လူကြီးလူငယ်၊ ယောက်ျားမိန်းမ မရွေး အစ္စရေးလူမျိုး၏ဘုရားသခင်ထာဝရဘုရားကို မရှာသောသူအားလုံး အသတ်ခံရမည်ဖြစ်၏။
၂ ရာချုပ် 15:14 - မြန်မာ့စံမီသမ္မာကျမ်း သူတို့သည် အသံကျယ်လောင်စွာကြွေးကြော်လျက်၊ တံပိုးခရာများနှင့် သိုးချိုများကို မှုတ်လျက် ထာဝရဘုရားထံ တိုင်တည်ကျိန်ဆိုကြ၏။ Common Language Bible ထိုသူတို့သည်ဤပဋိညာဉ်ကိုစောင့်ထိန်း ပါမည်ဟု ထာဝရဘုရား၏နာမတော်ကို တိုင်တည်၍အသံကျယ်စွာသစ္စာဆိုကြ၏။ ထိုနောက်သူတို့သည်ကြွေးကြော်လျက် တံပိုး ခရာများကိုမှုတ်ကြကုန်၏။- Garrad Bible ကြွေး ကြော် သံ၊ တံ ပိုး၊ နှဲ ခ ရာ မှုတ် သံ နှင့် တ ကွ၊ ထာ ဝ ရ ဘု ရား အား ဟစ် လျက် သ စ္စာ ဆို ကြ ကုန် ၏။ Judson Bible ကြွေးကြော်သံ၊ တံပိုးနှဲခရာမှုတ်သံနှင့်တကွ၊ ကြီးသောအသံဗလံပြုလျက်၊ ထာဝရဘုရားအား ကျိန်ဆို၍ ဝန်ခံခြင်းပဋိညာဉ် ဖွဲ့ကြ၏။ |
လူကြီးလူငယ်၊ ယောက်ျားမိန်းမ မရွေး အစ္စရေးလူမျိုး၏ဘုရားသခင်ထာဝရဘုရားကို မရှာသောသူအားလုံး အသတ်ခံရမည်ဖြစ်၏။
ထိုသို့ ကျိန်ဆိုရခြင်းအတွက် ယုဒလူမျိုးအပေါင်းတို့သည် ဝမ်းမြောက်ဝမ်းသာဖြစ်ကြ၏။ အကြောင်းမူကား သူတို့သည် စိတ်နှလုံးအကြွင်းမဲ့ကျိန်ဆိုပြီး ထာဝရဘုရားကို စိတ်လိုလက်ရရှာသောကြောင့် သူတို့ကို အတွေ့ခံတော်မူ၏။ ထာဝရဘုရားသည်လည်း အရပ်ရပ်၌ ငြိမ်းချမ်းခြင်း ရှိစေတော်မူ၏။
သူတို့၏ဆွေမျိုးသားချင်းခေါင်းဆောင်များနှင့်အတူ ဘုရားသခင်၏အစေအပါးမောရှေအားဖြင့်ပေးအပ်တော်မူသော ဘုရားသခင်၏ပညတ်တရားကို လိုက်နာပါမည်။ ဘုရားရှင်ထာဝရဘုရား၏ပညတ်တော်များ၊ စီရင်ထုံးဖွဲ့ချက်များ၊ ပြဋ္ဌာန်းချက်အားလုံးတို့ကို လိုက်နာစောင့်ထိန်းပါမည်။
ထို့နောက် ငါသည် ခါးပိုက်ကိုခါပြပြီး “ဘုရားသခင်သည် ဤကတိကို ဖောက်ဖျက်သောသူအား သူ့အိမ်၊ သူပိုင်ဆိုင်သမျှတို့မှ ဤသို့ခါထုတ်တော်မူပါစေသော။ ထိုသူသည် ဘာမျှမကျန် ခါထုတ်ခြင်းခံရပါစေသော”ဟု ဆိုလျှင် လူစုလူဝေးအပေါင်းတို့က “အာမင်”ဟု ဆိုလျက် ထာဝရဘုရား၏ကျေးဇူးတော်ကို ချီးမွမ်းကြ၏။ ကတိအတိုင်းလည်း သူတို့ပြုကြ၏။
တံပိုးခရာနှင့် သိုးချိုမှုတ်သံများဖြင့် ရှင်ဘုရင်တည်းဟူသော ထာဝရဘုရား၏ရှေ့တော်၌ ဝမ်းမြောက်စွာကြွေးကြော်ကြလော့။
ထို့နောက် မောရှေသည် ထာဝရဘုရား၏စကားတော်အလုံးစုံတို့ကိုလည်းကောင်း၊ ပညတ်တော်မူချက်အလုံးစုံတို့ကိုလည်းကောင်း လူတို့အား လာ၍ပြောကြား၏။ လူအပေါင်းတို့ကလည်း “ထာဝရဘုရားမိန့်တော်မူသမျှစကားအတိုင်း အကျွန်ုပ်တို့ပြုပါမည်”ဟု တစ်သံတည်းပြန်ပြောကြ၏။
ထို့နောက် ပဋိညာဉ်ကျမ်းကိုယူ၍ လူတို့ရှေ့၌ဖတ်ကြားလေ၏။ လူတို့ကလည်း “ထာဝရဘုရားမိန့်တော်မူသမျှတို့ကို အကျွန်ုပ်တို့ပြုပါမည်။ နားထောင်ပါမည်”ဟု ဆိုကြ၏။
လူတို့ကလည်း “အကျွန်ုပ်တို့သည် အကျွန်ုပ်တို့၏ဘုရားသခင်ထာဝရဘုရားကိုသာ ဝတ်ပြုပါမည်။ ကိုယ်တော်၏စကားကိုသာ နားထောင်ပါမည်”ဟု ယောရှုအား ပြန်ပြောကြ၏။