ယုဒလူမျိုးတို့သည် တောကန္တာရရှိ ကင်းမျှော်စင်သို့ရောက်၍ စစ်သည်ထုကြီးကို ကြည့်သောအခါ မြေပေါ်လဲကျသေဆုံးနေသောအလောင်းများကိုသာ တွေ့ရလေ၏။ လွတ်မြောက်သောသူတစ်ယောက်မျှမရှိ။
၂ ရာချုပ် 20:25 - မြန်မာ့စံမီသမ္မာကျမ်း ထို့ကြောင့် ယောရှဖတ်မင်းကြီးနှင့် သူ၏လူတို့သည် တိုက်ရာပါပစ္စည်းများကို လာရောက်သိမ်းယူကြ၏။ အလောင်းများ၌ ပစ္စည်းဥစ္စာများ၊ အဖိုးတန်အသုံးအဆောင်များ အမြောက်အမြား တွေ့ရှိ၍ မိမိတို့အတွက် ချွတ်ယူကြ၏။ တိုက်ရာပါပစ္စည်း အလွန်များပြားသဖြင့် တစ်ချီတည်းမသယ်နိုင်။ သုံးရက်တိုင်တိုင် သယ်သွားကြရ၏။ Common Language Bible ယောရှဖတ်နှင့်သူ၏စစ်သည်တော်တို့သည် ရန်သူ တို့၏ဥစ္စာပစ္စည်းများကိုသိမ်းယူရန်လာရောက် ကြသောအခါသိုးနွားအမြောက်အမြား၊ ရိက္ခာ၊ အဝတ်အစားနှင့်အခြားအဖိုးတန်ပစ္စည်းများ ကိုတွေ့ရှိကြလေသည်။ သူတို့သိမ်းယူသည့်ဥစ္စာ ပစ္စည်းမှာအလွန်ပင်များသဖြင့် သုံးရက်တိုင်တိုင် သိမ်းယူသော်လည်းမကုန်ချေ။- Garrad Bible ယော ရှ ဖတ် မင်း နှင့် သူ ရဲ တို့ ပါ၊ လက် ရ သိမ်း ယူ ရန် ချဉ်း လာ ရာ၊ မ သယ် ပိုး နိုင် အောင် များ ပြား သော အ ဖိုး ထိုက် တန် ဆာ၊ အ ဝတ် အ စား၊ ပ စ္စည်း များ ကို တွေ့ သည် နှင့်၊ အ လွန် များ ပြား သော ကြောင့်၊ သုံး ရက် တိုင် တိုင် သိမ်း ဆည်း ချွတ် ယူ လျက် နေ ပြီး မှ၊ Judson Bible ယောရှဖတ်နှင့် သူ၏လူတို့သည်၊ ရန်သူတို့ဥစ္စာကို လုယူခြင်းငှာ လာကြသောအခါ၊ အသေကောင်တို့၌ များစွာသောဥစ္စာ၊ အဖိုးထိုက်သော တန်ဆာတို့ကို တွေ့သဖြင့်၊ ထမ်း၍မသွားနိုင်အောင် ချွတ်ယူကြ၏။ လက်ရဥစ္စာ အလွန်များသောကြောင့်၊ သုံးရက်ပတ်လုံး လုယူထုပ်ထားလျက် နေကြ၏။ |
ယုဒလူမျိုးတို့သည် တောကန္တာရရှိ ကင်းမျှော်စင်သို့ရောက်၍ စစ်သည်ထုကြီးကို ကြည့်သောအခါ မြေပေါ်လဲကျသေဆုံးနေသောအလောင်းများကိုသာ တွေ့ရလေ၏။ လွတ်မြောက်သောသူတစ်ယောက်မျှမရှိ။
စတုတ္ထမြောက်နေ့တွင် ဗေရာခချိုင့်ဝှမ်းလွင်ပြင်တွင် စုဝေးကြပြီး ထာဝရဘုရားအား ချီးမွမ်းထောမနာပြုကြ၏။ ထို့ကြောင့် ထိုနေရာသည် ဗေရာခချိုင့်ဝှမ်းလွင်ပြင်ဟု ယနေ့တိုင် အမည်တွင်လေ၏။
“ဗိုလ်ခြေများ၏ရှင်ဘုရင်တို့သည် အလျင်အမြန်ထွက်ပြေးကြ၍ အိမ်၌နေရစ်သောအမျိုးသမီးတို့သည် လုယက်ပစ္စည်းများကို ခွဲဝေကြ၏။
မိန်းမတို့သည် မိမိ၏အိမ်နီးချင်းထံမှလည်းကောင်း၊ မိမိအိမ်၌တည်းခိုနေထိုင်သောသူထံမှလည်းကောင်း ငွေထည်များ၊ ရွှေထည်များနှင့် အဝတ်အစားများကို တောင်း၍ သင်တို့သည် သင်တို့၏သားသမီးများကို ဝတ်ဆင်စေရမည်။ ဤသို့ဖြင့် သင်တို့သည် အီဂျစ်လူမျိုးတို့၏ဥစ္စာပစ္စည်းများကို သိမ်းယူရလိမ့်မည်”ဟု မိန့်တော်မူ၏။
ဉာဏ်ပညာသည် ပတ္တမြားထက်အဖိုးတန်၍ သင်နှစ်သက်သောမည်သည့်အရာနှင့်မျှ နှိုင်းယှဉ်၍မရနိုင်။
ယုဒအမျိုးတို့သည်လည်း ဂျေရုဆလင်မြို့တွင် ပါဝင်တိုက်ခိုက်ကြ၍ ဝန်းကျင်ရှိလူမျိုးအပေါင်းတို့၏ဥစ္စာပစ္စည်းများဖြစ်သော ရွှေ၊ ငွေ၊ အဝတ်အစား အမြောက်အမြားတို့ကို သိမ်းယူကြလိမ့်မည်။
မောရှေက သူတို့အား “သင်တို့သည် မိန်းမအားလုံးကို အသက်ချမ်းသာခွင့်ပေးရသလော။
သို့သော် ငါတို့သည် ငါတို့ကိုချစ်တော်မူသောအရှင်အားဖြင့် ထိုအမှုခပ်သိမ်းတို့ကိုခံရစဉ်၌ပင် လုံးလုံးလျားလျားအောင်မြင်လျက်ရှိကြ၏။
အစ္စရေးအမျိုးသားတို့သည် ထိုမြို့တို့မှ တိုက်ယူသောပစ္စည်းနှင့် တိရစ္ဆာန် ရှိသမျှတို့ကို သိမ်းယူ၍ လူတို့ကိုမူ တစ်ယောက်မကျန် ဓားဖြင့်သုတ်သင်ပယ်ရှင်းလေ၏။ အသက်ရှင်ကျန်ရစ်သူ တစ်ယောက်မျှမရှိ။