၂ ရာချုပ် 28:14 - Common Language Bible14 သို့ဖြစ်၍တပ်မတော်သားတို့သည်ပြည် သူများနှင့် ခေါင်းဆောင်များလက်သို့သုံ့ပန်း များနှင့်လက်ရပစ္စည်းများကိုပေးအပ် လိုက်ကြ၏။- အခန်းကိုကြည့်ပါ။Garrad Bible14 သုံ့ ဘမ်း လူ နှင့် လက် ရ ဥ စ္စာ များ ကို၊ မှူး တော် မတ် တော် မှ စ သော လူ ပ ရိ သတ် တို့ ရှေ့ ထား ခဲ့ ကြ လေ ၏။ အခန်းကိုကြည့်ပါ။Judson Bible14 စစ်သူရဲတို့သည် သိမ်းယူခဲ့သောလူများနှင့် လုယူခဲ့သောဥစ္စာများကို မင်းတို့ရှေ့၊ ပရိသတ်တို့ရှေ့မှာ ထားကြ၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း14 ထို့ကြောင့် စစ်သည်တို့သည် သုံ့ပန်းများနှင့်တိုက်ရာပါပစ္စည်းများကို အကြီးအကဲများနှင့် လူထုတစ်ရပ်လုံးထံ အပ်နှံလိုက်ကြ၏။ အခန်းကိုကြည့်ပါ။ |
ပြည်သူတို့သည်သုံ့ပန်းများအားလက်ရ ပစ္စည်းများထဲက အဝတ်အစားဝေငှပေးရေး အတွက်အကြီးအကဲလေးဦးကိုခန့်ကြ ၏။ အကြီးအကဲတို့သည်သုံ့ပန်းများဝတ် ဆင်ရန်အဝတ်အစားများ၊ ဖိနပ်များနှင့် စားရန်အစားအစာအလုံအလောက်ကို ပေး၍ သူတို့၏ဒဏ်ရာများကိုသံလွင်ဆီ နှင့်လိမ်းပေးကြ၏။ အားနည်းသူတို့ကို မြည်းစီးစေလျက် ယုဒနယ်မြေရှိစွန် ပလွံမြို့ခေါ်ယေရိခေါမြို့သို့အရောက် ပို့ကြ၏။ ထိုနောက်ဣသရေလအမျိုး သားတို့သည်ရှမာရိမြို့သို့ပြန်ကြ၏။
ခေါင်းဆောင်များက``အကျွန်ုပ်တို့သည်အရှင် ပြောဆိုသည့်အတိုင်းပြုပါမည်။ ထိုသူတို့ ၏ဥစ္စာပစ္စည်းများကိုပြန်လည်ပေးအပ်ကြ ပါမည်။ အကြွေးများကိုလည်းတောင်းခံမှု ပြုကြတော့မည်မဟုတ်ပါ'' ဟုပြန်ပြော ကြ၏။ ငါသည်ယဇ်ပုရောဟိတ်များကိုခေါ်ယူကာ သူတို့၏ရှေ့တွင်ခေါင်းဆောင်တို့အား မိမိတို့ ကတိအတိုင်းပြုလုပ်ကြရန်ကျိန်ဆိုစေ၏။-