ရောဗောင်မင်းကြီးလက်ထက် အဖြစ်အပျက်အစအဆုံးကို ပရောဖက်ရှေမာယနှင့် ဗျာဒိတ်ရသူဣဒေါ၏မျိုးရိုးစဉ်ဆက်မှတ်တမ်းတွင် ရေးမှတ်ထား၏။ ရောဗောင်မင်းကြီးနှင့် ယေရောဗောင်မင်းကြီးတို့သည် အသက်ရှင်သမျှကာလပတ်လုံး အချင်းချင်းစစ်တိုက်ခဲ့ကြ၏။
၂ ရာချုပ် 28:26 - မြန်မာ့စံမီသမ္မာကျမ်း ကျန်ရှိနေသော အာခတ်မင်းကြီးလက်ထက်အဖြစ်အပျက်များ၊ သူလျှောက်ခဲ့သမျှသောလမ်းအစအဆုံးတို့ကို ယုဒဘုရင်နှင့် အစ္စရေးဘုရင်တို့၏ရာဇဝင်မှတ်တမ်းတွင် ရေးမှတ်ထား၏။ Common Language Bible နန်းသက်အစမှအဆုံးအာခတ်ပြုသော အခြားအမှုအရာတို့ကို ယုဒရာဇဝင် နှင့်ဣသရေလရာဇဝင်တွင်ရေးထား သတည်း။- Garrad Bible အာ ခတ် မင်း အ စ အ ဆုံး ပြု မူ ကျင့် ကြံ သ မျှ အ ကြွင်း အ ကျန် သည်၊ ယု ဒ၊ ဣ သ ရေ လ ရာ ဇ ဝင် တွင် ရေး ထား လျက် ရှိ ၏။ Judson Bible အာခတ်ကျင့်ကြံပြုမူသော အမှုအရာကြွင်းလေမျှ အစအဆုံးတို့သည် ယုဒရာဇဝင်နှင့် ဣသရေလရာဇဝင်၌ ရေးထားလျက်ရှိ၏။ |
ရောဗောင်မင်းကြီးလက်ထက် အဖြစ်အပျက်အစအဆုံးကို ပရောဖက်ရှေမာယနှင့် ဗျာဒိတ်ရသူဣဒေါ၏မျိုးရိုးစဉ်ဆက်မှတ်တမ်းတွင် ရေးမှတ်ထား၏။ ရောဗောင်မင်းကြီးနှင့် ယေရောဗောင်မင်းကြီးတို့သည် အသက်ရှင်သမျှကာလပတ်လုံး အချင်းချင်းစစ်တိုက်ခဲ့ကြ၏။
ကျန်ရှိနေသောယောရှဖတ်မင်းကြီးလက်ထက် အဖြစ်အပျက်အစအဆုံးကို အစ္စရေးဘုရင်တို့၏ရာဇဝင်မှတ်တမ်းတွင်ပါဝင်သော ဟာနနိ၏သားယေဟု၏မှတ်တမ်းထဲတွင် ရေးမှတ်ထားလျက်ရှိ၏။
သူသည် သက်တော်သုံးဆယ့်နှစ်နှစ်တွင် နန်းတက်၍ ဂျေရုဆလင်မြို့၌ ရှစ်နှစ်စိုးစံ၏။ သူအနိစ္စရောက်သောအခါ မည်သူမျှဝမ်းမနည်း။ သူ့ကို ဒါဝိဒ်မြို့တွင် သင်္ဂြိုဟ်သော်လည်း ရှင်ဘုရင်တို့သင်္ချိုင်းတွင် မသင်္ဂြိုဟ်ကြပေ။
ယုဒပြည်ရှိ မြို့တိုင်းတွင် အခြားဘုရားတို့ကို နံ့သာပေါင်းမီးရှို့ပူဇော်ရန်အတွက် အထွတ်အမြတ်ထားရာနေရာတို့ကို တည်၏။ ဤသို့ဖြင့် ဘိုးဘေးတို့၏ဘုရားသခင်ထာဝရဘုရားကို အမျက်ထွက်စေ၏။