ဖြေရာယဇ်အဖို့ အစ္စရေးအမျိုးအနွယ်အရေအတွက်နှင့်အညီ ဆိတ်ထီးတစ်ဆယ့်နှစ်ကောင်တို့ကို ပူဇော်ကြ၏။
သူသည် နွားကို မီးရှို့ရာယဇ်အဖြစ်ပူဇော်လိုလျှင် အပြစ်အနာအဆာကင်းသောနွားထီးကို ပူဇော်ရမည်။ ထာဝရဘုရား လက်ခံတော်မူမည့်အကြောင်း ထိုနွားကို တွေ့ဆုံစည်းဝေးရာတဲတော်အဝင်ဝ၌ ပူဇော်ရမည်။