အကယ်စင်စစ် အာဟပ်မင်းကြီးကဲ့သို့မိဖုရားယေဇဗေလ၏သွေးဆောင်မှုနောက်သို့လိုက်ပါသွားပြီး ထာဝရဘုရားရှေ့တော်၌ မကောင်းမှုကိုပြုခြင်းဖြင့် မိမိကိုယ်ကိုရောင်းစားသောသူ တစ်ယောက်မျှမရှိ။
၂ ရာချုပ် 18:1 - မြန်မာ့စံမီသမ္မာကျမ်း ယောရှဖတ်မင်းကြီးသည် ဓနဥစ္စာ၊ ဘုန်းအသရေတိုးပွားလျက်ရှိ၏။ အာဟပ်မင်းမျိုးနှင့်လည်း စုံဖက်ဆွေမျိုးစပ်၏။ Common Language Bible ယောရှဖတ်မင်းသည်ချမ်းသာကြွယ်ဝ၍ဂုဏ် သတင်းကျော်စောလာသောအခါ ဣသရေလ ဘုရင်အာဟပ်မင်းနှင့်အမျိုးဆက်တော်မူ၏။- Garrad Bible ယော ရှ ဖတ် မင်း သည်၊ ဂုဏ် အ သ ရေ စည်း စိမ် ချမ်း သာ များ ပြား ၍၊ အာ ဟပ် မင်း နှင့် အ မျိုး ဆက် လျက်၊ Judson Bible ယောရှဖတ်မင်းသည် ဂုဏ်အသရေနှင့် စည်းစိမ်ဥစ္စာများ၍၊ အာဟပ်မင်းနှင့် အမျိုးဆက်လေ၏။ |
အကယ်စင်စစ် အာဟပ်မင်းကြီးကဲ့သို့မိဖုရားယေဇဗေလ၏သွေးဆောင်မှုနောက်သို့လိုက်ပါသွားပြီး ထာဝရဘုရားရှေ့တော်၌ မကောင်းမှုကိုပြုခြင်းဖြင့် မိမိကိုယ်ကိုရောင်းစားသောသူ တစ်ယောက်မျှမရှိ။
ကျန်ရှိနေသော ယောရှဖတ်မင်းကြီးလက်ထက်အဖြစ်အပျက်များ၊ သူ၏ဘုန်းတန်ခိုးကြီးခဲ့ပုံ၊ စစ်တိုက်ခဲ့ပုံ စသည်တို့ကို ယုဒဘုရင်များ၏ရာဇဝင်မှတ်တမ်းတွင် ရေးမှတ်ထား၏။
အာခဇိမင်းကြီး၏မယ်တော်အာသလိသည် မိမိ၏သားတော်အနိစ္စရောက်သည်ကို သိမြင်သည်နှင့်ထ၍ တော်ဝင်မင်းမျိုးမင်းနွယ်အားလုံးကို သုတ်သင်ပစ်လေ၏။
သူသည် အာဟပ်မင်းကြီး၏သမီးတော်ကို မိဖုရားမြှောက်ထား၍ အာဟပ်မင်းမျိုးမင်းနွယ်ကဲ့သို့ပင် အစ္စရေးဘုရင်တို့လျှောက်သောလမ်းအတိုင်း လိုက်လျှောက်ပြီး ထာဝရဘုရားရှေ့တော်တွင် မကောင်းမှုကို ပြုလေ၏။
ဤသို့ဖြင့် ယောရှဖတ်မင်းကြီးသည် အင်အားကြီးသည်ထက်ကြီးလာ၏။ ယုဒပြည်တွင် ခံတပ်များ၊ ပစ္စည်းသိုလှောင်ရာမြို့များကို တည်ဆောက်၏။
ထို့ကြောင့် ထာဝရဘုရားသည် ယောရှဖတ်မင်းကြီးလက်ထဲ၌ နိုင်ငံတော်ကိုတည်မြဲစေ၏။ ယုဒလူမျိုးအပေါင်းတို့သည် ယောရှဖတ်မင်းကြီးထံ လက်ဆောင်ပဏ္ဏာများ ဆက်သကြသဖြင့် သူသည် ဓနဥစ္စာကြွယ်ဝပြီး ဘုန်းအသရေ ကြီးထွားလေ၏။
စစ်ရထားမှူးတို့က ယောရှဖတ်မင်းကြီးကိုမြင်လျှင် “ဤသူသည် အစ္စရေးဘုရင်ပင် ဖြစ်ရမည်”ဟု ဆိုလျက် သူ့ကိုတိုက်ခိုက်ရန် လှည့်လာကြ၏။ ထိုအခါ ယောရှဖတ်မင်းကြီးကလည်း အော်ဟစ်အကူအညီတောင်းသဖြင့် ထာဝရဘုရားသည် သူ့ကို ကူမတော်မူ၏။ ဘုရားသခင်သည် ရန်သူတို့ကို ယောရှဖတ်မင်းကြီးထံမှ လမ်းလွဲစေတော်မူ၏။
ထိုအခါ ဟာနနိ၏သား ဗျာဒိတ်ရသူယေဟုသည် ယောရှဖတ်မင်းကြီးထံအခစားဝင်၍ “ဆိုးယုတ်သောသူကို ကူညီသင့်သလော။ ထာဝရဘုရား မုန်းတော်မူသောသူကို သင်ချစ်သောကြောင့် ထာဝရဘုရားထံမှ အမျက်တော်သည် သင့်အပေါ် ကျရောက်လေပြီ။
ထို့နောက်တွင် ယုဒဘုရင်ယောရှဖတ်မင်းကြီးသည် အစ္စရေးဘုရင်အာခဇိမင်းကြီးနှင့် မဟာမိတ်ဖွဲ့ခဲ့၏။ အာခဇိမင်းကြီးသည် ဆိုးယုတ်သောအမှုကို ပြုကျင့်သောသူဖြစ်၏။
သူသည် အာဟပ်မင်းကြီး၏သမီးတော်ကို မိဖုရားမြှောက်ထား၍ အာဟပ်မင်းမျိုးမင်းနွယ်ကဲ့သို့ပင် အစ္စရေးဘုရင်တို့လျှောက်သောလမ်းအတိုင်း လိုက်လျှောက်ပြီး ထာဝရဘုရားရှေ့တော်တွင် မကောင်းမှုကို ပြုလေ၏။
ဘုရားသခင်၏နိုင်ငံတော်နှင့် ကိုယ်တော်၏ဖြောင့်မတ်ခြင်းကို ဦးစွာရှာကြလော့။ ထိုအခါ ဤအရာအားလုံးတို့ကို သင်တို့အား ထပ်လောင်း၍ပေးတော်မူလိမ့်မည်။
မယုံကြည်သောသူတို့နှင့် မညီသောထမ်းပိုးကိုမထမ်းကြနှင့်။ အကြောင်းမူကား ဖြောင့်မတ်ခြင်းနှင့်တရားမဲ့ခြင်းတို့အကြား၌ မည်သို့သောပတ်သက်မှုရှိသနည်း။ အလင်းနှင့်အမှောင်တို့အကြား၌ မည်သို့သောမိတ်သဟာယဖွဲ့ခြင်းရှိသနည်း။