၂ ရာချုပ် 29:1 - မြန်မာ့စံမီသမ္မာကျမ်း ဟေဇကိနန်းတက်သောအခါ သက်တော်နှစ်ဆယ့်ငါးနှစ်ရှိပြီး ဂျေရုဆလင်မြို့တွင် နှစ်ဆယ့်ကိုးနှစ်စိုးစံ၏။ မယ်တော်ကား ဇာခရိ၏သမီး အဘိယအမည်ရှိ၏။ Common Language Bible ဟေဇကိသည်အသက်နှစ်ဆယ့်ငါးနှစ်ရှိ သောအခါ ယုဒပြည်ဘုရင်အဖြစ်နန်းတက်၍ ယေရုရှလင်မြို့တွင်နှစ်ဆယ့်ကိုးနှစ်နန်းစံရ လေသည်။ သူ၏မယ်တော်မှာဇာခရိ၏သမီး အာဘိဖြစ်၏။- Garrad Bible ဟေ ဇ ကိ မင်း သည်၊ အိမ် နိမ့် နှစ် ဆယ့် ငါး နှစ် ရှိ သော်၊ နန်း တက် ၍၊ ယေ ရု ရှ လင် မြို့ ၌၊ နှစ် ဆယ့် ကိုး နှစ် စိုး စံ လေ၏။ မယ် တော့် အ မည် ကား၊ ဇာ ခ ရိ သ မီး အ ဘိ ယ တည်း။ Judson Bible ဟေဇကိသည် အသက်နှစ်ဆယ်ငါးနှစ်ရှိသော်၊ နန်းထိုင်၍ ယေရုရှလင်မြို့၌ နှစ်ဆယ်ကိုးနှစ် စိုးစံလေ၏။ မယ်တော်ကား၊ ဇာခရိသမီး အာဘိအမည်ရှိ၏။ |
ဘုရားသခင်၏ဗျာဒိတ်တော်အကြောင်းကို သိနားလည်သောဇာခရိ အသက်ရှင်သမျှကာလပတ်လုံး ဘုရားသခင်ကို ရှာ၏။ ထာဝရဘုရားကို ရှာသောကာလပတ်လုံးတွင်လည်း ဘုရားသခင်သည် သူ့ကို အောင်မြင်ခွင့်ပေးတော်မူ၏။
အာခတ်မင်းကြီးသည် ဘိုးဘေးတို့နှင့်အတူ အိပ်ပျော်၍ သူ့ကို ဂျေရုဆလင်မြို့တွင် သင်္ဂြိုဟ်ကြ၏။ သို့သော် အစ္စရေးဘုရင်တို့၏သင်္ချိုင်းတွင် မသင်္ဂြိုဟ်ကြပေ။ သူ၏သားတော်ဟေဇကိသည် သူ့အရိုက်အရာကို ဆက်ခံ၏။
ယုဒဘုရင် ဩဇိမင်းကြီး၊ ယောသံမင်းကြီး၊ အာခတ်မင်းကြီး၊ ဟေဇကိမင်းကြီး လက်ထက်၌ ယုဒပြည်၊ ဂျေရုဆလင်မြို့နှင့်ပတ်သက်၍ အာမုတ်၏သားဟေရှာယ မြင်ရသောဗျာဒိတ်နိမိတ်။
ယုံကြည်ရသောသက်သေများအဖြစ် ယဇ်ပုရောဟိတ်ဥရိယနှင့် ယေဗရခိ၏သားဇာခရိတို့ကို ငါခေါ်မည်”ဟု မိန့်တော်မူ၏။
ယုဒဘုရင် ဩဇိမင်းကြီး၊ ယောသံမင်းကြီး၊ အာခတ်မင်းကြီး၊ ဟေဇကိမင်းကြီးလက်ထက်၊ အစ္စရေးဘုရင် ယောရှသားယေရောဗောင်မင်းကြီးလက်ထက်တွင် ထာဝရဘုရား၏နှုတ်ကပတ်တော်သည် ဗေရိ၏သားဟောရှေထံသို့ ရောက်လာ၏။
ယုဒဘုရင် ယောသံမင်းကြီး၊ အာခတ်မင်းကြီး၊ ဟေဇကိမင်းကြီးတို့လက်ထက်တွင် ထာဝရဘုရား၏နှုတ်ကပတ်တော်သည် မောရရှက်မြို့သားမိက္ခာထံသို့ရောက်လာ၍ ရှမာရိမြို့၊ ဂျေရုဆလင်မြို့တို့နှင့်ပတ်သက်သောနိမိတ်အာရုံကို မြင်ရ၏။