၂ ရာချုပ် 2:11 - မြန်မာ့စံမီသမ္မာကျမ်း တိုင်ရာဘုရင်ဟုရံမင်းကြီးကလည်း ရှောလမုန်မင်းကြီးထံ စာပြန်လိုက်သည်မှာ “ထာဝရဘုရားသည် မိမိလူမျိုးတော်ကိုချစ်မြတ်နိုး၍ အရှင်မင်းကြီးကို သူတို့၏ဘုရင်အဖြစ် ခန့်ထားတော်မူပြီ။ Common Language Bible တုရုဘုရင်ဟိရံသည်ရှောလမုန်ထံသို့ အမှာတော်စာပြန်ကြားပေးပို့တော်မူ၏။ ထိုအမှာစာတော်တွင်``ထာဝရဘုရား သည်မိမိ၏လူစုတော်အားချစ်တော်မူ သဖြင့် အဆွေတော်အားထိုသူတို့၏ ဘုရင်အဖြစ်ခန့်ထားတော်မူပါပြီ။- Garrad Bible တု ရု ဘု ရင် ဟု ရံ မင်း သည် ရှော လ မုန် မင်း ထံ အ မှာ တော် စာ ပြန် ကြား သည် ကား လူ မျိုး တော် အား ထာ ဝ ရ ဘု ရား မြတ် နိုး သော ကြောင့် သူ တို့ အ ပေါ် တွင် ဘု ရင် အ ဖြစ် အ ကြည် တော် ကို တင် တော် မူ ပြီ။ Judson Bible တုရုမင်းကြီးဟိရံသည် စာရေး၍ ရှောလမုန်ထံသို့ ပြန်ပေးလိုက်သည်ကား၊ ထာဝရဘုရားသည် မိမိလူမျိုးကို ချစ်တော်မူသောကြောင့်၊ ကိုယ်တော်ကို သူတို့ရှင်ဘုရင်အရာ၌ ချီးမြှောက်တော်မူပြီ။ |
မင်းကြီးကိုနှစ်သက်မြတ်နိုး၍ အစ္စရေးရာဇပလ္လင်တွင် စံမြန်းစေတော်မူသော မင်းကြီး၏ဘုရားသခင်ထာဝရဘုရားသည် မင်္ဂလာရှိစေသတည်း။ ထာဝရဘုရားသည် အစ္စရေးလူမျိုးကို ထာဝရချစ်တော်မူသည်ဖြစ်၍ သူတို့ကို တရားမျှတစွာ၊ ဖြောင့်မတ်စွာစီရင်အုပ်ချုပ်ရန် မင်းကြီးကို ရှင်ဘုရင်အဖြစ် ခန့်ထားတော်မူပြီ”ဟု ဆိုလေ၏။
မင်းကြီးကိုနှစ်သက်မြတ်နိုး၍ ရှင်ဘုရင်အဖြစ်ရာဇပလ္လင်တွင် စံမြန်းစေတော်မူသော မင်းကြီး၏ဘုရားသခင်ထာဝရဘုရားသည် မင်္ဂလာရှိစေသတည်း။ မင်းကြီး၏ဘုရားသခင်သည် အစ္စရေးလူမျိုးကိုချစ်တော်မူ၍ ထာဝရတည်စေလိုသဖြင့် တရားမျှတစွာ၊ ဖြောင့်မတ်စွာစီရင်အုပ်ချုပ်ရန် မင်းကြီးကို ရှင်ဘုရင်အဖြစ် ခန့်ထားတော်မူပြီ”ဟု ဆိုလေ၏။
သူ၏နာမသည် အစဉ်အမြဲတည်ပါစေသော။ နေသည်တည်နေသရွေ့ သူ၏နာမသည် ဆက်၍တည်ပါစေသော။ လူတို့သည် သူ့အားဖြင့် ကောင်းချီးမင်္ဂလာခံစားရ၍ လူမျိုးအပေါင်းတို့သည် သူ့ကိုမင်္ဂလာရှိသူဟု ခေါ်ကြပါစေသော။
အကြောင်းမူကား သူသည် အကျွန်ုပ်တို့လူမျိုးကိုချစ်၍ အကျွန်ုပ်တို့အတွက် ဝတ်ပြုစည်းဝေးကျောင်းကိုဆောက်ပေးခဲ့ပါသည်”ဟု ဆိုလျက် ကိုယ်တော်ကို အလေးအနက်တောင်းပန်ကြ၏။