ထိုစဉ်က အစ္စရေးအမျိုးသားတို့သည် ရှုံးနိမ့်ကြပြီး ယုဒအမျိုးသားတို့မူကား ဘိုးဘေးတို့၏ဘုရားသခင်ထာဝရဘုရားကို ကိုးစားကြသောကြောင့် အောင်နိုင်လေ၏။
၂ ရာချုပ် 14:10 - မြန်မာ့စံမီသမ္မာကျမ်း အာသမင်းကြီးလည်း သူ့ကိုရင်ဆိုင်တိုက်ခိုက်ရန် စစ်ချီထွက်ပြီး မရေရှမြို့အနီး ဇေဖသချိုင့်ဝှမ်းတွင် စစ်ခင်းကျင်းထား၏။ Common Language Bible ထိုအခါအာသသည်ထိုသူအားတိုက်ခိုက် ရန်ထွက်လာပြီးလျှင် ဇေဖသချိုင့်ဝှမ်းတွင် နေရာယူ၍၊- Garrad Bible အာ သ မင်း သည် ဆီး ဆို့ ရန် ထွက် ချီ လျှင်၊ မ ရေ ရှ မြို့ အ နီး ဇေ ဖ သ ချိုင့်၌ စစ် ခင်း ကြ ရာ၊ Judson Bible အာသသည် ဆီးကြို၍၊ မရေရှမြို့နားမှာ ဇေဖသချိုင့်၌ စစ်ပြိုင်ကြ၏။ |
ထိုစဉ်က အစ္စရေးအမျိုးသားတို့သည် ရှုံးနိမ့်ကြပြီး ယုဒအမျိုးသားတို့မူကား ဘိုးဘေးတို့၏ဘုရားသခင်ထာဝရဘုရားကို ကိုးစားကြသောကြောင့် အောင်နိုင်လေ၏။
ထို့နောက် အာသမင်းကြီးသည် ဘုရားသခင်ထာဝရဘုရားထံ အော်ဟစ်လျက် “အို ထာဝရဘုရား၊ အားကြီးသူကိုတွန်းလှန်နိုင်ရန် အားနည်းသူကို ကူညီနိုင်သောအရှင်သည် ကိုယ်တော်မှလွဲ၍ မရှိပါ။ အကျွန်ုပ်တို့၏ဘုရားသခင်ထာဝရဘုရား၊ အကျွန်ုပ်တို့ကို ကယ်မတော်မူပါ။ ကိုယ်တော်ကို အကျွန်ုပ်တို့ ကိုးစားပါ၏။ အကျွန်ုပ်တို့သည် ဤလူအလုံးအရင်းကြီးကိုတိုက်ခိုက်ရန် ကိုယ်တော်၏နာမတော်ကိုစွဲကိုင်လျက် လာပါ၏။ အို ထာဝရဘုရား၊ ကိုယ်တော်သည် အကျွန်ုပ်တို့၏ဘုရားသခင် ဖြစ်တော်မူပါ၏။ ဤလူတို့သည် ကိုယ်တော်ကို အနိုင်မရပါစေနှင့်”ဟု ဆုတောင်းလေ၏။
ထို့နောက်တွင် အီသီယိုးပီးယားလူမျိုးဇေရသည် စစ်သည်တစ်သန်း၊ စစ်ရထားသုံးရာနှင့်ချီလာပြီး မရေရှမြို့သို့ရောက်လာရာ
သူသည် ဖိလိတ္တိလူမျိုး၊ ဂုရဗာလအရပ်တွင်နေထိုင်သောအာရပ်လူမျိုးများနှင့် မဟုနိမ်လူမျိုးတို့ကို တိုက်ခိုက်သောအခါ ဘုရားသခင်သည် သူ့ကို ကူညီမစတော်မူ၏။
ဤအမှုကြောင့် ဟေဇကိမင်းကြီးနှင့် အာမုတ်၏သားပရောဖက်ဟေရှာယတို့သည် ကောင်းကင်သို့အော်ဟစ်ဆုတောင်းကြ၏။
သူတို့ဘက်၌ လူအင်အားရှိ၏။ ငါတို့ဘက်တွင်မူ စစ်ပွဲ၌ငါတို့ကိုကူညီတိုက်ခိုက်ပေးမည့် ငါတို့၏ဘုရားသခင်ထာဝရဘုရား ရှိ၏”ဟု အားပေးစကားပြော၏။ ယုဒဘုရင်ဟေဇကိမင်းကြီး၏စကားကြောင့် လူတို့ အားမာန်ပြည့်လာကြ၏။
အကျွန်ုပ်၏အချိန်ကာလတို့သည် ကိုယ်တော်၏လက်တော်၌ရှိပါ၏။ အကျွန်ုပ်၏ရန်သူတို့နှင့် အကျွန်ုပ်ကိုလိုက်လံညှဉ်းဆဲသောသူတို့၏လက်မှ အကျွန်ုပ်ကိုကယ်နုတ်တော်မူပါ။
အို ထာဝရဘုရား၊ သူတို့ကိုကြောက်လန့်စေတော်မူပါ။ မိမိတို့သည် လူသက်သက်သာဖြစ်ကြောင်း လူမျိုးတကာတို့အားသိစေတော်မူပါ။(စေလာ)
သင်သည် ရန်သူတို့ကို စစ်သွားတိုက်သောအခါ သင့်ထက်များပြားသော မြင်းများ၊ စစ်ရထားများ၊ စစ်သည်များကို တွေ့လျှင် သူတို့ကို မကြောက်နှင့်။ သင့်ကိုအီဂျစ်ပြည်မှ ထုတ်ဆောင်တော်မူခဲ့သော သင်၏ဘုရားသခင်ထာဝရဘုရားသည် သင်နှင့်အတူ ရှိတော်မူ၏။
တစ်ဖန် ယုဒအမျိုးတို့သည် မိမိတို့အစ်ကိုရှိမောင်အမျိုးတို့နှင့်အတူ ဇေဖတ်မြို့သား ခါနာန်လူမျိုးတို့ကို သွားရောက်တိုက်ခိုက်ကာ မြို့ကို အကုန်အစင်ဖျက်ဆီးပစ်ပြီးလျှင် ထိုမြို့ကို ဟောမာမြို့ဟု ခေါ်လေ၏။
ယောနသန်က လက်နက်ကိုင်လုလင်အား “လာပါ။ အရေဖျားမလှီးသောထိုသူတို့၏ကင်းတပ်သို့ ကူးသွားကြစို့။ ထာဝရဘုရား ငါတို့နှင့် ပါရှိကောင်းပါရှိတော်မူလိမ့်မည်။ ထာဝရဘုရားသည် မည်သည့်အမှု၌မဆို လူအနည်းငယ်နှင့်ဖြစ်စေ၊ လူအများနှင့်ဖြစ်စေ အတားအဆီးမရှိကယ်တင်ပေးနိုင်သည်”ဟု ဆို၏။
ဒါဝိဒ်ကလည်း ထိုဖိလိတ္တိပြည်သားအား “သင်သည် ဓား၊ လှံတို၊ လှံရှည်တို့ဖြင့် ငါ့ထံလာ၏။ ငါမူကား သင်စော်ကားပြောဆိုနေသော အစ္စရေးစစ်သည်တို့၏ဘုရားသခင် ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား၏နာမတော်ဖြင့် သင့်ထံလာ၏။