ဂျေရုဆလင်မြို့တွင် လေးဆယ့်တစ်နှစ် စိုးစံ၏။ အဘွားတော်ကား အဗရှလုံ၏သမီး မာခါအမည်ရှိ၏။
၂ ရာချုပ် 15:16 - မြန်မာ့စံမီသမ္မာကျမ်း အာသမင်းကြီးသည် အာရှရနတ်ဘုရားမရုပ်တုကို ပြုလုပ်ကိုးကွယ်သော မိမိ၏အဘွားတော်မာခါကိုလည်း မယ်တော်မိဖုရားအရာမှနုတ်ပယ်ပစ်ပြီး ထိုရုပ်တုကိုခုတ်လှဲဖျက်ဆီးကာ ကေဒြုန်ချိုင့်ဝှမ်းတွင် မီးရှို့ပစ်လေ၏။ Common Language Bible အာသမင်းသည်မိမိ၏အဘွားတော်မာခါ ၏ထံတော်မှ မယ်တော်ဘုရင်မရာထူးကိုနှုတ် သိမ်းတော်မူ၏။ အဘယ်ကြောင့်ဆိုသော်မာခါ သည်မြေသြဇာဖွံ့ဖြိုးမှုဆိုင်ရာအာရှရ ဘုရားမအားကိုးကွယ်ရန် အတွက်ရှုမကောင်း မြင်မကောင်းသောရုပ်တုကိုပြုလုပ်ထားသော ကြောင့်ဖြစ်၏။ အာသသည်ထိုရုပ်တုကို အပိုင်းပိုင်းခုတ်ဖြတ်ကာ ကေဒြုန်ချိုင့်ဝှမ်း တွင်မီးရှို့စေတော်မူ၏။- Garrad Bible အာ သ မင်း သည်၊ စက် ဆုပ် ဖွယ် သော အ ရှဲ ရာ ရုပ် ပွား လုပ် ခဲ့ သော ဖွား တော် မာ ခါ ကို၊ အိမ် နိမ့် သို့ ချ ထား ပြီး လျှင်၊ ဆို ခဲ့ သော ရုပ် ပွား ကို ဖြို လှဲ ချေ မွှ လျက်၊ ကေ ဒြုန် ချိုင့် တွင် မီး တိုက် လေ၏။ Judson Bible အာသမင်းကြီး၏ အဖွားတော်မာခါသည်၊ အာရှရပင်အောက်မှာ ရုပ်တုကိုလုပ်သောကြောင့်၊ မိဖုရားအရာကိုနုတ်၍၊ ရုပ်တုကို ဖျက်ဆီးကျော်နင်းပြီးလျှင်၊ ကေဒြုန်ချောင်းနားမှာ မီးရှို့တော်မူ၏။ |
ဂျေရုဆလင်မြို့တွင် လေးဆယ့်တစ်နှစ် စိုးစံ၏။ အဘွားတော်ကား အဗရှလုံ၏သမီး မာခါအမည်ရှိ၏။
ဂျေရုဆလင်မြို့တွင် သုံးနှစ်စိုးစံ၏။ မယ်တော်ကား အဗရှလုံ၏သမီး မာခါအမည်ရှိ၏။
ရှင်ဘုရင်သည် ယုဒဘုရင်တို့ တည်ထားခဲ့သည့် အာခတ်မင်းကြီး၏လေသာနန်းဆောင်ခေါင်မိုးပြင်ရှိ ယဇ်ပလ္လင်များ၊ ထာဝရဘုရား၏အိမ်တော်ဝင်းနှစ်ခုအတွင်းရှိ မနာရှေမင်းကြီးတည်ထားခဲ့သောယဇ်ပလ္လင်များကို ရှိသည့်နေရာမှ ဖြိုချအမှုန့်ချေပစ်ပြီး ကေဒြုန်ချိုင့်ဝှမ်းထဲသို့ ကြဲချလိုက်လေ၏။
ဗေသလမြို့ရှိ ယဇ်ပလ္လင်နှင့် အစ္စရေးလူမျိုးတို့ကို လမ်းမှားစေသောနေဗတ်၏သားယေရောဗောင်မင်းကြီးတည်ထားခဲ့သည့် အထွတ်အမြတ်ထားရာနေရာတို့ကိုလည်း ရှင်ဘုရင်သည် ထိုယဇ်ပလ္လင်နှင့် အထွတ်အမြတ်ထားရာနေရာကိုပါ ဖြိုချပစ်ပြီး မီးရှို့ကာအမှုန့်ချေပစ်၏။ အာရှရနတ်ဘုရားမတံခွန်တိုင်ကိုလည်း မီးရှို့ပစ်၏။
ထို့နောက် ရှင်ဘုရင်က ယဇ်ပုရောဟိတ်မင်းဟိလခိ၊ လက်ထောက်ယဇ်ပုရောဟိတ်များနှင့် တံခါးစောင့်များအား ဗာလဘုရား၊ အာရှရနတ်ဘုရားမနှင့် ကောင်းကင်တန်ဆာများအဖို့ပြုလုပ်ထားသောအသုံးအဆောင်များအားလုံးကို ထာဝရဘုရား၏ဗိမာန်တော်မှ ထုတ်ဆောင်လာရန် အမိန့်ပေး၏။ ရှင်ဘုရင်သည် ထိုအရာတို့ကို ဂျေရုဆလင်မြို့ပြင် ကေဒြုန်လွင်ပြင်တွင်မီးရှို့ပြီး ပြာများကို ဗေသလမြို့သို့ ယူဆောင်သွား၏။
အာရှရနတ်ဘုရားမတံခွန်တိုင်ကိုလည်း ထာဝရဘုရား၏အိမ်တော်ထဲမှ ဂျေရုဆလင်မြို့ပြင် ကေဒြုန်ချိုင့်ဝှမ်းသို့ ထုတ်လာ၏။ ထိုတံခွန်တိုင်ကို ကေဒြုန်ချိုင့်ဝှမ်း၌ မီးရှို့အမှုန့်ချေပစ်ပြီး ပြာများကို ပြည်သူပြည်သားတို့၏သင်္ချိုင်းပေါ်သို့ ကြဲချလေ၏။
အာသမင်းကြီးသည် အစ္စရေးပြည်ရှိ အထွတ်အမြတ်ထားရာနေရာများကို မဖယ်ရှားခဲ့သော်လည်း သူအသက်ရှင်သမျှကာလပတ်လုံး သူ၏စိတ်နှလုံးသည် ပြည့်ဝစုံလင်ခြင်း ရှိလေ၏။
ယဇ်ပုရောဟိတ်တို့သည် ထာဝရဘုရား၏အိမ်တော်အတွင်းခန်းထဲသို့ ဝင်သွားပြီး သန့်ရှင်းအောင်ပြု၏။ ထာဝရဘုရား၏အိမ်တော်အတွင်းရှိ သူတို့တွေ့သမျှ မသန့်ရှင်းသောအရာတို့ကို ထာဝရဘုရား၏အိမ်တော်ဝင်းသို့ထုတ်သွားကြ၏။ လေဝိအမျိုးသားတို့သည် ၎င်းတို့ကို မြို့ပြင်ကေဒြုန်ချိုင့်ဝှမ်းသို့ သယ်ထုတ်သွားကြ၏။
သူတို့သည် ထ၍ဂျေရုဆလင်မြို့ရှိ ယဇ်ပလ္လင်များနှင့် နံ့သာပေါင်းယဇ်ပလ္လင်ရှိသမျှကို ဖြိုချပြီး ကေဒြုန်ချိုင့်ဝှမ်းထဲသို့ ပစ်ချကြ၏။
ယဇ်ပလ္လင်များကို ဖြိုချပစ်၏။ အာရှရနတ်ဘုရားမတံခွန်တိုင်များနှင့် ရုပ်တုဆင်းတုများကိုလည်း ခြေမွှဖျက်ဆီးပစ်၏။ အစ္စရေးပြည်တစ်ပြည်လုံးရှိ နံ့သာပေါင်းပူဇော်ရာယဇ်ပလ္လင်အားလုံးတို့ကိုလည်း တစ်စစီချိုးဖဲ့ပစ်ပြီး ဂျေရုဆလင်မြို့သို့ ပြန်လာလေ၏။
ထိုသူတို့ပြုလုပ်ထားသော နွားသငယ်ရုပ်တုကိုလည်း ယူ၍ မီးရှို့အမှုန့်ကြိတ်ပြီးလျှင် ရေပေါ်သို့ကြဲ၍ အစ္စရေးအမျိုးသားတို့ကို သောက်စေ၏။
သင်သည် သူတို့၏ယဇ်ပလ္လင်များကို ဖြိုဖျက်ပစ်၍ သူတို့၏ကျောက်တိုင်များကို ဖြိုလှဲရမည်။ အာရှရနတ်ဘုရားမတံခွန်တိုင်များကိုလည်း ခုတ်လှဲရမည်။
ငါသည် သင်တို့အထွတ်အမြတ်ထားရာနေရာတို့ကို ဖျက်ဆီး၍ သင်တို့၏နံ့သာပေါင်းပူဇော်ရာယဇ်ပလ္လင်တို့ကို ခုတ်လှဲမည်။ သင်တို့၏အလောင်းတို့ကို သင်တို့၏သက်မဲ့ရုပ်တုများအပေါ်၌ စုပုံထားမည်။ ငါ၏စိတ်ဝိညာဉ်သည် သင်တို့ကိုရွံရှာမည်။
တစ်စုံတစ်ဦးသည် ပရောဖက်ပြုဟောပြောနေသေးလျှင် သူ့ကိုဖြစ်ပွားစေသော သူ့မိဘတို့က ‘သင်သည် ထာဝရဘုရား၏နာမတော်ကို အမှီပြု၍ မဟုတ်မမှန်ဟောပြောသောကြောင့် အသက်ချမ်းသာရာရမည်မဟုတ်’ဟု ဆို၍ သူ့ကိုဖြစ်ပွားစေသောမိဘကိုယ်တိုင်က ထိုသူပရောဖက်ပြုဟောပြောသောအခါ သူ့ကို ထိုးသတ်လိမ့်မည်။
ကိုယ်တော်၏ဆွေမျိုးသားချင်းတို့သည်ကြားလျှင် ကိုယ်တော်ကိုထိန်းချုပ်ရန် ထွက်လာကြ၏။ အကြောင်းမှာ “သူသည် စိတ်ဖောက်ပြန်နေပြီ”ဟု လူတို့ပြောဆိုနေကြသောကြောင့်ဖြစ်၏။
ယေရှုသည် ထိုသို့မြွက်ဆိုတော်မူပြီးနောက် တပည့်တော်တို့နှင့်အတူ ကေဒြုန်ချောင်းတစ်ဖက်သို့ ထွက်သွားတော်မူ၏။ ထိုအရပ်၌ ဥယျာဉ်တစ်ခုရှိ၍ ကိုယ်တော်သည် တပည့်တော်တို့နှင့်အတူ ထိုဥယျာဉ်ထဲသို့ဝင်တော်မူ၏။
ထို့ကြောင့် ယခုမှစ၍ ငါတို့သည် မည်သူ့ကိုမျှ သွေးသားဇာတိသဘောဖြင့် မသိမှတ်တော့ပေ။ ငါတို့သည် ခရစ်တော်ကို သွေးသားဇာတိသဘောဖြင့် သိမှတ်ခဲ့လျှင်လည်း ယခုတွင် ထိုသို့မသိမှတ်တော့ပေ။
သူတို့သည် ကိုယ်တော်၏စကားတော်ကိုလိုက်နာ၍ ကိုယ်တော်၏ပဋိညာဉ်ကိုစောင့်ထိန်းသောကြောင့် ကိုယ့်မိဘကိုပင်လျှင် ‘သူတို့ကို ငါဂရုမစိုက်’ဟု ဆို၏။ မိမိညီအစ်ကိုကိုလည်း အသိအမှတ်မပြု၊ မိမိသားသမီးတို့ကိုလည်း မသိကျိုးကျွန်ပြု၏။
ထို့ကြောင့် သူတို့ကို ဤသို့ပြုရမည်။ သူတို့၏ယဇ်ပလ္လင်များကို ဖြိုဖျက်၍ ကျောက်တိုင်များကို ဖြိုလှဲရမည်။ အာရှရနတ်ဘုရားမတံခွန်တိုင်များကို ခုတ်လှဲ၍ ရုပ်တုဆင်းတုများကို မီးရှို့ပစ်ရမည်။
သင်တို့ကို အပြစ်ဖြစ်စေသည့် သင်တို့သွန်းလုပ်သောနွားသငယ်ရုပ်တုကို ငါယူ၍ မီးရှို့ပစ်ပြီး မြေမှုန့်ကဲ့သို့ ညက်ညက်ကြေသည်အထိ ကြိတ်ချေပြီးလျှင် ထိုအမှုန့်ကို တောင်ထဲမှစီးထွက်လာသည့်ချောင်းထဲသို့ ပစ်ချလိုက်၏။