အွန်လိုင်း သမ္မာကျမ်းစာ

ကြော်ငြာတွေ


သမ္မာကျမ်းစာတစ်အုပ်လုံး ဓမ္မဟောင်း ဓမ္မသစ်




၂ ရာ​ချုပ် 25:2 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

သူ​သည် ထာဝရဘုရား​ရှေ့​တော်​တွင် ဖြောင့်မတ်​စွာ​ပြုကျင့်​သော်လည်း စိတ်နှလုံး​အကြွင်းမဲ့​နှင့်​မ​ဟုတ်​ချေ​။

အခန်းကိုကြည့်ပါ။

Common Language Bible

သူ​သည်​ထာ​ဝ​ရ​ဘု​ရား​၏​မျက်​မှောက်​တော် ၌​ဖြောင့်​မှန်​သော​အ​မှု​ကို​ပြု​သော်​လည်း စိတ်​ရော​ကိုယ်​ပါ​ပြု​သည်​မ​ဟုတ်။-

အခန်းကိုကြည့်ပါ။

Garrad Bible

ထို မင်း သည်၊ ထာ ဝ ရ ဘု ရား မျက် မှောက် တော် တွင် ဖြောင့် မှန် စွာ ပြု ကျင့် သော် လည်း၊ စုံ လင် သော စိတ် နှင့် ပြု သည် မ ဟုတ်။

အခန်းကိုကြည့်ပါ။

Judson Bible

ထို​မင်း​သည် ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ တ​ရား​သော​အ​မှု​ကို ပြု​သော်​လည်း၊ စိတ်​နှ​လုံး​မ​စုံ​လင်။

အခန်းကိုကြည့်ပါ။



၂ ရာ​ချုပ် 25:2
12 ပူးပေါင်းရင်းမြစ်များ  

အထွတ်အမြတ်​ထား​ရာ​နေရာ​တို့​ကို မ​ဖယ်ရှား​သောကြောင့် လူ​တို့​သည် ထို​အထွတ်အမြတ်​ထား​ရာ​နေရာ​တို့​၌ ဆက်လက်​၍ ယဇ်ပူဇော်​လျက်​၊ နံ့သာပေါင်း​ကို​မီးရှို့ပူဇော်​လျက် ရှိ​ကြ​၏​။


ယောရှ​မင်းကြီး​သည် ယဇ်ပုရောဟိတ်​ယောယဒ​အသက်ရှင်​သမျှ​ကာလ​ပတ်လုံး ထာဝရဘုရား​ရှေ့​တော်​တွင် ဖြောင့်မှန်​စွာ​ပြုကျင့်​၏​။


အာမဇိ​မင်းကြီး​သည် ဧဒုံ​လူမျိုး​တို့​ကို ချေမှုန်း​ရာ​မှ​ပြန်လာ​ပြီးနောက် စိရ​ပြည်သား​တို့​၏​ဘုရား​များ​ကို ယူလာ​ပြီး မိမိ​အဖို့​ဘုရား​အဖြစ် တည်​ထား​၏​။ ထို​ဘုရား​များ​ကို ကိုးကွယ်​ပြီး နံ့သာပေါင်း​ကို​မီးရှို့ပူဇော်​၏​။


သူ​သည် မိမိ​လက်ထက် နိုင်ငံ​တော်​တည်မြဲ​လာ​သည့်​အခါ ရှင်ဘုရင်​ဖြစ်​သော​မိမိ​ခမည်းတော်​ကို လုပ်ကြံ​ခဲ့​သော မင်းမှုထမ်း​တို့​အား ကွပ်မျက်​ပစ်​လိုက်​လေ​၏​။


ဩဇိ​မင်းကြီး​သည် ခမည်းတော်​အာမဇိ​မင်းကြီး​ပြုကျင့်​သမျှ​အတိုင်း ထာဝရဘုရား​ရှေ့​တော်​တွင် ဖြောင့်မှန်​စွာ​ပြုကျင့်​၏​။


သူ​တို့​၏​စိတ်နှလုံး​သည် ကိုယ်တော့်​အပေါ်​မ​တည်ကြည်​။ ကိုယ်တော်​၏​ပဋိညာဉ်​တော်​အပေါ်​၌​လည်း သစ္စာ​မ​ရှိ​ကြ​ပေ​။


ဘုရားရှင်​က​လည်း “​ဤ​လူမျိုး​သည် နှုတ်​ဖြင့် ချဉ်းကပ်​၍ နှုတ်ခမ်း​ဖြင့် ငါ့​ကို​ဂုဏ်ပြုချီးမွမ်း​ကြ​၏​။ သူ​တို့​၏​စိတ်နှလုံး​မူကား ငါ​နှင့်​ဝေး​လှ​၏​။ သူ​တို့​သည် လူ​တို့​သွန်သင်​သော​ပညတ်ချက်​အရ ငါ့​ကို ကြောက်ရွံ့​ကြ​၏​။


သူ​တို့​သည် စိတ်နှလုံး​မိုက်မဲ​ကြ​၏​။ ယခုမှာ အပြစ်ဒဏ်​ခံရ​တော့​မည်​။ ကိုယ်တော်​သည် သူ​တို့​၏​ယဇ်ပလ္လင်​တို့​ကို ဖြိုချ​ပြီး အထွတ်အမြတ်​ကျောက်တိုင်​တို့​ကို ဖျက်ဆီး​တော်မူ​မည်​။


သင်​၏​စိတ်နှလုံး​သည် ဘုရားသခင်​၏​ရှေ့​တော်​၌ မ​မှန်ကန်​သောကြောင့် သင်​သည် ဤ​အမှုအရာ​၌ ပါဝင်​ခွင့်​မ​ရှိ။ သင့်​ဝေစု​လည်း​မ​ရှိ။


ထိုသို့​သော​သူ​သည် စိတ်နှစ်ခွ​ရှိ​၍ မိမိ​ပြု​လေ​သမျှ​တို့​၌ တည်ကြည်​မှု​မ​ရှိ​သော​သူ​ဖြစ်​၏။


ဘုရားသခင်​ထံ​တော်​သို့ ချဉ်းကပ်​ကြ​လော့။ သို့ပြုလျှင် ကိုယ်တော်​သည် သင်​တို့​ထံ ချဉ်းကပ်​တော်မူ​လိမ့်မည်။ အပြစ်သား​တို့၊ သင်​တို့​လက်​ကို စင်ကြယ်​စေ​ကြ​လော့။ စိတ်နှစ်ခွ​ရှိ​သော​သူ​တို့၊ သင်​တို့​စိတ်နှလုံး​ကို သန့်ရှင်း​စင်ကြယ်​စေ​ကြ​လော့။


ထိုအခါ ထာဝရဘုရား​က ရှမွေလ​အား “​သူ​၏​ရုပ်ရည်အဆင်း​နှင့် အရပ်အမောင်း​ကို မ​ကြည့်​နှင့်​။ သူ့​ကို ငါ​ပယ်​ပြီ​။ ထာဝရဘုရား​သည် လူ​မြင်​သကဲ့သို့ မြင်​တော်မူ​သည်​မ​ဟုတ်​။ လူ​သည် အပြင်ပန်း​သဏ္ဌာန်​ကို​သာ ကြည့်​တတ်​၏​။ ထာဝရဘုရား​မူကား စိတ်နှလုံး​ကို ကြည့်​တော်မူ​၏​”​ဟု မိန့်​တော်မူ​၏​။