Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




၂ ရာ​ချုပ် 28:16 - Common Language Bible

16-17 ဧ​ဒုံ​အ​မျိုး​သား​တို့​သည်​ယု​ဒ​ပြည်​ကို​တစ်​ဖန် လာ​ရောက်​တိုက်​ခိုက်​ကာ သုံ့​ပန်း​အ​မြောက်​အမြား ကို​ဖမ်း​ဆီး​ခေါ်​ဆောင်​သွား​သ​ဖြင့် အာ​ခတ်​မင်း သည်​အာ​ရှု​ရိ​ဘု​ရင်​ထံ​အ​ကူ​အ​ညီ​တောင်း ခံ​လေ​သည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

16-19 ထို ကာ လ၊ ယု ဒ အ မျိုး ကို ပေါက် လွတ် ထား လျက်၊ ထာ ဝ ရ ဘု ရား သ စ္စာ တော် ဖောက် ကျော် သော အာ ခတ် မင်း အ တွက်၊ ယု ဒ လူ မျိုး အား ထာ ဝ ရ ဘု ရား နှိမ့် ချ တော် မူ သည် နှင့် အ ညီ၊ ဧ ဒုံ တပ် တို့ သည်၊ ယု ဒ ပြည် သို့ ချီ တက် တိုက် ခိုက်၍၊ လူ အ များ သုံ့ ဘမ်း သိမ်း သွား သော ကြောင့် လည်း ကောင်း၊ ဖိ လိ တ္တိ တပ် တို့ သည်၊ ယု ဒ ပြည်၊ ရှ ဖေ လာ ခ ရိုင်၊ နေ ဂပ် ခ ရိုင် ရှိ မြို့ ရွာ များ တွင် အ နု ကြမ်း စီး လျက် ဗက် ရှေ မက်၊ အာ ယ လုန်၊ ဂ ဒေ ရုတ် မြို့ များ မှ စ၍၊ စော ခေါ၊ တိ မ နတ်၊ ဂိ မ ဇော မြို့ များ နှင့်၊ ဆိုင် ရာ နိ ဂုံး များ ပါ၊ သိမ်း ယူ နေ ထိုင် ကြ သော ကြောင့် လည်း ကောင်း၊ အာ ခတ် မင်း သည် အာ ရှု ရိ ဘု ရင် ထံ ရာ ဇ သံ စေ လွှတ်၍ စစ် ကူ တောင်း သည့် အ တိုင်း၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

16 ထို​အ​ခါ အာ​ရှု​ရိ​ရှင်​ဘု​ရင်​လာ၍​ကူ​မ​စေ​ခြင်း​ငှာ၊ အာ​ခတ်​မင်း​ကြီး​သည် သံ​တ​မန်​ကို စေ​လွှတ်​လေ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

16 ထို​အချိန်​တွင် အာခတ်​မင်းကြီး​သည် အဆီးရီးယား​ဘုရင်​ထံ လူ​လွှတ်​၍​စစ်ကူတောင်း​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ




၂ ရာ​ချုပ် 28:16
8 ပူးပေါင်းရင်းမြစ်များ  

အ​သက်​မ​သေ​ဘဲ​ကျန်​ရှိ​နေ​ကြ​သည့်​ဣ​သ ရေ​လ​ပြည်​သူ​တို့​သည် မိ​မိ​တို့​အား​လုံး​နည်း ပါး​သုတ်​သင်​ဖျက်​ဆီး​ခဲ့​သည့်​လူ​မျိုး​ကို အား မ​ကိုး​တော့​မည့်​အ​ချိန်​ကာ​လ​ကျ​ရောက်​လာ လိမ့်​မည်။ သူ​တို့​သည်​ဣ​သ​ရေ​လ​အ​မျိုး​သား တို့​၏​သန့်​ရှင်း​မြင့်​မြတ်​တော်​မူ​သော ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ကို​အ​မှန်​တ​ကယ် ယုံ​ကြည်​ကိုး​စား​ကြ​လိမ့်​မည်။-


``ဣ​သ​ရေ​လ​နှင့်​ယု​ဒ​နှစ်​ခြမ်း​ကွဲ​ချိန်​မှ​အ​စ ပြု​၍ မ​ကြုံ​ဘူး​သေး​သော​ဘေး​ဒုက္ခ​များ​ကို ထာ​ဝ​ရ​ဘု​ရား​သည် သင်​နှင့်​သင်​၏​ပြည်​သူ​တို့ အ​ပေါ်​သို့​လည်း​ကောင်း၊ မင်း​ဆွေ​မင်း​မျိုး​မှန် သ​မျှ​အ​ပေါ်​သို့​လည်း​ကောင်း​သက်​ရောက်​စေ တော်​မူ​လိမ့်​မည်။ ကိုယ်​တော်​သည်​အာ​ရှု​ရိ ဘု​ရင်​ကို​ခေါ်​ဆောင်​လာ​တော်​မူ​ပေ​အံ့။


ယ​ခု​သင်​သည်​နိုင်း​မြစ်​ရေ​သောက်​ရန်​အီ​ဂျစ်​ပြည်​သို့ သွား​ခြင်း​ဖြင့်​အ​ကျိုး​ရှိ​မည်​ဟု​ထင်​သ​လော။ ဥ​ဖ​ရတ်​မြစ်​ရေ​သောက်​ရန်​အာ​ရှု​ရိ​ပြည်​သို့ သွား​ခြင်း​ဖြင့်​အ​ကျိုး​ရှိ​မည်​ဟု​ထင်​သ​လော။


သင်​တို့​သည်​အ​ခြား​နိုင်​ငံ​ဘု​ရား​များ​ဆည်း ကပ်​သော​အား​ဖြင့်၊ မိ​မိ​ကိုယ်​ကို​တန်​ဖိုး​ကျ စေ​သည့်​အာ​ရှု​ရိ​ပြည်​သည်​သင့်​အား​အ​ကူ အ​ညီ​ပေး​ရန်​ပျက်​ကွက်​သ​ကဲ့​သို့ အီ​ဂျစ် ပြည်​သည်​လည်း​ပျက်​ကွက်​လိမ့်​မည်။-


``အ​လို​မ​ပြည့်​နိုင်​သ​ဖြင့်​သင်​သည်​အာ​ရှု​ရိ အ​မျိုး​သား​တို့​နှင့်​မှား​ယွင်း​ပြန်​၏။ သို့​ရာ တွင်​သင်​၏​အ​လို​မ​ပြည့်​နိုင်​သေး။-


``ဣ​သ​ရေ​လ​နိုင်​ငံ​သည်​မိ​မိ​၏​အ​နာ ရော​ဂါ​ကို​လည်း​ကောင်း၊ ယု​ဒ​နိုင်​ငံ​သည် မိ​မိ​၏​ဒဏ်​ရာ​ဒဏ်​ချက်​များ​ကို​လည်း ကောင်း​မြင်​ရ​သော​အ​ခါ ဣ​သ​ရေ​လ​နိုင်​ငံ သည်​အာ​ရှု​ရိ​နိုင်​ငံ​ဧ​က​ရာဇ်​မင်း​ထံ​သွား ၍​အ​ကူ​အ​ညီ​တောင်း​၏။ သို့​ရာ​တွင် ဧ​က​ရာဇ်​မင်း​သည်​သူ​တို့​၏​ရော​ဂါ ကို မ​ကု​သ​မ​ပျောက်​ကင်း​စေ​နိုင်။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ