၂ ရာချုပ် 2:12 - မြန်မာ့စံမီသမ္မာကျမ်း12 ထာဝရဘုရားအဖို့ အိမ်တော်နှင့် သူ၏နိုင်ငံတော်အဖို့ နန်းတော်ကို တည်ဆောက်ရန် သိနားလည်နိုင်စွမ်းရှိ၍ ဉာဏ်ပညာနှင့်ပြည့်စုံပြီး ပညာရှိသောသားတော်တစ်ပါးကို ဒါဝိဒ်မင်းကြီးအား ပေးတော်မူသော ကောင်းကင်နှင့်မြေကြီးကိုဖန်ဆင်းတော်မူသည့် အစ္စရေးလူမျိုး၏ဘုရားသခင်ထာဝရဘုရားသည် မင်္ဂလာရှိပါစေသော။ အခန်းကိုကြည့်ပါ။Common Language Bible12 မိုးမြေကိုဖန်ဆင်းတော်မူသောဣသရေလ လူမျိုးတို့၏ဘုရားသခင်ထာဝရဘုရား အားထောမနာပြုကြစေသတည်း။ ကိုယ် တော်သည်ဒါဝိဒ်အားအသိအလိမ္မာဉာဏ် ပညာရှိသောသားတော်တစ်ပါးကိုပေး တော်မူ၏။ ထိုသားတော်သည်ယခုထာဝရ ဘုရားအတွက်ဗိမာန်တော်နှင့် မိမိအတွက် နန်းတော်ကိုတည်ဆောက်ရန်အကြံအစည် ရှိ၏။- အခန်းကိုကြည့်ပါ။Garrad Bible12 ဗိ မာန် တော် ကို လည်း ကောင်း၊ နန်း တော် ကို လည်း ကောင်း၊ တည် ဆောက် ရန် ဒါ ဝိဒ် မင်း အ စား ဉာဏ် ပ ညာ၊ သ တိ ပ ညာ၊ ဉာဏ် ပ ဋိ ဘာန် နှင့် ပြည့် စုံ သော သား ကို ပေး သ နား တော် မူ ထ သော မိုး မြေ ကို ဖန် ဆင်း တော် မူ ထ သော ဣ သ ရေ လ လူ မျိုး ၏ ဘု ရား သ ခင် ထာဝ ရ ဘု ရား သည် မင်္ဂ လာ ရှိ တော် မူ ပါ စေ သော။ အခန်းကိုကြည့်ပါ။Judson Bible12 ကောင်းကင်နှင့်မြေကြီးကို ဖန်ဆင်းတော်မူသော ဣသရေလအမျိုး၏ ဘုရားသခင် ထာဝရဘုရားသည် ဗိမာန်တော်ကိုလည်းကောင်း၊ နန်းတော်ကိုလည်းကောင်း၊ တည်ဆောက်ခြင်းငှာ တတ်စွမ်းနိုင်အောင် ဉာဏ်ကောင်း၍ ပညာသတိနှင့် ပြည့်စုံသောသားကို ဒါဝိဒ်မင်းကြီးအားပေးတော်မူသည်ဖြစ်၍၊ ထာဝရဘုရားသည် မင်္ဂလာရှိတော်မူစေသတည်း။ အခန်းကိုကြည့်ပါ။ |
“မိတ်ဆွေတို့၊ အဘယ်ကြောင့် ဤအရာတို့ကို ပြုကြသနည်း။ ငါတို့သည်လည်း သင်တို့နည်းတူ သာမန်လူသားများဖြစ်ကြပြီး သင်တို့သည် ဤအချည်းနှီးသောအရာများကိုစွန့်ခွာ၍ ကောင်းကင်၊ မြေကြီး၊ ပင်လယ်နှင့် ၎င်းတို့၌ရှိသောအရာအားလုံးတို့ကို ဖန်ဆင်းတော်မူသော အသက်ရှင်သည့်ဘုရားသခင်ထံသို့ ပြောင်းလဲကြရန် သင်တို့အား ကောင်းမြတ်သောသတင်းကိုဟောပြောနေသူများဖြစ်ကြ၏။