ထိုမြို့ထဲတွင် ဖြောင့်မတ်သောသူ အယောက်ငါးဆယ်ရှိလျှင် ကိုယ်တော်သည် မြို့ထဲရှိဖြောင့်မတ်သောသူအယောက်ငါးဆယ်အတွက် ထိုအရပ်ကို ချမ်းသာမပေးဘဲ အမှန်ပင်ဖျက်ဆီးသုတ်သင်တော်မူမည်လော။
၂ ရာချုပ် 12:12 - မြန်မာ့စံမီသမ္မာကျမ်း ရောဗောင်မင်းကြီးသည် မိမိကိုယ်ကိုနှိမ့်ချသောကြောင့် ထာဝရဘုရား၏အမျက်တော်သည် သူ့ထံမှလွှဲသွားလေ၏။ အကုန်အစင်ဖျက်ဆီးခြင်းကို မခံရ။ ထို့ကြောင့် ယုဒပြည်အေးချမ်းသာယာသွားလေ၏။ Common Language Bible မင်းကြီးသည်ထာဝရဘုရားရှေ့တော်တွင် မိမိကိုယ်ကိုနှိမ့်ချတော်မူသဖြင့် ထာဝရ ဘုရား၏အမျက်တော်သည်သူ့အားလုံးလုံး လျားလျားဖျက်ဆီးတော်မမူ။ ယုဒပြည်၌ လည်းပြည်မှုပြည်ရေးသာယာလေသည်။ Garrad Bible ဘု ရင် မင်း နှိမ့် ချ သော အ ခါ ထာ ဝ ရ ဘု ရား သည် လုံး လုံး မ ဖျက် ဆီး ဘဲ အ မျက် တော် ကို သိမ်း တော် မူ၏။ ယုဒ ပြည်၌ လည်း သူ တော် ကောင်း များ ရှိ သေး သော ကြောင့် တည်း။ Judson Bible ထိုသို့ရှင်ဘုရင်သည် ကိုယ်ကိုနှိမ့်ချသောအခါ၊ ထာဝရဘုရားသည် သူ့ကို ရှင်းရှင်းမဖျက်ဆီးမည် အကြောင်း၊ အမျက်တော်ကို လွှဲတော်မူ၏။ ယုဒပြည်၌လည်း၊ ပြည်မှုပြည်ရေးသာယာသဖြင့်၊ |
ထိုမြို့ထဲတွင် ဖြောင့်မတ်သောသူ အယောက်ငါးဆယ်ရှိလျှင် ကိုယ်တော်သည် မြို့ထဲရှိဖြောင့်မတ်သောသူအယောက်ငါးဆယ်အတွက် ထိုအရပ်ကို ချမ်းသာမပေးဘဲ အမှန်ပင်ဖျက်ဆီးသုတ်သင်တော်မူမည်လော။
အစ္စရေးလူမျိုးတစ်မျိုးလုံး သူ့အတွက် ငိုကြွေးမြည်တမ်းလျက် သူ့ကို သင်္ဂြိုဟ်ကြလိမ့်မည်။ ယေရောဗောင်မင်းမျိုးမင်းနွယ်တွင် သူသည် အစ္စရေးလူမျိုး၏ဘုရားသခင် ထာဝရဘုရား၏စိတ်တော်နှင့်တွေ့သူဖြစ်၏။ ထို့ကြောင့် ယေရောဗောင်မင်းမျိုးမင်းနွယ်ထဲတွင် သူတစ်ဦးတည်းသာ သင်္ချိုင်း၌ သင်္ဂြိုဟ်ခြင်းခံရလိမ့်မည်။
ရှင်ဘုရင်သည် ထာဝရဘုရား၏အိမ်တော်သို့ ဝင်ရောက်သည့်အခါတိုင်း တံခါးစောင့်တို့သည် ထိုဒိုင်းလွှားတို့ကို ကိုင်ဆောင်ရ၏။ ပြီးလျှင် ထိုဒိုင်းလွှားတို့ကို တံခါးစောင့်တို့၏အခန်းထဲတွင် ပြန်သိမ်းထားရ၏။
သို့သော် မင်းကြီး၌ ကောင်းသောအရာ ရှိ၏။ မင်းကြီးသည် တိုင်းပြည်တွင်ရှိသော အာရှရနတ်ဘုရားမတံခွန်တိုင်တို့ကို ဖယ်ရှားပြီး ဘုရားသခင်ကိုရှာလိုသောစိတ်ရှိလေပြီ”ဟု သူ့အား ဆို၏။
မြင့်မြတ်၍ချီးမြှောက်ခြင်းခံတော်မူသော၊ ထာဝရအသက်ရှင်တော်မူသော၊ သန့်ရှင်းခြင်းဟု နာမရှိတော်မူသောအရှင်က “ငါသည် စိတ်နှလုံးကျိုးပဲ့ကြေမွသောသူ၊ စိတ်နှိမ့်ချသောသူတို့နှင့်အတူ အထွတ်အမြတ်ထားရာအရပ်၊ သန့်ရှင်းသောအရပ်၌ ကိန်းဝပ်၏။ စိတ်အားငယ်သောသူ၊ စိတ်နှလုံးကျိုးပဲ့ကြေမွသောသူတို့ကို အားဖြည့်ပေးရန် သူတို့တွင် ငါကိန်းဝပ်၏။
သပိတ်ပင်နှင့်ဝက်သစ်ချပင်တို့သည် ခုတ်လှဲခြင်းခံရ၍ အငုတ်သာကျန်သကဲ့သို့ ဆယ်ပုံတစ်ပုံသာကြွင်းကျန်သောထိုပြည်သည် ထပ်၍ဝါးမျိုဖျက်ဆီးခြင်းခံရလိမ့်မည်။ သန့်ရှင်းသောအမျိုးအနွယ်သည် အငုတ်ဖြစ်လိမ့်မည်”ဟု မိန့်တော်မူ၏။
ထာဝရဘုရား၏မေတ္တာကရုဏာတော်ကြောင့် ငါတို့သည် ပျက်စီးခြင်းသို့မရောက်ပါ။ ကိုယ်တော်၏သနားစုံမက်ခြင်းသည်လည်း အဆုံးမရှိပါ။
ကိုယ်တော်သည် လူသားတို့ကို ဒုက္ခဝေဒနာခံစားစေလိုသောသဘော၊ ဝမ်းနည်းကြေကွဲစေလိုသောသဘောရှိတော်မမူ။
ငါတို့ အပြစ်ကျူးလွန်မိပြီ၊ ပုန်ကန်မိပြီ။ ကိုယ်တော်သည် ငါတို့ကို ခွင့်လွှတ်တော်မမူ။
ထို့ကြောင့် အချိန်တန်သောအခါ သင်တို့ကို ချီးမြှောက်တော်မူမည့်အကြောင်း ဘုရားသခင်၏တန်ခိုးကြီးသောလက်တော်အောက်၌ မိမိကိုယ်ကိုနှိမ့်ချကြလော့။