၂ ရာချုပ် 12:7 - မြန်မာ့စံမီသမ္မာကျမ်း
ဤသို့ မိမိကိုယ်ကိုနှိမ့်ချကြသည်ကို ထာဝရဘုရားမြင်တော်မူလျှင် ထာဝရဘုရား၏နှုတ်ကပတ်တော်သည် ရှေမာယထံရောက်လာပြန်၍ “သူတို့သည် မိမိကိုယ်ကိုနှိမ့်ချကြသောကြောင့် သူတို့ကို ငါမဖျက်ဆီး။ အသက်ချမ်းသာခွင့်ကိုကား ငါပေးမည်။ ရှိရှက်မင်းကြီးအားဖြင့် ငါ့အမျက်တော်ကို ဂျေရုဆလင်မြို့ပေါ်သို့ ငါသွန်ချမည်မဟုတ်။
အခန်းကိုကြည့်ပါ။
ဤအချင်းအရာကိုထာဝရဘုရားမြင် တော်မူသောအခါ``သူတို့သည်မိမိတို့အပြစ် ကိုဝန်ခံကြသည်ဖြစ်၍ငါသည်သူတို့အား ဖျက်ဆီးမည်မဟုတ်။ ရှိရှက်တိုက်ခိုက်မှုကြောင့် သူတို့သည်ပျက်စီးခြင်းဘေးမှလွတ်ရုံမျှ သာရှိလိမ့်မည်။ ယေရုရှလင်မြို့သည်လည်း ငါ၏အမျက်တော်အရှိန်ကိုအပြည့်အဝ ခံရမည်မဟုတ်။-
အခန်းကိုကြည့်ပါ။
ထို သို့ နှိမ့် ချ သည် ကို ထာ ဝ ရ ဘု ရား သိ မြင် တော် မူ သော် သူ တို့ သည် နှိမ့် ချ ကြ လေ ပြီ။ ငါ ဖျက် ဆီး မည် မ ဟုတ်။ ရှိ ရှက် လက် ဖြင့် ယေ ရု ရှ လင် မြို့ ပေါ် သို့ အ မျက် တော် ကို မ သွန်း ဘဲ မ ကြာ မီ ချမ်း သာ စေ မည်။
အခန်းကိုကြည့်ပါ။
ထိုသို့နှိမ့်ချကြောင်းကို ထာဝရဘုရားမြင်လျှင်၊ နှုတ်ကပတ်တော်သည် ရှေမာယသို့ရောက်၍၊ သူတို့သည် နှိမ့်ချကြပြီ။ ထိုကြောင့်သူတို့ကို ငါမဖျက်ဆီး၊ အနည်းငယ်သော ချမ်းသာကိုပေးမည်။ ရှိရှက်လက်ဖြင့် ယေရုရှလင်မြို့ပေါ်သို့ ငါ့အမျက်ကို မသွန်းလောင်းရ။
အခန်းကိုကြည့်ပါ။