ခမည်းတော်သည် ဘိုးဘေးတို့နှင့်အတူအိပ်ပျော်ပြီးနောက် ဩဇိမင်းကြီးသည် ဧလတ်မြို့ကို ပြန်လည်တည်ဆောက်ပြီး ယုဒပြည်အပိုင်ဖြစ်စေ၏။
၂ ရာချုပ် 26:3 - မြန်မာ့စံမီသမ္မာကျမ်း ဩဇိနန်းတက်သောအခါ သက်တော်တစ်ဆယ့်ခြောက်နှစ်သာ ရှိသေး၏။ ဂျေရုဆလင်မြို့တွင် ငါးဆယ့်နှစ်နှစ် စိုးစံ၏။ မယ်တော်ကား ဂျေရုဆလင်မြို့သူ ယေခေါလိအမည်ရှိ၏။ Common Language Bible သြဇိသည်အသက်တစ်ဆယ့်ခြောက်နှစ်၌ နန်းတက်၍ ယေရုရှလင်မြို့တွင်ငါးဆယ့် နှစ်နှစ်တိုင်တိုင်နန်းစံလေသည်။ သူ၏မယ် တော်မှာယေရုရှလင်မြို့သူယေခေါလိ ဖြစ်၏။- Garrad Bible ဩ ဇိ မင်း သည်၊ အိမ် နိမ့် ဆယ့် ခြောက် နှစ် ရှိ သော်၊ နန်း တက် ၍၊ ယေ ရု ရှ လင် မြို့၌၊ ငါး ဆယ့် နှစ် နှစ် စိုး စံ လေ ၏။ မယ် တော့် အ မည် ကား၊ ယေ ရု ရှ လင် မြို့ သူ ယေ ခေါ လိ တည်း။ Judson Bible ဩဇိသည် အသက်တစ်ဆယ်ခြောက်နှစ်ရှိသော်၊ နန်းထိုင်၍ ယေရုရှလင်မြို့၌ ငါးဆယ်နှစ်နှစ် စိုးစံလေ၏။ မယ်တော်ကား၊ ယေရုရှလင်မြို့သူ ယေခေါလိအမည်ရှိ၏။ |
ခမည်းတော်သည် ဘိုးဘေးတို့နှင့်အတူအိပ်ပျော်ပြီးနောက် ဩဇိမင်းကြီးသည် ဧလတ်မြို့ကို ပြန်လည်တည်ဆောက်ပြီး ယုဒပြည်အပိုင်ဖြစ်စေ၏။
ဩဇိမင်းကြီးသည် ခမည်းတော်အာမဇိမင်းကြီးပြုကျင့်သမျှအတိုင်း ထာဝရဘုရားရှေ့တော်တွင် ဖြောင့်မှန်စွာပြုကျင့်၏။
ယုဒဘုရင် ဩဇိမင်းကြီး၊ ယောသံမင်းကြီး၊ အာခတ်မင်းကြီး၊ ဟေဇကိမင်းကြီး လက်ထက်၌ ယုဒပြည်၊ ဂျေရုဆလင်မြို့နှင့်ပတ်သက်၍ အာမုတ်၏သားဟေရှာယ မြင်ရသောဗျာဒိတ်နိမိတ်။
ဩဇိမင်းကြီးအနိစ္စရောက်သောနှစ်၌ ဘုရားရှင်သည် မြင့်မြတ်ထည်ဝါသောပလ္လင်ပေါ်တွင် ထိုင်နေတော်မူသည်ကို ငါမြင်၏။ ကိုယ်တော်၏ဝတ်ရုံတော်အနားစွန်းသည် ဗိမာန်တော်အပြည့်ဖုံးနေ၏။
ယုဒဘုရင် ဩဇိမင်းကြီး၊ ယောသံမင်းကြီး၊ အာခတ်မင်းကြီး၊ ဟေဇကိမင်းကြီးလက်ထက်၊ အစ္စရေးဘုရင် ယောရှသားယေရောဗောင်မင်းကြီးလက်ထက်တွင် ထာဝရဘုရား၏နှုတ်ကပတ်တော်သည် ဗေရိ၏သားဟောရှေထံသို့ ရောက်လာ၏။
ယုဒဘုရင်ဩဇိမင်းကြီးလက်ထက်နှင့် ယောရှ၏သား အစ္စရေးဘုရင်ယေရောဗောင်မင်းကြီးလက်ထက် ငလျင်မလှုပ်မီ နှစ်နှစ်တွင် တေကောမြို့သား သိုးထိန်းအာမုတ်သည် အစ္စရေးပြည်နှင့်ပတ်သက်၍ မြင်ရသည့်အတိုင်း ဆင့်ဆိုသောစကားမှာ ဤသို့ဖြစ်၏။
ဤတောင်ကြားချိုင့်ဝှမ်းလွင်ပြင်သည် အာဇေလအရပ်တိုင်အောင် ရောက်လိမ့်မည်။ ယုဒဘုရင်ဩဇိမင်းကြီးလက်ထက် ငလျင်လှုပ်သဖြင့် သင်တို့ထွက်ပြေးရသကဲ့သို့ ယခုလည်း တောင်ကြားချိုင့်ဝှမ်းလွင်ပြင်အတိုင်း သင်တို့ ထွက်ပြေးရလိမ့်မည်။ ငါ၏ဘုရားသခင်ထာဝရဘုရားသည်လည်း မိမိသန့်ရှင်းသူအပေါင်းတို့နှင့်အတူ ကြွလာတော်မူလိမ့်မည်။