ထိုအချိန်တွင် မြို့တံခါးဝ၌ အနာကြီးရောဂါစွဲနေသူလူလေးယောက်ရှိ၏။ သူတို့က “ငါတို့သည် အဘယ်ကြောင့် သေသည်အထိ ဤနေရာမှာထိုင်နေရမည်နည်း။
၂ ရာချုပ် 26:21 - မြန်မာ့စံမီသမ္မာကျမ်း ဤသို့ဖြင့် ဩဇိမင်းကြီးသည် သေသည်အထိ အနာကြီးရောဂါစွဲကပ်လေ၏။ ထိုသို့ အနာကြီးရောဂါစွဲသောကြောင့်လည်း သီးခြားနန်းဆောင်တွင် စံမြန်းရ၏။ ထာဝရဘုရား၏အိမ်တော်မှလည်း ဖယ်ထုတ်ခြင်းခံရ၏။ သားတော်ယောသံသည် နန်းတွင်းကိုအုပ်စိုး၍ တိုင်းသူပြည်သားလူအပေါင်းတို့ကို စီရင်အုပ်ချုပ်ရလေ၏။ Common Language Bible သြဇိမင်းသည်ထိုအချိန်မှစ၍သေသည် တိုင်အောင် ဤရောဂါကြောင့်ဘာသာရေးထုံး နည်းအရမသန့်စင်သူဖြစ်လာလေသည်။ သူသည်ဗိမာန်တော်သို့နောက်တစ်ဖန်ပြန် လည်ဝင်ရောက်ခွင့်မရတော့သဖြင့် သားတော် ယောသံအားမိမိ၏တာဝန်ဝတ္တရားများ ကိုလွှဲပြောင်းပေးအပ်လိုက်ရ၏။ တိုင်းပြည် ကိုသားတော်အုပ်စိုးလျက်နေစဉ် သူသည် မိမိ၏အိမ်တော်၌သာနေထိုင်ရလေသည်။ Garrad Bible ဩ ဇိ မင်း သည်၊ အ သက် ထက် ဆုံး၊ နူ နာ စွဲ သည့် အ တွက်၊ ဗိ မာန် တော် ထဲ သို့ ဝင် ခွင့် မ ရ ဘဲ၊ စံ နန်း ဆောင် တွင် သီး ခြား စံ နေ ရ လျှင်၊ သား တော် ယော သံ သည်၊ နန်း တော်၊ နိုင် ငံ တော် ကို အုပ် စိုး စီ ရင် ရ ၏။ Judson Bible ထိုသို့ ဩဇိမင်းကြီးသည် သေသည်တိုင်အောင် နူနာစွဲ၍၊ ခြားနားသောနန်း၌ နေရ၏။ ဗိမာန်တော်သို့ ဝင်သောအခွင့်ကို မရ။ သားတော်ယောသံသည် နန်းတော်ကိုအုပ်စိုး၍ နိုင်ငံတော်မှုကိုစီရင်ရ၏။ |
ထိုအချိန်တွင် မြို့တံခါးဝ၌ အနာကြီးရောဂါစွဲနေသူလူလေးယောက်ရှိ၏။ သူတို့က “ငါတို့သည် အဘယ်ကြောင့် သေသည်အထိ ဤနေရာမှာထိုင်နေရမည်နည်း။
ယဇ်ပုရောဟိတ်မင်းအာဇရိနှင့် ယဇ်ပုရောဟိတ်အပေါင်းတို့သည် သူ့ကိုကြည့်နေစဉ်တွင်ပင် သူ့နဖူး၌ အနာကြီးရောဂါစွဲနေသည်ကိုမြင်လျှင် သူ့ကို ထိုနေရာမှချက်ချင်းနှင်ထုတ်လိုက်၏။ ထာဝရဘုရား ဒဏ်ခတ်တော်မူသဖြင့် ဩဇိမင်းကြီးလည်း ချက်ချင်းထွက်သွားလေ၏။
ယောသံနန်းတက်သောအခါ သက်တော်နှစ်ဆယ့်ငါးနှစ်ရှိပြီး ဂျေရုဆလင်မြို့တွင် တစ်ဆယ့်ခြောက်နှစ်စိုးစံ၏။ မယ်တော်ကား ဇာဒုတ်၏သမီး ယေရုရှာအမည်ရှိ၏။
သူ၌ အနာစွဲနေသည့်ကာလပတ်လုံး သူသည် မစင်ကြယ်။ မစင်ကြယ်သဖြင့် သူတစ်ယောက်တည်းနေရမည်။ သူ၏နေရာသည် တပ်စခန်းအပြင်ဘက် ဖြစ်ရမည်။
စင်ကြယ်စေခြင်းခံသောသူသည် မိမိအဝတ်ကိုလျှော်ရမည်။ မိမိအမွေးရှိသမျှကိုရိတ်ပြီး ရေချိုးရမည်။ ထို့နောက်မှ သူသည် စင်ကြယ်၍ တပ်စခန်းထဲသို့ဝင်ခွင့်ရှိမည်။ သို့သော် သူသည် မိမိတဲ၏အပြင်ဘက်၌ ခုနစ်ရက်နေရမည်။
ထို့ကြောင့် မိရိအံကို တပ်စခန်းအပြင်ဘက်၌ ခုနစ်ရက်ပတ်လုံး နေစေ၏။ မိရိအံကို ပြန်မခေါ်လာမီတိုင်အောင် လူတို့သည် ခရီးမပြုဘဲ နေကြ၏။
အစ္စရေးအမျိုးသားတို့သည်လည်း ထိုသို့သောသူတို့ကို တပ်စခန်း၏အပြင်သို့ ထွက်သွားစေ၏။ အစ္စရေးအမျိုးသားတို့သည် မောရှေအား ထာဝရဘုရားမိန့်မှာသည့်အတိုင်း ပြုကြ၏။