၂ ရာချုပ် 27:4 - မြန်မာ့စံမီသမ္မာကျမ်း4 ယုဒတောင်ပေါ်ဒေသတွင်လည်း မြို့ရွာများကို တည်၏။ တောထဲတွင်လည်း ခံတပ်များ၊ မျှော်စင်များကို တည်၏။ အခန်းကိုကြည့်ပါ။Common Language Bible4 သူသည်ယုဒတောင်ရိုးများပေါ်တွင်မြို့ များကိုတည်၍ တောင်ကုန်းမြင့်များတွင် ခံတပ်များနှင့်မျှော်စင်များကိုတည် ဆောက်ခဲ့၏။ အခန်းကိုကြည့်ပါ။Garrad Bible4 ယု ဒ ခင် တန်း တွင် မြို့ ရွာ များ ကို လည်း ကောင်း၊ တော ကုန်း မြင့် တွင် ခံ တပ် များ နှင့် ရဲ တိုက် များ ကို လည်း ကောင်း၊ တည် ထား လေ ၏။ အခန်းကိုကြည့်ပါ။Judson Bible4 ယုဒတောင်ရိုးပေါ်မှာ မြို့များကိုလည်းကောင်း၊ တော၌ ရဲတိုက်များနှင့် ပြအိုးများကိုလည်းကောင်း တည်ထောင်လေ၏။ အခန်းကိုကြည့်ပါ။ |
အာသမင်းကြီးက ယုဒလူမျိုးတို့အား “ဤမြို့တို့ကို ငါတို့ တည်ဆောက်ကြစို့။ မြို့ကိုဝိုင်းရံထားသောမြို့ရိုး၊ ရဲတိုက်များ၊ တံခါးများနှင့် ကန့်လန့်ကျင်များကို ဆောက်လုပ်ကြစို့။ ငါတို့သည် ငါတို့၏ဘုရားသခင်ထာဝရဘုရားကိုရှာသောကြောင့် တိုင်းပြည်သည် ငါတို့ လက်ထဲ၌ရှိလေပြီ။ ကိုယ်တော်ကို ရှာသောကြောင့် ငါတို့ဝန်းကျင်၌ ငြိမ်းချမ်းခြင်းကို ပေးတော်မူပြီ”ဟု မိန့်ဆို၏။ ဤသို့ဖြင့် မြို့များကိုတည်ဆောက်အောင်မြင်လေ၏။