အာသမင်းကြီးသည် သူ၏အဘီတော်ဒါဝိဒ်မင်းကြီးကဲ့သို့ပင် ထာဝရဘုရားရှေ့တော်၌ ဖြောင့်မှန်စွာ ပြုကျင့်၏။
၂ ရာချုပ် 21:12 - မြန်မာ့စံမီသမ္မာကျမ်း ထို့နောက်တွင် ပရောဖက်ဧလိယသည် သူ့ထံသို့ စာတစ်စောင်ရေးသားပေးပို့ခဲ့၏။ ထိုစာတွင် “သင့်ဘိုးဘေးဒါဝိဒ်မင်းကြီး၏ဘုရားသခင်ထာဝရဘုရားက ‘သင်သည် သင့်ခမည်းတော်ယောရှဖတ်မင်းကြီးလျှောက်သောလမ်း၊ ယုဒဘုရင်အာသမင်းကြီးလျှောက်သောလမ်းအတိုင်း မလိုက်လျှောက်ဘဲ Common Language Bible ပရောဖက်ဧလိယသည်ယဟောရံထံသို့စာ တစ်စောင်ပေးပို့လိုက်၏။ ထိုစာတွင်``သင်သည် ခမည်းတော်ယောရှဖတ်နှင့်ဘိုးတော်အာသ ၏လမ်းစဉ်ကိုမလိုက်ဘဲဣသရေလဘုရင် တို့၏လမ်းစဉ်ကိုလိုက်သဖြင့် သင့်ဘိုးဘေး ဒါဝိဒ်၏ဘုရားသခင်ထာဝရဘုရား သည်သင့်အားပြစ်ဒဏ်စီရင်တော်မူခဲ့ပြီ။- Garrad Bible ထို ကာ လ၊ ပ ရော ဖက် ဧ လိ ယ ထံ မှ ရောက် လာ သော စာ ဟူ မူ ကား၊ ဘေး တော် ဒါ ဝိဒ် မင်း၏ ဘုရား သ ခင် ထာ ဝ ရ ဘု ရား မိန့် တော် မူ သည် မှာ၊ ယု ဒ ဘု ရင် အာ သ နှင့် ခ မည်း တော် ယော ရှ ဖတ် တို့ နည်း လမ်း ကို မ လိုက်။ Judson Bible ပရောဖက်ဧလိယပေးလိုက်သောစာသည် ထိုမင်းထံသို့ ရောက်သဖြင့်၊ သင့်အဘဒါဝိဒ်၏ ဘုရားသခင် ထာဝရဘုရား မိန့်တော်မူသည်ကား၊ သင်သည် ခမည်းတော်ယောရှဖတ်လမ်းနှင့် ယုဒရှင်ဘုရင်အာသလမ်းသို့မလိုက်၊ |
အာသမင်းကြီးသည် သူ၏အဘီတော်ဒါဝိဒ်မင်းကြီးကဲ့သို့ပင် ထာဝရဘုရားရှေ့တော်၌ ဖြောင့်မှန်စွာ ပြုကျင့်၏။
ဂိလဒ်ပြည်ရှိ တိရှဘိမြို့သားဧလိယက အာဟပ်မင်းကြီးအား “ငါကိုးကွယ်သော အစ္စရေးလူမျိုး၏ဘုရားသခင်ထာဝရဘုရား အသက်ရှင်တော်မူသည်နှင့်အညီ ဤနှစ်များအတွင်း ငါအမိန့်မပေးဘဲ မိုးမရွာ၊ နှင်းမကျစေရ”ဟု ဆို၏။
ယောရှဖတ်သည် ခမည်းတော်အာသမင်းကြီးလျှောက်ခဲ့သောလမ်းအတိုင်း လိုက်လျှောက်၏။ ထိုလမ်းမှမလွဲဘဲ ထာဝရဘုရားရှေ့တော်တွင် ဖြောင့်မှန်စွာကျင့်ကြံနေထိုင်၏။ သို့သော် အထွတ်အမြတ်ထားရာနေရာများကို မဖယ်ရှားပေ။ လူတို့သည် ထိုအထွတ်အမြတ်ထားရာနေရာများ၌ ယဇ်ပူဇော်လျက်၊ နံ့သာပေါင်းကိုမီးရှို့ပူဇော်လျက်ရှိ၏။
ထာဝရဘုရားက ဧလိယအား လေပွေဖြင့် ကောင်းကင်သို့ ချီဆောင်သွားချိန်ရောက်လာလျှင် ဧလိယသည် ဧလိရှဲနှင့်အတူ ဂိလဂါလမြို့မှ ထွက်လာကြ၏။
ထိုသို့ စကားပြောလျက်သွားနေကြစဉ်တွင်ပင် မီးမြင်းနှင့်ကသောမီးရထားတစ်စီး ရုတ်ခြည်းပေါ်လာပြီး သူတို့နှစ်ဦးကိုခွဲပစ်ကာ ဧလိယသည် လေပွေဖြင့် ကောင်းကင်သို့ ပါသွားလေ၏။
အဘိယမင်းကြီးသည် ဘိုးဘေးတို့နှင့်အတူအိပ်ပျော်၍ ဒါဝိဒ်မြို့တွင် သူ့ကို သင်္ဂြိုဟ်ကြ၏။ သူ၏သားတော်အာသသည် သူ့အရိုက်အရာကို ဆက်ခံ၏။ အာသမင်းကြီးလက်ထက်တွင် ဆယ်နှစ်ပတ်လုံး တိုင်းပြည်အေးချမ်းသာယာလေ၏။
“သင်သည် စာလိပ်တစ်လိပ်ကို ယူပြီးလျှင် ယောရှိမင်းကြီးလက်ထက်မှစ၍ ယနေ့တိုင်အောင် အစ္စရေးလူမျိုး၊ ယုဒလူမျိုးအပါအဝင်လူမျိုးအပေါင်းတို့နှင့်ပတ်သက်၍ သင့်အား ငါမိန့်မှာခဲ့သောစကားအလုံးစုံတို့ကို ရေးမှတ်လော့။
စာသုံးလေးပိုင်းမျှ ဖတ်အပြီးတွင် ရှင်ဘုရင်သည် စာရေးတော်ကြီး၏ဓားဖြင့် စာလိပ်ကိုဖြတ်၍ မီးတောက်နေသောမီးလင်းဖိုထဲသို့ပစ်ချရာ စာလိပ်တစ်ခုလုံး မီးလင်းဖိုထဲတွင် လောင်ကျွမ်းကုန်၏။
ထိုခဏချင်းတွင် လူ့လက်ချောင်းများပေါ်လာ၍ ဆီမီးခုံရှေ့ နန်းတော်၏အင်္ဂတေနံရံပေါ်တွင် စာရေးနေ၏။ ထိုသို့စာရေးနေသောလက်ကို ရှင်ဘုရင် မြင်လေ၏။