ရိတ်သိမ်းရာကာလတွင် စစ်သူရဲသုံးဆယ်ထဲမှ သုံးဦးသည် ဒါဝိဒ်မင်းကြီးရှိရာ အဒုလံလိုဏ်ဂူသို့ ဆင်းသွားကြ၏။ ဖိလိတ္တိတပ်မူကား ရေဖိမ်ချိုင့်ဝှမ်းတွင် စခန်းချလျက်ရှိ၏။
၂ ရာချုပ် 11:7 - မြန်မာ့စံမီသမ္မာကျမ်း ဗက်ဇုရမြို့၊ စောခေါမြို့၊ အဒုလံမြို့၊ Judson Bible ဗက်ဇုရမြို့၊ ရှောကောမြို့၊ အဒုလံမြို့၊ |
ရိတ်သိမ်းရာကာလတွင် စစ်သူရဲသုံးဆယ်ထဲမှ သုံးဦးသည် ဒါဝိဒ်မင်းကြီးရှိရာ အဒုလံလိုဏ်ဂူသို့ ဆင်းသွားကြ၏။ ဖိလိတ္တိတပ်မူကား ရေဖိမ်ချိုင့်ဝှမ်းတွင် စခန်းချလျက်ရှိ၏။
ထို့ပြင် ဖိလိတ္တိလူမျိုးတို့သည်လည်း မြေနိမ့်ဒေသရှိမြို့ရွာများနှင့် ယုဒပြည်နေဂေ့အရပ်ကို ဝင်ရောက်တိုက်ခိုက်ပြီး ဗက်ရှေမက်မြို့၊ အာယလုန်မြို့၊ ဂေဒရုတ်မြို့၊ စောခေါမြို့နှင့်ဝန်းကျင်ရှိမြို့ရွာများ၊ တိမနတ်မြို့နှင့်ဝန်းကျင်မြို့ရွာများ၊ ဂိမဇောမြို့နှင့်ဝန်းကျင်မြို့ရွာများကို သိမ်းပိုက်ကာ ထိုနေရာတို့၌ နေထိုင်ကြ၏။
အို မရေရှမြို့သူ၊ သင့်အား သိမ်းပိုက်စိုးမိုးမည့်သူကို ငါရောက်လာစေမည်။ အစ္စရေးလူမျိုး၏ဘုန်းအသရေသည် အဒုလံမြို့သို့ ရောက်လာလိမ့်မည်။
ဒါဝိဒ်သည် ထိုအရပ်မှထွက်ပြေးလွတ်မြောက်သွားပြီး အဒုလံလိုဏ်ဂူ၌ ရောက်နေကြောင်းကို သူ့အစ်ကိုများ၊ သူ့ဖခင်၏ဆွေမျိုးသားချင်းများကြားသိသောအခါ သူရှိရာလိုဏ်ဂူသို့ ဆင်းလာကြ၏။