ထို့ကြောင့် စစ်သည်တို့သည် သုံ့ပန်းများနှင့်တိုက်ရာပါပစ္စည်းများကို အကြီးအကဲများနှင့် လူထုတစ်ရပ်လုံးထံ အပ်နှံလိုက်ကြ၏။
သို့ဖြစ်၍တပ်မတော်သားတို့သည်ပြည် သူများနှင့် ခေါင်းဆောင်များလက်သို့သုံ့ပန်း များနှင့်လက်ရပစ္စည်းများကိုပေးအပ် လိုက်ကြ၏။-
သုံ့ ဘမ်း လူ နှင့် လက် ရ ဥ စ္စာ များ ကို၊ မှူး တော် မတ် တော် မှ စ သော လူ ပ ရိ သတ် တို့ ရှေ့ ထား ခဲ့ ကြ လေ ၏။
စစ်သူရဲတို့သည် သိမ်းယူခဲ့သောလူများနှင့် လုယူခဲ့သောဥစ္စာများကို မင်းတို့ရှေ့၊ ပရိသတ်တို့ရှေ့မှာ ထားကြ၏။
“စစ်သုံ့ပန်းတို့ကို ဤနေရာသို့ မခေါ်လာကြပါနှင့်။ ငါတို့သည် ထာဝရဘုရားကိုပြစ်မှား၍ ငါတို့၏အပြစ်ပေါ်အပြစ်ထပ်တင်ရန် သင်တို့ကြံရွယ်နေကြပါသည်တကား။ ငါတို့အပြစ်ကြီးမားလွန်းသောကြောင့် အစ္စရေးလူမျိုးကို အမျက်တော်ပြင်းထန်စွာထွက်လျက် ရှိ၏”ဟု ဆိုကြ၏။
ထိုအခါ နာမည်နှင့်တကွတာဝန်ရှိသူတို့သည် ထ၍ စစ်သုံ့ပန်းများကိုခေါ်ပြီး အဝတ်မရှိသူတို့အား တိုက်ရာပါပစ္စည်းများထဲမှအဝတ်များကိုဝတ်စေ၏။ အဝတ်အစားများ၊ ဖိနပ်များ၊ အစားအသောက်များ၊ လိမ်းစရာဆီများ စသည်တို့ကိုလည်းပေး၏။ အားမရှိသောသူတို့ကိုလည်း မြည်းပေါ်တင်ကာ သူတို့၏ဆွေမျိုးသားချင်းတို့ရှိရာ စွန်ပလွံမြို့ ခေါ် ဂျေရိခေါမြို့သို့ ပြန်ပို့ပြီးမှ ရှမာရိမြို့သို့ ပြန်လာကြ၏။
သူတို့ကလည်း “အကျွန်ုပ်တို့ ပြန်ပေးပါမည်။ သူတို့ထံမှ ထပ်မတောင်းတော့ပါ။ သင်ဆိုသည့်အတိုင်း ပြုပါမည်”ဟု ဆိုကြသဖြင့် ငါသည် ယဇ်ပုရောဟိတ်တို့ကို ခေါ်၍ ထိုသူတို့အား သူတို့၏ကတိအတိုင်းပြုရန် ကျိန်ဆိုစေ၏။