အာသမင်းကြီးနန်းစံသုံးဆယ့်ခြောက်နှစ်တွင် အစ္စရေးဘုရင်ဗာရှာမင်းကြီးသည် ယုဒပြည်သို့ချီလာ၍ ယုဒဘုရင်အာသမင်းကြီးထံ မည်သူမျှဝင်ထွက်သွားလာခြင်းမပြုနိုင်အောင် ရာမမြို့ကိုတည်၏။
ယုဒဘုရင်အာသနန်းစံသုံးဆယ့်ခြောက် နှစ်မြောက်၌ ဣသရေလဘုရင်ဗာရှာသည် ယုဒပြည်သို့ချင်းနင်းဝင်ရောက်ပြီးလျှင် ယုဒပြည်သို့ဝင်ထွက်သွားလာမှုမပြု နိုင်စေရန်ရာမမြို့ကိုတံတိုင်းကာလေသည်။-
အာ သ မင်း နန်း စံ သုံး ဆယ့် ခြောက် နှစ် တွင်၊ ဣ သ ရေ လ ဘု ရင် ဗာ ရှာ မင်း သည်၊ ယု ဒ ပြည် နယ် စပ် သို့ ချီ သွား ပြီး လျှင်၊ ယု ဒ ဘုရင် အာ သ မင်း ထံ ထွက် ဝင် ခွင့် မ ရှိ ကြ စေ ရန်၊ ရာ မ မြို့ ကို တည် ရာ၊
အာသမင်း နန်းစံသုံးဆယ်ခြောက်နှစ်တွင်၊ ဣသရေလရှင်ဘုရင်ဗာရှာသည် ယုဒပြည်သို့စစ်ချီ၍၊ ယုဒရှင်ဘုရင် အာသထံသို့ အဘယ်သူမျှ မထွက်မဝင်စေခြင်းငှာ၊ ရာမမြို့ကိုတည်၏။
ဤပြည်သားတို့သည် ဂျေရုဆလင်မြို့ရှိ ထာဝရဘုရား၏အိမ်တော်သို့သွား၍ ယဇ်ပူဇော်ကြလျှင် သူတို့၏သခင် ယုဒဘုရင်ရောဗောင်မင်းကြီးဘက်သို့ စိတ်ပါသွားနိုင်၏။ ထိုအခါ သူတို့သည် ငါ့ကိုသတ်ပြီး ယုဒဘုရင်ရောဗောင်မင်းကြီးထံ ပြန်ပါသွားကြလိမ့်မည်”ဟု တွေးမိ၏။
အာသမင်းကြီး နန်းစံသုံးဆယ်ငါးနှစ်အထိ စစ်ပွဲဟူ၍ မရှိခဲ့ပေ။
ထိုကာလ၌ တိုင်းပြည်တွင်နေထိုင်သူအပေါင်းတို့သည် အလွန်ကြောက်ရွံ့ထိတ်လန့်နေရပြီး သွားလာရာတွင်လည်း လုံခြုံမှုမရှိခဲ့ကြ။
ဘုရားသခင်ထာဝရဘုရားသည် သူနှင့်အတူရှိတော်မူသည်ကို သိမြင်ကြသောအခါ အစ္စရေးလူမျိုးထဲမှထွက်လာပြီး သူ့ထံသို့ လာရောက်ပူးပေါင်းသူများစွာရှိသောကြောင့် သူသည် ယုဒအမျိုး၊ ဗင်္ယာမိန်အမျိုးတို့မှစ၍ ဧဖရိမ်အမျိုး၊ မနာရှေအမျိုး၊ ရှိမောင်အမျိုးအပါအဝင် သူတို့နှင့်အတူနေထိုင်သောတိုင်းတစ်ပါးသားအားလုံးကို စုရုံး၏။
ထိုအခါ အာသမင်းကြီးသည် ထာဝရဘုရား၏အိမ်တော်ဘဏ္ဍာတိုက်နှင့် ရှင်ဘုရင်နန်းတော်ရှိဘဏ္ဍာတိုက်တို့မှ ရွှေငွေတို့ကိုယူ၍ ဒမတ်စကပ်မြို့၌နန်းစံသော ဆီးရီးယားဘုရင်ဗင်္ဟာဒဒ်မင်းကြီးထံသို့ ပေးပို့လျက်
ဘေဘီလုံမြို့သို့ ဖမ်းခေါ်သွားခြင်းခံရသော ယုဒပြည်သူဂျေရုဆလင်မြို့သားတို့နှင့်အတူ ယေရမိလည်း ကြိုးနှင့်ချည်နှောင်ခံရလျက် ဖမ်းခေါ်သွားခြင်းခံရ၍ ရာမမြို့သို့ရောက်သောအခါ ကိုယ်ရံတော်မှူးနေဗုဇာရဒန်က သူ့ကိုပြန်လွှတ်ပေးပြီးနောက် ထာဝရဘုရား၏နှုတ်ကပတ်တော်သည် ယေရမိထံသို့ရောက်လာ၏။
ဣရှမေလသတ်ခဲ့သော ဂေဒလိနှင့်လူတို့၏အလောင်းများကို ပစ်ချခဲ့ရာတွင်းသည် အစ္စရေးဘုရင်ဗာရှာမင်းကြီးကိုကြောက်၍ အာသမင်းကြီး တူးထားခဲ့သောတွင်းဖြစ်၏။ ဤသို့ဖြင့် နေသနိ၏သားဣရှမေလသည် ထိုတွင်းကို လူသေအလောင်းများဖြင့် ပြည့်စေ၏။