ထို့နောက် ဒါဝိဒ်မင်းကြီးသည် အစ္စရေးပြည်၌နေထိုင်သော တိုင်းတစ်ပါးသားတို့အား စုဝေးစေရန် အမိန့်ပေးပြီး သူတို့အား ဘုရားသခင်၏အိမ်တော်ကိုဆောက်လုပ်ရာတွင် ကျောက်များကိုထုဆစ်ပေးမည့် ကျောက်ဆစ်သမားများအဖြစ် ခန့်ထား၏။
၂ ရာချုပ် 2:16 - မြန်မာ့စံမီသမ္မာကျမ်း အကျွန်ုပ်တို့သည် မင်းကြီးအလိုရှိသမျှ လက်ဘနွန်တောင်မှသစ်တို့ကိုခုတ်ပြီး ယုပ္ပေမြို့အထိ ပင်လယ်လမ်းအတိုင်း ဖောင်ဖွဲ့၍ပို့လိုက်မည်။ ထိုနေရာမှ ဂျေရုဆလင်မြို့သို့ မင်းကြီးပြန်သယ်ယူပါ”ဟူ၍ ဖြစ်၏။ Common Language Bible ကျွန်ုပ်သည်လေဗနုန်တောင်ပေါ်ရှိသစ်ကတိုး ပင်များကိုအဆွေတော်လိုသမျှခုတ်လှဲ၍ ဖောင်ဖွဲ့ကာပင်လယ်လမ်းဖြင့်ယုပ္ပေမြို့အရောက် စုန်မျောစေပါမည်။ ထိုမြို့မှယေရုရှလင်မြို့ သို့အဆွေတော်၏လူတို့သယ်ယူနိုင်ကြ ပါသည်'' ဟုဖော်ပြပါရှိ၏။ Garrad Bible ကျွန်ုပ် တို့ သည် အ ကြည် တော် လို သ မျှ သစ် များ ကို လေ ဗ နုန် တော မှ ခုတ် ယူ၍ ပင် လယ် လမ်း ဖြင့် ယု ပ္ပေ မြို့ ရောက် ဖောင် ဖွဲ့ စုံ မျော ပါ စေ မည်။ အ ကြည် တော် မူ ကား ယေ ရု ရှ လင် မြို့ ရောက် သယ် ပိုး နိုင် ပါ ပြီ ဟု ပြန် ကြား လိုက် ၏။ Judson Bible ငါတို့သည် ကိုယ်တော်လိုချင်သမျှသော သစ်သားကို၊ လေဗနုန်တောင်ပေါ်မှာ ခုတ်ပြီးလျှင် ဖောင်လုပ်၍ ပင်လယ်လမ်းဖြင့်၊ ယုပ္ပေမြို့သို့ ဆောင်ခဲ့ပါမည်။ ကိုယ်တော်သည် ယေရုရှလင်မြို့သို့ သယ်ပို့ရမည်ဟု ပြန်ပြော၏။ |
ထို့နောက် ဒါဝိဒ်မင်းကြီးသည် အစ္စရေးပြည်၌နေထိုင်သော တိုင်းတစ်ပါးသားတို့အား စုဝေးစေရန် အမိန့်ပေးပြီး သူတို့အား ဘုရားသခင်၏အိမ်တော်ကိုဆောက်လုပ်ရာတွင် ကျောက်များကိုထုဆစ်ပေးမည့် ကျောက်ဆစ်သမားများအဖြစ် ခန့်ထား၏။
ယုဒလူထုအပေါင်းတို့နှင့်တကွ ယဇ်ပုရောဟိတ်များ၊ လေဝိအမျိုးများ၊ အစ္စရေးပြည်မှလာသောလူထုအားလုံး၊ အစ္စရေးပြည်မှလာသောတိုင်းတစ်ပါးသားများနှင့် ယုဒပြည်တွင်နေထိုင်သောတိုင်းတစ်ပါးသားများတို့သည် ဝမ်းမြောက်ပျော်ရွှင်လျက် ရှိကြ၏။
အစ္စရေးလူမျိုးမဟုတ်သော ဟိတ္တိလူမျိုး၊ အာမောရိလူမျိုး၊ ဖေရဇိလူမျိုး၊ ဟိဝိလူမျိုး၊ ယေဗုသိလူမျိုးတို့ထဲမှ ကြွင်းကျန်သောလူမျိုးအားလုံးနှင့်
အစ္စရေးအမျိုးသားတို့ အကုန်အစင်မသုတ်သင်နိုင်ခဲ့ဘဲ တိုင်းပြည်တွင်ကြွင်းကျန်နေခဲ့သောသူတို့၏သားမြေးများကို ရှောလမုန်မင်းကြီးသည် အလုပ်ကြမ်းသမားများအဖြစ် ယနေ့တိုင်အောင်ထားရှိ၏။
ကျောက်ဆစ်သမား၊ လက်သမားတို့ကို ငွေပေး၍ခိုင်းစေ၏။ ပါးရှားဘုရင် ကုရုမင်းကြီး၏ခွင့်ပြုချက်ဖြင့် ဆီဒုန်အမျိုးသား၊ တိုင်ရာအမျိုးသားတို့ကို စားနပ်ရိက္ခာနှင့်ဆီကိုပေး၍ သစ်ကတိုးသားများကို လက်ဘနွန်တောမှ ယုပ္ပေမြို့အရောက် မျှောချစေ၏။
သို့သော် ယောနသည် ထ၍ ထာဝရဘုရားထံတော်မှ တာရှုပြည်သို့ ထွက်ပြေးလေ၏။ သူသည် ယုပ္ပေမြို့သို့ဆင်းသွားပြီး တာရှုပြည်သို့သွားမည့်သင်္ဘောကို တွေ့သဖြင့် သင်္ဘောခပေးပြီး အထဲသို့ဝင်ကာ ထာဝရဘုရားထံတော်မှ တာရှုပြည်သို့ သင်္ဘောသားတို့နှင့်အတူ လိုက်သွားလေ၏။
ခပ်သိမ်းသောအရာတို့သည် နှုတ်ကပတ်တော်အားဖြင့် ဖြစ်လာ၏။ ဖြစ်လာသောအရာတို့တွင် တစ်စုံတစ်ခုမျှ နှုတ်ကပတ်တော်နှင့်ကင်းလွတ်၍ ဖြစ်လာခြင်းမရှိ။
ထို့ကြောင့် ယုပ္ပေမြို့သို့ လူလွှတ်၍ ပေတရုဟုခေါ်သောရှိမုန်ကို ခေါ်ဖိတ်လော့။ သူသည် ပင်လယ်ကမ်းနားရှိ သားရေနယ်သမားရှိမုန်၏အိမ်၌ တည်းခိုနေ၏’ဟု မြွက်ဆိုခဲ့ပါသည်။
ယုပ္ပေမြို့တွင် ဒေါ်ကာဟု အဓိပ္ပာယ်ရသည့် တဗိသအမည်ရှိသော တပည့်တော်မတစ်ဦးရှိ၏။ သူသည် ကောင်းသောအမှု၊ ပေးကမ်းစွန့်ကြဲခြင်းအမှုတို့နှင့် ပြည့်စုံ၏။
ယုပ္ပေမြို့သည် လုဒ္ဒမြို့နှင့် နီးသည်ဖြစ်၍ လုဒ္ဒမြို့တွင် ပေတရုရှိကြောင်း တပည့်တော်တို့ကြားလျှင် လူနှစ်ဦးကို သူ့ထံသို့စေလွှတ်ကာ “အကျွန်ုပ်တို့ထံသို့ အလျင်အမြန်ကြွလာခဲ့ပါ”ဟု တောင်းပန်ကြ၏။
ဤသတင်းသည် ယုပ္ပေတစ်မြို့လုံးအနှံ့ကျော်ကြားသွား၍ လူများစွာတို့သည် သခင်ဘုရားကိုယုံကြည်ကြ၏။
ပေတရုသည် ယုပ္ပေမြို့တွင် သားရေနယ်သမားရှိမုန်ထံ၌ ရက်ပေါင်းများစွာတည်းခိုနေ၏။
ထိုနေ့၌ပင် သူတို့ကို ထာဝရဘုရားရွေးချယ်တော်မူသောအရပ်၌တည်သောယဇ်ပလ္လင်နှင့် အစ္စရေးလူထုအတွက် ထင်းခွေ၊ ရေခပ်သောသူများအဖြစ် ယောရှုစီရင်ပေးထား၍ ယနေ့တိုင်အောင် ထိုအမှုကို သူတို့ပြုကြ၏။