သို့သော် သူတို့သည် ဆင်းရဲဒုက္ခရောက်၍ အစ္စရေးလူမျိုး၏ဘုရားသခင်ထာဝရဘုရားထံပြန်လာပြီး ကိုယ်တော်ကို ရှာကြသောအခါ သူတို့ကို အတွေ့ခံတော်မူ၏။
သို့ရာတွင်ဒုက္ခရောက်သောအခါသူတို့သည် ဣသရေလအမျိုးသားတို့၏ ဘုရားသခင် ထာဝရဘုရားထံတော်သို့ပြန်လာ၍ကိုယ် တော်ကိုရှာသောအခါတွေ့ရှိကြ၏။-
ဒု က္ခ တွေ့ ၍၊ ကိုယ့် ဘု ရား သ ခင် ထာ ဝ ရ ဘု ရား ကို ရှာ ဖွေ ပြန် လာ သော အ ခါ တိုင်း၊ အ တွေ့ ခံ တော် မူ လေ ပြီ။
ဘေးရောက်သဖြင့်၊ သူတို့သည် ဣသရေလအမျိုး၏ ဘုရားသခင် ထာဝရဘုရားထံတော်သို့ ပြန်လာ၍၊ ရှာကြသောအခါ အတွေ့ခံတော်မူ၏။
ထိုသို့ ကျိန်ဆိုရခြင်းအတွက် ယုဒလူမျိုးအပေါင်းတို့သည် ဝမ်းမြောက်ဝမ်းသာဖြစ်ကြ၏။ အကြောင်းမူကား သူတို့သည် စိတ်နှလုံးအကြွင်းမဲ့ကျိန်ဆိုပြီး ထာဝရဘုရားကို စိတ်လိုလက်ရရှာသောကြောင့် သူတို့ကို အတွေ့ခံတော်မူ၏။ ထာဝရဘုရားသည်လည်း အရပ်ရပ်၌ ငြိမ်းချမ်းခြင်း ရှိစေတော်မူ၏။
သူသည် အာသမင်းကြီးထံသွားကာ “အို အာသမင်းကြီးနှင့် ယုဒအမျိုး၊ ဗင်္ယာမိန်အမျိုးအပေါင်းတို့၊ ငါ့စကားကို နားထောင်ကြပါလော့။ သင်တို့သည် ထာဝရဘုရားနှင့်အတူရှိလျှင် ထာဝရဘုရားသည်လည်း သင်တို့နှင့်အတူ ရှိလိမ့်မည်။ ကိုယ်တော်ကိုရှာလျှင် အတွေ့ခံတော်မူမည်။ ကိုယ်တော်ကို စွန့်ပစ်လျှင် ကိုယ်တော်သည်လည်း သင်တို့ကို စွန့်ပစ်တော်မူမည်။
ထိုသို့ ဒုက္ခရောက်သောအခါ မနာရှေမင်းကြီးသည် သူ၏ဘုရားသခင်ထာဝရဘုရား၏မျက်နှာတော်ကို ရှာလျက် ဘိုးဘေးတို့၏ဘုရားသခင်ရှေ့တော်တွင် မိမိကိုယ်ကိုအလွန်နှိမ့်ချလေ၏။
သို့သော် သူတို့၏ဟစ်ကြော်သံကို ကိုယ်တော်ကြား၍ သူတို့၏ဆင်းရဲဒုက္ခကို ကြည့်ရှုတော်မူ၏။
ဖြောင့်မတ်ခြင်းနောက်သို့လိုက်၍ ထာဝရဘုရားကိုရှာသောသူတို့၊ ငါ့စကားကိုနားထောင်ကြလော့။ သင်တို့ကို ခုတ်ဖြတ်ယူရာကျောက်ဆောင်၊ သင်တို့ကို တူးယူရာမိုင်းတွင်းကို ကြည့်ကြလော့။
တွေ့နိုင်သည့်ကာလတွင် ထာဝရဘုရားကိုရှာကြလော့။ အနီး၌ရှိတော်မူသည့်ကာလတွင် ကိုယ်တော့်ကို ခေါ်ဆိုပတ္ထနာပြုကြလော့။
ဆိုးယုတ်သောသူသည် မိမိလမ်းကိုလည်းကောင်း၊ အပြစ်ဒုစရိုက်ပြုသောသူသည် မိမိအကြံအစည်တို့ကိုလည်းကောင်း စွန့်ပစ်၍ ထာဝရဘုရားထံတော်သို့ ပြန်လှည့်လာပါစေ။ သို့ပြုလျှင် ကိုယ်တော်သည် သူ့ကို သနားတော်မူမည်။ ငါတို့၏ဘုရားသခင်ထံတော်သို့ ပြန်လှည့်လာပါစေ။ အကြွင်းမဲ့ခွင့်လွှတ်တော်မူမည်။
လာကြ၊ ထာဝရဘုရားထံ ပြန်လှည့်ကြစို့။ ကိုယ်တော်သည် ငါတို့ကို အပိုင်းပိုင်းဆွဲဖဲ့သော်လည်း ပြန်လည်ကုသပေးတော်မူမည်။ ဒဏ်ရာရစေသော်လည်း အနာကိုပတ်စည်းပေးတော်မူမည်။
ထို့ကြောင့် ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားက ‘ငါ့ထံ ပြန်လာကြလော့။ ငါသည်လည်း သင်တို့ထံသို့ ပြန်လာမည်’ဟု ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား မိန့်တော်မူကြောင်းကို သူတို့အား ပြောလော့။
ပရောဖက်ဟေရှာယကလည်း “ငါ့ကိုမရှာသောသူတို့သည် ငါ့ကိုတွေ့ရှိကြ၏။ ငါ့အကြောင်းကိုမမေးမြန်းသောသူတို့ထံ ငါ့ကိုယ်ငါထင်ရှားပြ၏”ဟု ရဲရင့်စွာဆိုထား၏။