ယခု သတိပြုလော့။ သန့်ရှင်းရာဌာနဖြစ်သော အိမ်တော်ကို တည်ဆောက်ရန် သင့်ကိုထာဝရဘုရား ရွေးချယ်တော်မူပြီ။ အားယူ၍ဆောက်လုပ်ပါလော့”ဟု မိန့်ဆိုလေ၏။
၂ ရာချုပ် 19:6 - မြန်မာ့စံမီသမ္မာကျမ်း ထိုတရားသူကြီးတို့အား “သင်တို့ပြုရမည့်အမှုကို သတိထားပြုကြလော့။ အကြောင်းမှာ သင်တို့သည် လူအဖို့စီရင်သည်မဟုတ်၊ စီရင်ချက်ချမှတ်ရာတွင် သင်တို့နှင့်အတူရှိတော်မူသော ထာဝရဘုရားအဖို့ စီရင်ရခြင်းဖြစ်၏။ Common Language Bible သူတို့အား``သတိထား၍တရားစီရင်ကြ လော့။ သင်တို့သည်လူပေးအပ်သည့်အခွင့်အာ ဏာအရမဟုတ်၊ ထာဝရဘုရားပေးတော် မူသည့်အခွင့်အာဏာအရဆောင်ရွက်ရကြ ခြင်းဖြစ်သည်။ သင်တို့စီရင်ချက်ချမှတ်ချိန် ၌ကိုယ်တော်သည်သင်တို့နှင့်အတူရှိတော် မူ၏။- Garrad Bible သင် တို့ စီ ရင် မှု ကို သ တိ ထား ကြ လော့။ လူ့ ကိုယ် စား မ ဟုတ်။ စီ ရင် ရာ ပါ ရှိ တော် မူ သော ထာ ဝ ရ ဘု ရား၏ ကိုယ် စား စီ ရင် ရ ကြ သော ကြောင့်၊ Judson Bible သင်တို့ပြုသောအမှုကို သတိပြုကြလော့။ လူ၏အမှုကိုစောင့်၍ တရားစီရင်သည်မဟုတ်။ သင်တို့စီရင်ရာတွင်၊ ရှိတော်မူသော ထာဝရဘုရား၏အမှုတော်ကို စောင့်၍ စီရင်ရကြ၏။ |
ယခု သတိပြုလော့။ သန့်ရှင်းရာဌာနဖြစ်သော အိမ်တော်ကို တည်ဆောက်ရန် သင့်ကိုထာဝရဘုရား ရွေးချယ်တော်မူပြီ။ အားယူ၍ဆောက်လုပ်ပါလော့”ဟု မိန့်ဆိုလေ၏။
နယ်မြေဒေသတစ်ခုခုတွင် ဆင်းရဲသားတို့ကိုဖိနှိပ်ချုပ်ချယ်ခြင်းကိုလည်းကောင်း၊ တရားမျှတခြင်းနှင့် ဖြောင့်မတ်ခြင်းတို့မှသွေဖည်ခြင်းကိုလည်းကောင်း သင်မြင်ရလျှင်လည်း ထိုအမှုကိုအံ့ဩခြင်းမရှိနှင့်။ အကြောင်းမူကား ရာထူးမြင့်သောသူတစ်ဦးကို သူ့ထက်ရာထူးမြင့်သောသူက စောင့်ကြည့်နေ၏။ ထိုသူတို့ထက် ရာထူးမြင့်သောသူများလည်း ရှိကြ၏။
တရားစီရင်ရာတွင် မတရားသဖြင့် မစီရင်ရ။ ဆင်းရဲသောသူကို ဘက်မလိုက်ရ။ ချမ်းသာသောသူကိုလည်း မလိုက်လျောရ။ သင်၏အိမ်နီးချင်းကို ဖြောင့်မတ်စွာတရားစီရင်ရမည်။
ထို့နောက် လူတို့အား“လောဘလွန်ကျူးခြင်းအမျိုးမျိုးကို သတိပြု၍ရှောင်ကြဉ်ကြလော့။ အကြောင်းမူကား လူ၏အသက်သည် သူ၏ဥစ္စာပစ္စည်းကြွယ်ဝမှုအပေါ်၌တည်သည်မဟုတ်”ဟု မိန့်တော်မူ၏။
ကိုယ်တော်ကလည်း“သင်တို့သည် လှည့်ဖြားခြင်းမခံရစေရန် သတိပြုကြလော့။ အကြောင်းမူကား များစွာသောသူတို့သည် ငါ့အဖြစ်အယောင်ဆောင်လျက်ရောက်လာ၍ ‘ငါသည် ထိုသူပင်ဖြစ်၏’ဟူ၍လည်းကောင်း၊ ‘အချိန်နီးကပ်လာပြီ’ဟူ၍လည်းကောင်း ဆိုကြလိမ့်မည်။ ထိုသူတို့၏နောက်သို့မလိုက်ကြနှင့်။
တပ်မှူးသည် ထိုစကားကိုကြားလျှင် တပ်မှူးကြီးထံချဉ်းကပ်လျက် “သင်မည်သို့ပြုမည်နည်း။ ဤသူသည် ရောမနိုင်ငံသားဖြစ်သည်”ဟု သတင်းပို့လေ၏။
“အစ္စရေးအမျိုးသားတို့၊ ဤသူတို့အပေါ်မည်သို့ပြုမည်ကို သင်တို့သတိထားကြလော့။
သင်တို့သည် တရားစီရင်သောအခါ မျက်နှာကြီး၊ မျက်နှာငယ် ဟူ၍မျက်နှာမလိုက်ဘဲ ကြားနာစစ်ဆေးရမည်။ တရားစီရင်ခြင်းကို ဘုရားသခင်ပိုင်တော်မူသောကြောင့် မည်သူ့ကိုမျှ မကြောက်နှင့်။ ခက်ခဲသောအမှုကို ငါ့ထံ တင်ပြလော့။ ငါ ကြားနာစစ်ဆေးပေးမည်’ဟု ငါပြောခဲ့၏။
သင်တို့၏ဘုရားသခင်ထာဝရဘုရားကိုချစ်ရမည်၊ တရားလမ်းတော်ရှိသမျှအတိုင်းလိုက်လျှောက်ရမည်၊ ပညတ်တော်များကိုစောင့်ထိန်းရမည်၊ ကိုယ်တော်၌ဆည်းကပ်ရမည်၊ သင်တို့၏စိတ်နှလုံးအကြွင်းမဲ့၊ စိတ်ဝိညာဉ်အကြွင်းမဲ့ ကိုယ်တော်ကိုဝတ်ပြုရမည်ဟူ၍ သင်တို့အား ထာဝရဘုရား၏အစေအပါးမောရှေမိန့်မှာထားသည့် ပညတ်တော်၊ တရားတော်တို့ကိုစောင့်ထိန်းမည့်အကြောင်း အထူးသတိပြုကြလော့”ဟု မှာကြားလေ၏။