နောက်ဆုံးတွင် အာသမင်းကြီးသည် ဘိုးဘေးတို့နှင့်အတူအိပ်ပျော်၍ အဘီတော်ဒါဝိဒ်မြို့တွင် သူ့ကို ဘိုးဘေးတို့နှင့်အတူ သင်္ဂြိုဟ်ကြလေ၏။ သူ၏သားတော် ယောရှဖတ်သည် သူ့အရိုက်အရာကို ဆက်ခံ၏။
၂ ရာချုပ် 17:1 - မြန်မာ့စံမီသမ္မာကျမ်း သူ၏သားတော်ယောရှဖတ်သည် သူ့အရိုက်အရာကို ဆက်ခံပြီး အစ္စရေးလူမျိုးတို့ကို ခုခံတိုက်ခိုက်နိုင်အောင် အားအင်ဖြည့်တင်းထား၏။ Common Language Bible ယောရှဖတ်သည်ခမည်းတော်အာသ၏ အရိုက်အရာကိုဆက်ခံ၍နန်းတက်ပြီး နောက် ဣသရေလနိုင်ငံအားခုခံတိုက်ခိုက် ရန်မိမိ၏နိုင်ငံကိုခိုင်ခံ့အောင်ပြုတော် မူ၏။- Garrad Bible ခ မည်း တော် အ ရိုက် အ ရာ၌ နန်း စံ သော ယော ရှ ဖတ် မင်း သည်၊ ဣ သ ရေ လ နိုင် ငံ ကို ခု ခံ ရန်၊ ကိုယ့် နိုင် ငံ ခိုင် ခန့် စေ လျက်၊ Judson Bible အာသသားယောရှဖတ်သည် ခမည်းတော်အရာ၌ နန်းထိုင်၍၊ ဣသရေလနိုင်ငံတစ်ဖက် မိမိကိုခိုင်ခံ့စေ၏။ |
နောက်ဆုံးတွင် အာသမင်းကြီးသည် ဘိုးဘေးတို့နှင့်အတူအိပ်ပျော်၍ အဘီတော်ဒါဝိဒ်မြို့တွင် သူ့ကို ဘိုးဘေးတို့နှင့်အတူ သင်္ဂြိုဟ်ကြလေ၏။ သူ၏သားတော် ယောရှဖတ်သည် သူ့အရိုက်အရာကို ဆက်ခံ၏။
အစ္စရေးဘုရင်အာဟပ်မင်းကြီး နန်းစံလေးနှစ်တွင် ယုဒပြည်၌ အာသမင်းကြီး၏သားတော်ယောရှဖတ် နန်းတက်၏။
ဧလိယ ဆင့်ဆိုသောထာဝရဘုရား၏စကားတော်အတိုင်း အာခဇိမင်းကြီး အနိစ္စရောက်လေ၏။ သူ၌သားမရှိသောကြောင့် ယဟောရံသည် ယောရှဖတ်မင်းကြီး၏သား ယုဒဘုရင် ယဟောရံမင်းကြီးနန်းစံနှစ်နှစ်တွင် အာခဇိမင်းကြီး၏အရိုက်အရာကို ဆက်ခံ၏။
အစ္စရေးလူမျိုးတို့အား ထာဝရဘုရားမိန့်မှာတော်မူခဲ့သည့်အတိုင်း အစ္စရေးလူမျိုးအပေါင်းတို့သည် ဒါဝိဒ်ကို မင်းမြှောက်၍ နိုင်ငံတော်တည်ထောင်ရာတွင် သူ့ကိုဝိုင်းဝန်းကူညီပေးသော စစ်သူရဲအကြီးအကဲများရှိခဲ့ကြ၏။
ရောဗောင်မင်းကြီးသည် နိုင်ငံတော်တည်မြဲ၍ အင်အားကြီးမားလာသောအခါ သူနှင့်အစ္စရေးလူမျိုးတစ်မျိုးလုံး ထာဝရဘုရား၏ပညတ်တော်များကို စွန့်ပယ်ကြလေ၏။
ယုဒပြည်ရှိ ခံတပ်မြို့အားလုံးတို့တွင် စစ်တပ်များကို ချထား၏။ ယုဒပြည်ရှိမြို့များနှင့် သူ၏ခမည်းတော်အာသမင်းကြီး သိမ်းယူခဲ့သောဧဖရိမ်ပြည်ရှိမြို့များတွင်လည်း မြို့စောင့်တပ်များကို ချထား၏။
အမ္မုန်လူမျိုးတို့သည် ဩဇိမင်းကြီးအား အခွန်ဆက်သပေးရ၏။ ဩဇိမင်းကြီးသည် အလွန်အင်အားကြီးမားလာပြီး အီဂျစ်ပြည်နယ်စပ်ထိတိုင်အောင် နာမည်ကျော်ကြားလေ၏။
ထို့နောက် ဟေဇကိမင်းကြီးသည် မိမိကိုယ်ကို အားမာန်သွင်းလျက် ကျိုးပျက်နေသောမြို့ရိုးအားလုံးကို ပြန်လည်ပြုပြင်၏။ ရဲတိုက်များကိုလည်း တည်ဆောက်၏။ မြို့ရိုးအပြင်ဘက်တွင် မြို့ရိုးတစ်ခုကိုထပ်မံတည်ဆောက်၏။ ဒါဝိဒ်မြို့ရှိ မိလ္လောကိုလည်း ခိုင်ခံ့အောင်ပြုလုပ်၏။ လက်နက်နှင့်ဒိုင်းလွှားအမြောက်အမြားကိုလည်း ပြုလုပ်၏။
ရှင်ဘုရင်သည် ငိုကြွေးမြည်တမ်းရပြီး မင်းသားတို့သည်လည်း စိတ်ပျက်ခြင်းအဝတ်ကို ဝတ်ဆင်ရလိမ့်မည်။ ပြည်သူပြည်သားတို့၏လက်များသည်လည်း တုန်ရီနေကြလိမ့်မည်။ သူတို့ပြုခဲ့သည့်အတိုင်း သူတို့ကို ငါပြန်ပြုမည်။ သူတို့အကျင့်အကြံအတိုင်း သူတို့ကို ပြန်စီရင်မည်။ သို့မှ ငါသည် ထာဝရဘုရားဖြစ်ကြောင်း သူတို့သိကြလိမ့်မည်’ဟူ၍ မိန့်တော်မူသည်”ဟု မိန့်ဆို၏။
အာသသည် သားယောရှဖတ်ကိုရ၏။ ယောရှဖတ်သည် သားယောရံကိုရ၏။ ယောရံသည် သားဩဇိကိုရ၏။
နောက်ဆုံးအနေဖြင့်ဆိုရလျှင် သခင်ဘုရား၌လည်းကောင်း၊ ကိုယ်တော်၏အစွမ်းသတ္တိနှင့်ဆိုင်သော တန်ခိုးအရှိန်အဝါ၌လည်းကောင်း ခွန်အားနှင့်ပြည့်စုံကြလော့။
ထိုအခါ ရှောလုမင်းကြီး၏သားယောနသန်သည် ဒါဝိဒ်ရှိရာ ဟောရေရှအရပ်သို့ ထသွား၍ ဒါဝိဒ်အား ဘုရားသခင်၌ ခွန်အားပေးလျက်