၂ ရာချုပ် 12:13 - မြန်မာ့စံမီသမ္မာကျမ်း
13 ရောဗောင်မင်းကြီးသည် ဂျေရုဆလင်မြို့တွင် အာဏာကိုတည်မြဲစေပြီး ဆက်လက်အုပ်စိုး၏။ ရောဗောင်မင်းကြီးနန်းတက်သောအခါ သက်တော်လေးဆယ့်တစ်နှစ်ရှိ၏။ သူသည် ထာဝရဘုရားက မိမိ၏နာမကို တည်စေရန် အစ္စရေးမျိုးနွယ်အားလုံးထဲမှ ရွေးချယ်တော်မူသော ဂျေရုဆလင်မြို့တွင် တစ်ဆယ့်ခုနစ်နှစ်စိုးစံခဲ့၏။ မယ်တော်ကား အမ္မုန်အမျိုးသမီး နေမအမည်ရှိ၏။
အခန်းကိုကြည့်ပါ။ ကော်ပီ
13 ရောဗောင်သည်ယေရုရှလင်မြို့တွင် နန်းစံကာ ရာဇတန်ခိုးတိုးတက်လာလေသည်။ နန်းတက် စဉ်အခါကသူသည်သက်တော်လေးဆယ့်တစ် နှစ်ရှိ၍ ယေရုရှလင်မြို့တွင်တစ်ဆယ့်ခုနစ်နှစ် နန်းစံတော်မူ၏။ ဣသရေလနွယ်အပေါင်းတို့ နေထိုင်ရာမြို့ရွာများအနက် ထိုမြို့ကိုထာဝရ ဘုရားသည်မိမိအားဝတ်ပြုကိုးကွယ်ရာဌာန တော်အဖြစ်ရွေးချယ်ထားတော်မူသတည်း။ ရောဗောင်၏မယ်တော်မှာအမ္မုန်ပြည်သူ၊ နေမ ဖြစ်၏။-
အခန်းကိုကြည့်ပါ။ ကော်ပီ
13 ထို သို့ အ မ္မုန် အ မျိုး သ မီး နေ မ၏ သား ရော ဗောင် မင်း သည် အိမ် နိမ့် လေး ဆယ့် တစ် နှစ် ရှိ သော်၊ နန်း တက် လျက် ဣ သ ရေ လ အ နွယ် အ ပေါင်း တို့ နေ ရာ မြို့ ရွာ များ အ နက် နာ မ တော် တည် ရန် ထာ ဝ ရ ဘု ရား ရွေး ချယ် တော် မူ သော ယေ ရု ရှ လင် မြို့၌ ဆယ့် ခု နစ် နှစ် နန်း စံ၍ အာ ဏာ တော် ခိုင် ခံ့ အုပ် စိုး ရာ
အခန်းကိုကြည့်ပါ။ ကော်ပီ
13 ရောဗောင်မင်းကြီးသည် ယေရုရှလင်မြို့၌ ကိုယ်ကိုခိုင်ခံ့စေ၍ စိုးစံသေး၏။ ရောဗောင်သည် နန်းထိုင်သောအခါ အသက်လေးဆယ်တစ်နှစ် ရှိ၏။ ထာ၀ရဘုရားသည် နာမတော်တည်စရာဖို့၊ ဣသရေလ ခရိုင်များတို့အထဲက ရွေးကောက်သာ ယေရုရှလင်မြို့၌၊ ဆယ်ခုနစ်နှစ် စိုးစံလေ၏။ မယ်တော်ကား အမ္မုန်အမျိုးသား၊ နေမအမည်ရှိ၏။
အခန်းကိုကြည့်ပါ။ ကော်ပီ