ဩမရိမင်းကြီးသည် ဘိုးဘေးတို့နှင့်အတူအိပ်ပျော်၍ ရှမာရိမြို့တွင် သူ့ကိုသင်္ဂြိုဟ်ကြ၏။ သူ၏သားတော်အာဟပ်သည် သူ့အရိုက်အရာကို ဆက်ခံ၏။
၂ ရာချုပ် 22:2 - မြန်မာ့စံမီသမ္မာကျမ်း အာခဇိနန်းတက်သောအခါ သက်တော်လေးဆယ့်နှစ်နှစ်ရှိပြီး ဂျေရုဆလင်မြို့တွင် တစ်နှစ်စိုးစံ၏။ မယ်တော်ကား ဩမရိမင်းကြီး၏မြေးတော် အာသလိအမည်ရှိ၏။ Common Language Bible အာခဇိသည်သက်တော်နှစ်ဆယ့်နှစ်နှစ် ၌နန်းတက်၍ယေရုရှလင်မြို့တွင်တစ်နှစ် မျှနန်းစံရလေသည်။ သူ၏မယ်တော်မှာ ဣသရေလဘုရင်သြမရိ၏မြေးအာသလိ ဖြစ်၏။- Garrad Bible ယု ဒ ဘု ရင် ယ ဟော ရံ မင်း သား တော် အာ ခ ဇိ မင်း သည်၊ အိမ် နိမ့် လေး ဆယ့် နှစ် နှစ် ရှိ သော်၊ နန်း တက်၍၊ ယေ ရု ရှ လင် မြို့၌၊ တစ် နှစ် သာ စိုး စံ ရ၏။ မယ် တော့် အ မည် ကား၊ ဩ မ ရိ မင်း မြေး တော် အာ သ လိ တည်း။ Judson Bible အာခဇိသည် အသက်နှစ်ဆယ်နှစ်နှစ်ရှိသော်၊ နန်းထိုင်၍ ယေရုရှလင်မြို့၌ တစ်နှစ်စိုးစံလေ၏။ မယ်တော်ကား၊ ဩမရိမြေးအာသလိ အမည်ရှိ၏။ |
ဩမရိမင်းကြီးသည် ဘိုးဘေးတို့နှင့်အတူအိပ်ပျော်၍ ရှမာရိမြို့တွင် သူ့ကိုသင်္ဂြိုဟ်ကြ၏။ သူ၏သားတော်အာဟပ်သည် သူ့အရိုက်အရာကို ဆက်ခံ၏။
သူသည် အာဟပ်မင်းကြီး၏သမီးတော်ကို မိဖုရားမြှောက်ထား၍ အာဟပ်မင်းမျိုးမင်းနွယ်ကဲ့သို့ပင် အစ္စရေးဘုရင်တို့လျှောက်သောလမ်းအတိုင်း လိုက်လျှောက်ပြီး ထာဝရဘုရားရှေ့တော်တွင် မကောင်းမှုကို ပြုလေ၏။
အာခဇိနန်းတက်သောအခါ သက်တော်နှစ်ဆယ့်နှစ်နှစ်ရှိပြီး ဂျေရုဆလင်မြို့တွင် တစ်နှစ်စိုးစံ၏။ မယ်တော်ကား အစ္စရေးဘုရင်ဩမရိမင်းကြီး၏မြေးတော် အာသလိအမည်ရှိ၏။
သူသည် အာဟပ်မင်းကြီး၏သမီးတော်ကို မိဖုရားမြှောက်ထား၍ အာဟပ်မင်းမျိုးမင်းနွယ်ကဲ့သို့ပင် အစ္စရေးဘုရင်တို့လျှောက်သောလမ်းအတိုင်း လိုက်လျှောက်ပြီး ထာဝရဘုရားရှေ့တော်တွင် မကောင်းမှုကို ပြုလေ၏။
အာရပ်လူတို့နှင့်အတူ တပ်စခန်းသို့လိုက်လာသော ဓားပြအဖွဲ့သည် ယဟောရံမင်းကြီး၏သားတော်အကြီးအားလုံးကို သတ်ပစ်သောကြောင့် ဂျေရုဆလင်မြို့သားတို့သည် အငယ်ဆုံးသားတော်အာခဇိအား ခမည်းတော်၏အရိုက်အရာကိုဆက်ခံစေ၏။ ထို့ကြောင့် ယုဒဘုရင်ယဟောရံမင်းကြီး၏သားတော် အာခဇိ နန်းတက်လေ၏။
သူ၏မယ်တော်သည် ဆိုးယုတ်သောအကြံများကိုသာ ပေးသောကြောင့် သူသည် အာဟပ်မင်းမျိုးမင်းနွယ်လျှောက်သောလမ်းအတိုင်း လိုက်လျှောက်၏။