အာမဇိမင်းကြီးသည် ဧဒုံလူမျိုးတို့ကို ချေမှုန်းရာမှပြန်လာပြီးနောက် စိရပြည်သားတို့၏ဘုရားများကို ယူလာပြီး မိမိအဖို့ဘုရားအဖြစ် တည်ထား၏။ ထိုဘုရားများကို ကိုးကွယ်ပြီး နံ့သာပေါင်းကိုမီးရှို့ပူဇော်၏။
၂ ရာချုပ် 28:23 - မြန်မာ့စံမီသမ္မာကျမ်း သူက “ဆီးရီးယားဘုရင်၏ဘုရားတို့သည် သူတို့ကို ကူညီ၏။ ထိုဘုရားတို့ကို ယဇ်ပူဇော်လျှင် ငါ့ကိုလည်းကူညီလိမ့်မည်”ဟု တွေးလျက် သူ့ကို တိုက်ခိုက်နှိမ်နင်းခဲ့သောဒမတ်စကပ်မြို့သားတို့၏ဘုရားများကို ယဇ်ပူဇော်လေ၏။ သို့သော် ထိုဘုရားတို့သည် သူနှင့်အစ္စရေးတစ်မျိုးနွယ်လုံးကို ကျရှုံးစေ၏။ Common Language Bible သူသည်မိမိအားနှိမ်နင်းခဲ့သည့်အာရှုရိ အမျိုးသားတို့၏ဘုရားများကိုယဇ်ပူဇော် လေ၏။ သူက``အာရှုရိဘုရားတို့သည် အာရှုရိဘုရင်များကိုကူမကြ၏။ သို့ ဖြစ်၍သူတို့အားငါယဇ်ပူဇော်ပါက သူတို့သည် ငါ့ကိုလည်းကူမကောင်းကူမ ကြလိမ့်မည်'' ဟုဆို၏။ သို့ရာတွင်ထိုအမှု တို့သည် သူနှင့်သူ၏ပြည်သူတို့အပေါ် သို့ဘေးအန္တရာယ်ဆိုက်ရောက်စေလေသည်။- Judson Bible ငါ့ကိုဒဏ်ပေးသော ဒမာသက်မြို့၏ဘုရားတို့ကို ငါဆည်းကပ်မည်ဟူ၍လည်းကောင်း၊ ရှုရိရှင်ဘုရင် ကိုးကွယ်သော ဘုရားတို့သည် ကျေးဇူးပြုတတ်သောကြောင့်၊ ငါ၌လည်း ကျေးဇူးပြုစေခြင်းငှာ၊ ထိုဘုရားတို့အား ယဇ်ပူဇော်မည်ဟူ၍လည်းကောင်း ဆိုသော်လည်း၊ ထိုဘုရားတို့သည် အာခတ်မင်းနှင့် ဣသရေလအမျိုး အကျိုးနည်းစရာအကြောင်း ဖြစ်သတည်း။ |
အာမဇိမင်းကြီးသည် ဧဒုံလူမျိုးတို့ကို ချေမှုန်းရာမှပြန်လာပြီးနောက် စိရပြည်သားတို့၏ဘုရားများကို ယူလာပြီး မိမိအဖို့ဘုရားအဖြစ် တည်ထား၏။ ထိုဘုရားများကို ကိုးကွယ်ပြီး နံ့သာပေါင်းကိုမီးရှို့ပူဇော်၏။
ဆန့်ကျင်ပုန်ကန်သူနှင့် အပြစ်ကျူးလွန်သူတို့သည် အတူတကွဖျက်ဆီးခြင်းခံရမည်။ ထာဝရဘုရားကို စွန့်ခွာသောသူတို့သည် အပြီးသတ်သုတ်သင်ခြင်းခံရမည်။
လူမျိုးအပေါင်းတို့လက်မှ ထွက်ပြေးလွတ်မြောက်လာသောသူတို့၊ စုရုံး၍ လာကြလော့။ အတူတကွ ချဉ်းကပ်ကြလော့။ သစ်သားရုပ်တုဆင်းတုကို ဆောင်ထားသောသူ၊ မကယ်တင်နိုင်သောဘုရားထံ ဆုတောင်းသောသူတို့သည် အသိဉာဏ်မရှိ။
ထိုအရာသည် သခွားခင်းရှိ စာခြောက်ရုပ်နှင့်တူ၏။ စကားလည်းမပြောနိုင်။ လမ်းလည်းမလျှောက်နိုင်သဖြင့် ထမ်းသွားရ၏။ အန္တရာယ်မပေးနိုင်သလို ကောင်းကျိုးလည်း မပေးနိုင်သောကြောင့် ထိုအရာတို့ကို မကြောက်ကြနှင့်”ဟု မိန့်တော်မူ၏။
‘ဖိနပ်မပါဘဲမသွားနှင့်၊ အာခေါင်မခြောက်စေနှင့်’ဟု သတိပေးသော်လည်း သင်က ‘မမျှော်လင့်နှင့်။ သူစိမ်းကို ငါတကယ်ချစ်မိပြီဖြစ်၍ သူတို့နောက်သို့လိုက်တော့မည်’ဟု ဆို၏။
အို အစ္စရေးအမျိုး၊ သင့်ကိုကူညီမစသောအရှင်ဖြစ်သည့် ငါ့ကို ဆန့်ကျင်သောကြောင့် သင့်ကို ငါဖျက်ဆီးမည်။
သူသည် သူ့ချစ်သူတို့နောက်သို့လိုက်သော်လည်း မီမည်မဟုတ်။ သူတို့ကိုရှာသော်လည်း တွေ့မည်မဟုတ်။ ထိုအခါ သူက ‘ယခင်ယောက်ျားထံ ပြန်သွားမည်၊ သူသည် အခြားသူတို့ထက် ပိုကောင်း၏’ဟု ဆိုလိမ့်မည်။
လေအဟုန်ကဲ့သို့ ချီတက်တိုက်ခိုက်ကြ၏။ သူတို့၏ခွန်အားကို သူတို့၏ဘုရားဟု မှတ်ယူကြ၏။ စင်စစ် သူတို့သည် အပြစ်ဒဏ်ကို ခံရမည်။”