ထိုမင်းကြီးသည် ယုဒပြည်ရှိ ခံတပ်မြို့များကို သိမ်းပိုက်ပြီး ဂျေရုဆလင်မြို့တိုင်အောင် ဆက်လက်ချီတက်၏။
သူသည်ယုဒပြည်ရှိခံတပ်မြို့တို့ကိုတိုက်ခိုက် သိမ်းယူကာ ယေရုရှလင်မြို့အရောက်ချီတက် လာလေသည်။
ယု ဒ ပိုင် ခံ တပ် မြို့ များ ကို သိမ်း ယူ ပြီး လျှင် ယေ ရု ရှ လင် မြို့ ရောက် ချီ လာ လေ ၏။
ယုဒပြည်၌ ခိုင်ခံ့သောမြို့တို့ကို တိုက်ယူပြီးမှ၊ ယေရုရှလင်မြို့သို့ ရောက်လေ၏။
အဆီးရီးယားဘုရင်သည် တာတန်၊ ရာဗသာရိတ်၊ ရာဗရှာခတို့ကို စစ်သည်အလုံးအရင်းနှင့်တကွ လာခိရှမြို့မှ ဂျေရုဆလင်မြို့ရှိဟေဇကိမင်းကြီးထံသို့ စေလွှတ်သဖြင့် သူတို့သည် ဂျေရုဆလင်မြို့သို့ ချီသွားကြ၏။ သူတို့ ရောက်သွားသောအခါ ခဝါသည်၏လယ်သို့သွားသောလမ်းမကြီးတွင်ရှိသည့် အထက်ရေကန်ရေသွယ်မြောင်းနားတွင် တပ်ချပြီး
ရှမာရိမြို့နှင့်ထိုမြို့မှရုပ်တုများကို ငါပြုသကဲ့သို့ ဂျေရုဆလင်မြို့နှင့်ထိုမြို့မှရုပ်တုများကို ငါပြုမည်မဟုတ်လော”ဟု ဆိုတတ်၏။
ဟေဇကိမင်းကြီးနန်းစံတစ်ဆယ့်လေးနှစ်တွင် အဆီးရီးယားဘုရင်သနာခရိပ်မင်းကြီးသည် ယုဒပြည်၏ခံတပ်မြို့အားလုံးကို တိုက်ခိုက်သိမ်းပိုက်လေ၏။
ယုဒပြည်ထဲသို့ဖြတ်သန်းစီးဝင်၍ လည်ပင်းတိုင်အောင် လွှမ်းမိုးသွားမည်။ မိမိ၏တောင်ပံများကိုဖြန့်၍ သင့်ပြည်တစ်ပြည်လုံးသို့ ရောက်လိမ့်မည်၊ အို ဧမာနွေလ”ဟု မိန့်တော်မူ၏။
“စပျစ်စိုက်ခင်းသို့သွား၍ ဖျက်ဆီးကြလော့။ သို့သော်လည်း အကုန်အစင်မဖျက်ဆီးနှင့်။ အခက်အလက်များသည် ထာဝရဘုရားနှင့် မဆိုင်သောကြောင့် ဖယ်ပစ်လော့။
သိုး သုံးသိန်းသုံးသောင်းခုနစ်ထောင့်ငါးရာ၊