Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




၂ ရာ​ချုပ် 22:2 - Common Language Bible

2 အာ​ခ​ဇိ​သည်​သက်​တော်​နှစ်​ဆယ့်​နှစ်​နှစ် ၌​နန်း​တက်​၍​ယေ​ရု​ရှ​လင်​မြို့​တွင်​တစ်​နှစ် မျှ​နန်း​စံ​ရ​လေ​သည်။ သူ​၏​မယ်​တော်​မှာ ဣ​သ​ရေ​လ​ဘု​ရင်​သြ​မ​ရိ​၏​မြေး​အာ​သ​လိ ဖြစ်​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

2 ယု ဒ ဘု ရင် ယ ဟော ရံ မင်း သား တော် အာ ခ ဇိ မင်း သည်၊ အိမ် နိမ့် လေး ဆယ့် နှစ် နှစ် ရှိ သော်၊ နန်း တက်၍၊ ယေ ရု ရှ လင် မြို့၌၊ တစ် နှစ် သာ စိုး စံ ရ၏။ မယ် တော့် အ မည် ကား၊ ဩ မ ရိ မင်း မြေး တော် အာ သ လိ တည်း။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

2 အာ​ခ​ဇိ​သည် အ​သက်​နှစ်​ဆယ်​နှစ်​နှစ်​ရှိ​သော်၊ နန်း​ထိုင်၍ ယေ​ရု​ရှ​လင်​မြို့၌ တစ်​နှစ်​စိုး​စံ​လေ၏။ မယ်​တော်​ကား၊ ဩ​မ​ရိ​မြေး​အာ​သ​လိ အ​မည်​ရှိ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

2 အာခဇိ​နန်းတက်​သောအခါ သက်တော်​လေးဆယ့်​နှစ်​နှစ်​ရှိ​ပြီး ဂျေရုဆလင်​မြို့​တွင် တစ်​နှစ်​စိုးစံ​၏​။ မယ်တော်​ကား ဩမရိ​မင်းကြီး​၏​မြေး​တော် အာသလိ​အမည်​ရှိ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ




၂ ရာ​ချုပ် 22:2
6 ပူးပေါင်းရင်းမြစ်များ  

သြ​မ​ရိ​ကွယ်​လွန်​သော​အ​ခါ​ရှ​မာ​ရိ​မြို့​တွင် သင်္ဂြိုဟ်​ကြ​၏။ ထို့​နောက်​သား​တော်​အာ​ဟပ်​သည် ခ​မည်း​တော်​၏​အ​ရိုက်​အ​ရာ​ကို​ဆက်​ခံ​၍ နန်း​တက်​လေ​သည်။


သူ​၏​မိ​ဖုရား​မှာ​အာ​ဟပ်​၏​သ​မီး​ဖြစ်​သ​ဖြင့် မင်း​ကြီး​သည်​အာ​ဟပ်​မင်း​မျိုး​တို့​ကဲ့​သို့ ဣ​သ ရေ​လ​ဘု​ရင်​များ​၏​ဒု​စ​ရိုက်​လမ်း​စဉ်​ကို လိုက်​လျှောက်​လေ​သည်။ သူ​သည်​ထာ​ဝ​ရ​ဘု​ရား အား​ပြစ်​မှား​၏။-


သူ​သည်​ယေ​ရု​ရှ​လင်​မြို့​တွင်​တစ်​နှစ်​မျှ​အုပ် စိုး​ရ​၏။ သူ​၏​မယ်​တော်​မှာ​ဣသ​ရေ​လ​ဘု​ရင် သြ​မ​ရိ​၏​မြေး​အာ​သ​လိ​ဖြစ်​၏။-


သူ​သည်​အာ​ဟပ်​၏​သ​မီး​တော်​တစ်​ပါး​နှင့် စုံ​ဖက်​မိ​သ​ဖြင့် အာ​ဟပ်​မင်း​နှင့်​အ​ခြား ဣ​သ​ရေ​လ​ဘု​ရင်​တို့​၏​ဆိုး​ညစ်​ယုတ်​မာ သော​လမ်း​စဉ်​ကို​လိုက်​၍​ထာ​ဝရ​ဘု​ရား​ကို ပြစ်​မှား​လေ​သည်။-


အာ​ရပ်​အ​မျိုး​သား​အ​ချို့​တို့​သည်​ဝင်​ရောက် တိုက်​ခိုက်​ကာ ယ​ဟော​ရံ​၏​သား​တော်​အ​ငယ် ဆုံး​အာ​ခ​ဇိ​မှ​တစ်​ပါး အ​ခြား​သား​တော် အ​ပေါင်း​ကို​သတ်​လိုက်​ကြ​၏။ သို့​ဖြစ်​၍​ယေ​ရု ရှ​လင်​မြို့​သား​တို့​သည်​အာ​ခ​ဇိ​အား​ခ​မည်း တော်​၏​အ​ရိုက်​အ​ရာ​ကို​ဆက်​ခံ​၍​နန်း​တက် စေ​ကြ​၏။-


မယ်​တော်​က​မ​ကောင်း​သော​အ​ကြံ​ဉာဏ်​များ ကို​ပေး​သ​ဖြင့် အာ​ခ​ဇိ​သည်​အာ​ဟပ်​မင်း​အိမ် ထောင်​စု​သား​တို့​၏​လမ်း​စဉ်​ကို​လိုက်​လေ​သည်။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ