ရောဗောင်မင်းကြီးသည် ဉာဏ်ပြေးသူဖြစ်၏။ သူ၏သားတော်များကို ယုဒနယ်၊ ဗင်္ယာမိန်နယ်တစ်လျှောက်လုံးရှိ ခံတပ်မြို့တို့တွင် ပို့ထားပြီး စားနပ်ရိက္ခာအပြည့်အစုံနှင့် မယားအများအပြားကိုလည်း ရှာပေး၏။
၂ ရာချုပ် 11:5 - မြန်မာ့စံမီသမ္မာကျမ်း ထို့နောက်တွင် ရောဗောင်မင်းကြီးသည် ဂျေရုဆလင်မြို့တွင်စံမြန်းပြီး ယုဒပြည်တွင် ခံတပ်မြို့များကို တည်ဆောက်၏။ Common Language Bible ရောဗောင်သည်ယေရုရှလင်မြို့၌နန်းစံ၍ ယုဒနှင့်ဗင်္ယာမိန်နယ်မြေများရှိ၊- Garrad Bible ရော ဗောင် မင်း သည် ယေ ရု ရှ လင် မြို့၌ စံ၍ ယု ဒ ပြည် တွင် ခံ တပ် မြို့ များ ကို တည် ဆောက် ရာ Judson Bible ရောဗောင်သည် ယေရုရှလင်မြို့၌နေ၍၊ ယုဒပြည်၌ ခိုင်ခံ့သောမြို့တို့ကို ပြုစုရာတွင်၊ |
ရောဗောင်မင်းကြီးသည် ဉာဏ်ပြေးသူဖြစ်၏။ သူ၏သားတော်များကို ယုဒနယ်၊ ဗင်္ယာမိန်နယ်တစ်လျှောက်လုံးရှိ ခံတပ်မြို့တို့တွင် ပို့ထားပြီး စားနပ်ရိက္ခာအပြည့်အစုံနှင့် မယားအများအပြားကိုလည်း ရှာပေး၏။
ထိုမင်းကြီးသည် ယုဒပြည်ရှိ ခံတပ်မြို့များကို သိမ်းပိုက်ပြီး ဂျေရုဆလင်မြို့တိုင်အောင် ဆက်လက်ချီတက်၏။
ယုဒမြို့ရွာတို့တွင် အထွတ်အမြတ်ထားရာနေရာများ၊ နံ့သာပေါင်းမီးရှို့ရာယဇ်ပလ္လင်များကိုလည်း ဖယ်ရှားပစ်၏။ သူ့လက်ထက်တွင် နိုင်ငံတော်အေးချမ်းသာယာလျက် ရှိ၏။
အာသမင်းကြီးသည်လည်း ယုဒပြည်သူပြည်သားအပေါင်းတို့ကို ခေါ်ဆောင်လာ၍ ရာမမြို့ကိုဗာရှာမင်းကြီးတည်ရာ၌ အသုံးပြုခဲ့သော ကျောက်တုံး၊ သစ်သားများကို ယူဆောင်သွားစေကာ ထိုပစ္စည်းများဖြင့် ဂေဗမြို့နှင့် မိဇပါမြို့ကို တည်လေ၏။
ဤသို့ဖြင့် ယောရှဖတ်မင်းကြီးသည် အင်အားကြီးသည်ထက်ကြီးလာ၏။ ယုဒပြည်တွင် ခံတပ်များ၊ ပစ္စည်းသိုလှောင်ရာမြို့များကို တည်ဆောက်၏။
ယုဒပြည်ရှိ ခံတပ်မြို့အားလုံးတို့တွင် စစ်တပ်များကို ချထား၏။ ယုဒပြည်ရှိမြို့များနှင့် သူ၏ခမည်းတော်အာသမင်းကြီး သိမ်းယူခဲ့သောဧဖရိမ်ပြည်ရှိမြို့များတွင်လည်း မြို့စောင့်တပ်များကို ချထား၏။
သူတို့၏ခမည်းတော်သည် သူတို့အား ရွှေငွေများ၊ အဖိုးတန်အသုံးအဆောင်များ အများအပြားနှင့် ယုဒခံတပ်မြို့များကိုပါ ပေးထားပြီး သားတော်ယဟောရံကိုမူ သားဦးဖြစ်သောကြောင့် ထီးနန်းကို လွှဲအပ်ပေး၏။
သူသည် ဖိလိတ္တိလူမျိုးတို့ကို ချီတက်တိုက်ခိုက်ပြီး ဂါသမြို့ရိုး၊ ယာဗနေမြို့ရိုး၊ အာဇုတ်မြို့ရိုးတို့ကို ဖြိုဖျက်၏။ အာဇုတ်မြို့ဝန်းကျင်နှင့် ဖိလိတ္တိပြည်အတွင်းရှိ မြို့ရွာများကို ပြန်လည်တည်ဆောက်၏။
ယုဒတောင်ပေါ်ဒေသတွင်လည်း မြို့ရွာများကို တည်၏။ တောထဲတွင်လည်း ခံတပ်များ၊ မျှော်စင်များကို တည်၏။
ထိုအချိန်ကား ဘေဘီလုံဘုရင်နှင့် သူ၏စစ်သည်များက ဂျေရုဆလင်မြို့နှင့် ယုဒပြည်၌ကျန်ရှိသောမြို့များဖြစ်သည့် လာခိရှမြို့၊ အဇေကာမြို့တို့ကို တိုက်ခိုက်နေသောအချိန်ဖြစ်၏။ ဤကျန်ရှိသောမြို့တို့သည် ယုဒခံတပ်မြို့များဖြစ်၏။