ထိုနေ့ရက်တွင် ကြွင်းကျန်သောအစ္စရေးလူမျိုးနှင့် အသက်ဘေးလွတ်သောယာကုပ်အမျိုးအနွယ်တို့သည် မိမိတို့အား ရိုက်နှက်သောသူကို နောက်တစ်ဖန်မကိုးစားတော့ဘဲ အစ္စရေးလူမျိုး၏သန့်ရှင်းသောအရှင် ထာဝရဘုရားကို အမှန်ပင်ကိုးစားကြလိမ့်မည်။
၂ ရာချုပ် 28:16 - မြန်မာ့စံမီသမ္မာကျမ်း ထိုအချိန်တွင် အာခတ်မင်းကြီးသည် အဆီးရီးယားဘုရင်ထံ လူလွှတ်၍စစ်ကူတောင်း၏။ Common Language Bible ဧဒုံအမျိုးသားတို့သည်ယုဒပြည်ကိုတစ်ဖန် လာရောက်တိုက်ခိုက်ကာ သုံ့ပန်းအမြောက်အမြား ကိုဖမ်းဆီးခေါ်ဆောင်သွားသဖြင့် အာခတ်မင်း သည်အာရှုရိဘုရင်ထံအကူအညီတောင်း ခံလေသည်။- Garrad Bible ထို ကာ လ၊ ယု ဒ အ မျိုး ကို ပေါက် လွတ် ထား လျက်၊ ထာ ဝ ရ ဘု ရား သ စ္စာ တော် ဖောက် ကျော် သော အာ ခတ် မင်း အ တွက်၊ ယု ဒ လူ မျိုး အား ထာ ဝ ရ ဘု ရား နှိမ့် ချ တော် မူ သည် နှင့် အ ညီ၊ ဧ ဒုံ တပ် တို့ သည်၊ ယု ဒ ပြည် သို့ ချီ တက် တိုက် ခိုက်၍၊ လူ အ များ သုံ့ ဘမ်း သိမ်း သွား သော ကြောင့် လည်း ကောင်း၊ ဖိ လိ တ္တိ တပ် တို့ သည်၊ ယု ဒ ပြည်၊ ရှ ဖေ လာ ခ ရိုင်၊ နေ ဂပ် ခ ရိုင် ရှိ မြို့ ရွာ များ တွင် အ နု ကြမ်း စီး လျက် ဗက် ရှေ မက်၊ အာ ယ လုန်၊ ဂ ဒေ ရုတ် မြို့ များ မှ စ၍၊ စော ခေါ၊ တိ မ နတ်၊ ဂိ မ ဇော မြို့ များ နှင့်၊ ဆိုင် ရာ နိ ဂုံး များ ပါ၊ သိမ်း ယူ နေ ထိုင် ကြ သော ကြောင့် လည်း ကောင်း၊ အာ ခတ် မင်း သည် အာ ရှု ရိ ဘု ရင် ထံ ရာ ဇ သံ စေ လွှတ်၍ စစ် ကူ တောင်း သည့် အ တိုင်း၊ Judson Bible ထိုအခါ အာရှုရိရှင်ဘုရင်လာ၍ကူမစေခြင်းငှာ၊ အာခတ်မင်းကြီးသည် သံတမန်ကို စေလွှတ်လေ၏။ |
ထိုနေ့ရက်တွင် ကြွင်းကျန်သောအစ္စရေးလူမျိုးနှင့် အသက်ဘေးလွတ်သောယာကုပ်အမျိုးအနွယ်တို့သည် မိမိတို့အား ရိုက်နှက်သောသူကို နောက်တစ်ဖန်မကိုးစားတော့ဘဲ အစ္စရေးလူမျိုး၏သန့်ရှင်းသောအရှင် ထာဝရဘုရားကို အမှန်ပင်ကိုးစားကြလိမ့်မည်။
ထာဝရဘုရားသည် အဆီးရီးယားဘုရင်ကို သင့်ထံသို့လည်းကောင်း၊ သင့်လူမျိုးထံသို့လည်းကောင်း၊ သင့်ဖခင်၏အမျိုးအနွယ်ထံသို့လည်းကောင်း ခေါ်ဆောင်လာတော်မူမည်ဖြစ်၍ ယုဒအမျိုးထံမှ ဧဖရိမ်အမျိုးထွက်သွားသောနေ့မှစ၍ မကြုံဖူးသောနေ့ရက်များကို သင်တို့ကြုံရလိမ့်မည်။
ယခု ရှိဟောရမြစ်ရေကိုသောက်ဖို့ အီဂျစ်ပြည်သို့ သင်သွားသည်မှာ အဘယ်အတွက်နည်း။ ယူဖရေးတီးမြစ်ရေကိုသောက်ဖို့ အဆီးရီးယားပြည်သို့ သင်သွားသည်မှာ အဘယ်အတွက်နည်း။
သင်သည် အဘယ်ကြောင့် ဤမျှလောက်လှည့်လည်သွားလာ၍ သင်၏အပြုအမူကို ပြောင်းလဲရသနည်း။ အဆီးရီးယားပြည်အားဖြင့် အရှက်ကွဲရသကဲ့သို့ အီဂျစ်ပြည်အားဖြင့် အရှက်ကွဲရလိမ့်မည်။
သင်သည် မရောင့်ရဲနိုင်ဘဲ အဆီးရီးယားပြည်သားတို့နှင့်လည်း ဖောက်ပြန်မှားယွင်းသေး၏။ ထိုသို့ သူတို့နှင့်ဖောက်ပြန်မှားယွင်းသည့်တိုင် သင်သည် အားရကျေနပ်ခြင်းမရှိ။
ဧဖရိမ်သည် မိမိရောဂါကို မြင်၍ ယုဒသည်လည်း မိမိဒဏ်ရာကို မြင်သောအခါ ဧဖရိမ်သည် အဆီးရီးယားသို့ သွား၏။ ယာရက်မင်းကြီးထံသို့ လူလွှတ်၏။ သို့သော် ထိုဘုရင်သည် သင်တို့ကို မကျန်းမာစေနိုင်၊ မကုသပေးနိုင်။