ဘုရားသခင်ကလည်း “သင့်မှာအဝတ်မပါအချည်းစည်းဖြစ်သည်ဟု မည်သူပြောသနည်း။ မစားရဟု သင့်အား ငါပညတ်ထားသောအပင်မှအသီးကို သင်စားပြီလော”ဟု မေးတော်မူ၏။
၂ ရာချုပ် 28:19 - မြန်မာ့စံမီသမ္မာကျမ်း အစ္စရေးဘုရင်အာခတ်မင်းကြီးကြောင့် ယုဒပြည်သားတို့သည် ထာဝရဘုရားအပေါ် သစ္စာမရှိ ဖောက်ပြန်မှားယွင်း၍ အထိန်းအကွပ်မဲ့ပြုမူကြ၏။ ထို့ကြောင့် ထာဝရဘုရားသည် ယုဒပြည်ကို နှိမ့်ချတော်မူ၏။ Common Language Bible ယုဒဘုရင်အာခတ်သည်ပြည်သူတို့အား အခွင့်အရေးများဆုံးရှုံးစေလျက် ထာဝရ ဘုရားကိုသစ္စာဖောက်သဖြင့်ထာဝရဘုရား သည် ယုဒပြည်ကိုဒုက္ခရောက်စေတော်မူ၏။- Judson Bible ယုဒရှင်ဘုရင်အာခတ်ကြောင့် ထာဝရဘုရားသည် ယုဒပြည်ကို အလွန်နှိမ့်ချ၏။ ထိုမင်းသည် ယုဒပြည်၏ အဝတ်တန်ဆာကိုချွတ်၍၊ ထာဝရဘုရားကို ကြမ်းတမ်းစွာ ပြစ်မှား၏။ |
ဘုရားသခင်ကလည်း “သင့်မှာအဝတ်မပါအချည်းစည်းဖြစ်သည်ဟု မည်သူပြောသနည်း။ မစားရဟု သင့်အား ငါပညတ်ထားသောအပင်မှအသီးကို သင်စားပြီလော”ဟု မေးတော်မူ၏။
ထိုအခါ ထိုသူနှစ်ဦးစလုံးသည် မျက်စိပွင့်လင်း၍ မိမိတို့၌ အဝတ်မပါအချည်းစည်းဖြစ်သည်ကို သိသွားသဖြင့် သူတို့သည် သဖန်းရွက်များကိုသီချုပ်လျက် မိမိတို့အတွက် ခါးဝတ်တန်ဆာကို ပြုလုပ်ကြ၏။
ယေရောဗောင်မင်းကြီးသည် ကိုယ်တိုင်အပြစ်ပြုသည်သာမက အစ္စရေးလူမျိုးတို့ကိုပါ အပြစ်ပြုစေသောအပြစ်များကြောင့် ကိုယ်တော်သည် အစ္စရေးလူမျိုးကို စွန့်ပစ်တော်မူမည်”ဟု သူ့အား ဆိုလေ၏။
ဧလိယက “အစ္စရေးလူမျိုးကို ဒုက္ခပေးသူမှာ ငါမဟုတ်။ ထာဝရဘုရား၏ပညတ်ချက်တို့ကို စွန့်ပယ်ပြီး ဗာလဘုရားနောက်သို့လိုက်သော သင်နှင့်သင့်ဘိုးဘေးတို့၏အမျိုးအနွယ်များပင် ဖြစ်၏။
ယောရှဖတ်မင်းကြီး၏သားတော်ယဟောရံတွင် အာဇရိ၊ ယေဟေလ၊ ဇာခရိ၊ အာဇရိ၊ မိက္ခေလ၊ ရှေဖတိ စသောညီအစ်ကိုများ ရှိ၏။ ဤသူအားလုံးသည် အစ္စရေးဘုရင်ယောရှဖတ်မင်းကြီး၏သားတော်များ ဖြစ်၏။
အာခတ်နန်းတက်သောအခါ သက်တော်နှစ်ဆယ်ရှိပြီး ဂျေရုဆလင်မြို့တွင် တစ်ဆယ့်ခြောက်နှစ်စိုးစံ၏။ သူသည် သူ၏ဘိုးဘေးဒါဝိဒ်မင်းကြီးကဲ့သို့ မပြုကျင့်။ ထာဝရဘုရားရှေ့တော်တွင် ဖြောင့်မှန်စွာမပြုကျင့်ဘဲ
ထို့ပြင် အထွတ်အမြတ်ထားရာနေရာများ၊ တောင်ကုန်းပေါ်နှင့် စိမ်းလန်းသောသစ်ပင်အောက်တို့တွင် ယဇ်ပူဇော်၍ နံ့သာပေါင်းကိုလည်း မီးရှို့ပူဇော်၏။
သို့သော် မနာရှေမင်းကြီးသည် ယုဒပြည်သူဂျေရုဆလင်မြို့သားတို့ကို လမ်းလွဲစေ၍ အစ္စရေးအမျိုးသားတို့ရှေ့တွင် ထာဝရဘုရား ဖျက်ဆီးတော်မူခဲ့သည့်လူမျိုးခြားတို့ထက် မကောင်းမှုကိုပြုစေခဲ့၏။
မောက်မာသောသူတို့ကို နှိမ့်ချကြည့်လိုက်ပါ။ လူယုတ်မာတို့ကို သူတို့ရှိသောနေရာတွင်ပင် နင်းချေလိုက်ပါ။
အာရုန်ကြောင့် ထိုသူတို့သည် ရန်သူတို့ကဲ့ရဲ့စရာဖြစ်အောင် အထိန်းအကွပ်မရှိပြုမူကြ၏။ ထိုသို့အထိန်းအကွပ်မရှိပြုမူနေကြသောလူတို့ကို မောရှေတွေ့မြင်သောအခါ
ဖြောင့်မတ်ခြင်းသည် တိုင်းပြည်ကိုချီးမြှောက်တတ်၏။ အပြစ်မူကား တိုင်းသူပြည်သားတို့ကို အရှက်ကွဲစေတတ်၏။
လူ၏မာန်မာနသည် သူ့ကိုနိမ့်ကျစေတတ်၏။ စိတ်နှိမ့်ချသောသူမူကား ဂုဏ်သရေကိုရလိမ့်မည်။
ဧဖရိမ်သည် ရုပ်တုနောက်သို့ ကောက်ကောက်ပါအောင်လိုက်သောကြောင့် နှိပ်စက်ခြင်းကိုခံရ၍ တရားစီရင်ခြင်းကြောင့် ကျိုးပဲ့ကြေမွလေပြီ။
ဤသည်ကား တစ်စုံတစ်ယောက်သည် ထာဝရဘုရားကိုပြစ်မှားမိသည့်အတွက် အပြစ်ဒဏ်ဖြေရာယဇ်ဖြစ်၏”ဟု မိန့်တော်မူ၏။
ဩမရိမင်းကြီး၏ဥပဒေသအတိုင်း၊ အာဟပ်မင်းမျိုး၏အပြုအမူအတိုင်း သင်တို့ လိုက်လျှောက်ကြ၏။ သူတို့၏အကျင့်အကြံအတိုင်း လိုက်လျှောက်သောကြောင့် သင့်ကို ပျက်စီးခြင်းလက်သို့ ငါပေးအပ်လိုက်၏။ မြို့သားတို့သည် ကဲ့ရဲ့စရာဖြစ်ရလိမ့်မည်။ သင်တို့သည် ငါ့လူမျိုးတော်၏ကဲ့ရဲ့ပြစ်တင်ခြင်းကို ခံရလိမ့်မည်။”
သင့်တွင်ရှိသော တိုင်းတစ်ပါးသားတို့သည် သင့်ထက် မြင့်သည်ထက်မြင့်သွားလိမ့်မည်။ သင်မူကား နိမ့်သည်ထက်နိမ့်သွားလိမ့်မည်။
(ကြည့်ရှုလော့။ ငါသည် သူခိုးကဲ့သို့လာမည်။ အဝတ်မပါအချည်းစည်းဖြင့်သွားလာ၍ မိမိအရှက်ကို လူတို့မြင်ရသည့်အဖြစ်မျိုးမရှိစေရန် မိမိအဝတ်များကိုထိန်းသိမ်းလျက် သတိနှင့်စောင့်နေသောသူသည် မင်္ဂလာရှိ၏။)
ထာဝရဘုရားသည် ဆင်းရဲစေနိုင်၏။ ချမ်းသာစေနိုင်၏။ နိမ့်ကျစေနိုင်၏။ ချီးမြှောက်ပေးနိုင်၏။