ငယ်သားတို့စားသောအရာနှင့် အကျွန်ုပ်နှင့်အတူလိုက်ခဲ့သော အာနေရ၊ ဧရှကောလနှင့် မံရေတို့၏ဝေစုကိုသာ ယူပါမည်။ သူတို့ဝေစုကိုသူတို့ယူကြပါစေ”ဟု သောဒုံဘုရင်အား ဆိုလေ၏။
၂ ရာချုပ် 11:1 - မြန်မာ့စံမီသမ္မာကျမ်း ရောဗောင်မင်းကြီးသည် ဂျေရုဆလင်မြို့သို့ရောက်လာလျှင် အစ္စရေးလူမျိုးတို့ကိုတိုက်ခိုက်ပြီး ရောဗောင်အဖို့ နိုင်ငံတော်ပြန်ရယူရန် ယုဒအမျိုးအနွယ်နှင့် ဗင်္ယာမိန်အမျိုးအနွယ်တို့မှ လက်ရွေးစင်စစ်သားတစ်သိန်းရှစ်သောင်းကို စုဝေးစေ၏။ Common Language Bible ရောဗောင်မင်းသည်ယေရုရှလင်မြို့သို့ပြန် ရောက်လာသောအခါ ဗင်္ယာမိန်နှင့်ယုဒအနွယ် ဝင်လက်ရွေးစင်တပ်သားတစ်သိန်းရှစ်သောင်း ကိုစုရုံးစေတော်မူ၏။ မင်းကြီးသည်ဣသရေလ ပြည်မြောက်ပိုင်းနယ်မြေများကို ပြန်လည်သိမ်း ပိုက်နိုင်ရန်စစ်ဆင်မည်အကြံရှိတော်မူ၏။- Garrad Bible ယေ ရု ရှ လင် မြို့ သို့ ရော ဗောင် မင်း ပြန် ရောက် သော အ ခါ ဣ သ ရေ လ အ မျိုး နှင့် စစ် တိုက်၍ နိုင် ငံ တော် ကို ရော ဗောင် မင်း လက် သို့ ပြန် ရောက် စေ ရန် ယု ဒ၊ ဗင်္ယာ မိန့် အ နွယ် တို့ တွင် လက် ရွေး သူ ရဲ ပေါင်း တစ် သိန်း ရှစ် သောင်း တို့ ကို စု ရုံး သည့် ကာ လ၊ Judson Bible ရောဗောင်သည် ယေရုရှလင်မြို့သို့ ရောက်သောအခါ၊ ဣသရေလအမျိုးကို စစ်တိုက်၍၊ နိုင်ငံတော်ကို ရောဗောင်လက်သို့ ရောက်ပြန်စေခြင်းငှာ၊ ယုဒအမျိုးနှင့် ဗင်္ယာမိန်အမျိုးထဲက ရွေးချယ်သောစစ်သူရဲ တစ်သိန်းရှစ်သောင်းတို့ကို စုဝေးစေ၏။ |
ငယ်သားတို့စားသောအရာနှင့် အကျွန်ုပ်နှင့်အတူလိုက်ခဲ့သော အာနေရ၊ ဧရှကောလနှင့် မံရေတို့၏ဝေစုကိုသာ ယူပါမည်။ သူတို့ဝေစုကိုသူတို့ယူကြပါစေ”ဟု သောဒုံဘုရင်အား ဆိုလေ၏။
အစ္စရေးလူမျိုးတစ်မျိုးလုံးသည် ရောဗောင်ကိုမင်းမြှောက်ရန် ရှေခင်မြို့သို့ရောက်လာကြသဖြင့် ရောဗောင်သည်လည်း ရှေခင်မြို့သို့သွား၏။
ထာဝရဘုရားသည် တိုင်းနိုင်ငံတို့၏အကြံဉာဏ်ကို ပယ်ဖျက်၍ လူမျိုးတို့၏အကြံအစည်များကို ဟန့်တားတော်မူ၏။
ရှင်ဘုရင်သည် စစ်သည်အလုံးအရင်းကြောင့် ကယ်တင်ခြင်းခံရသည်မဟုတ်။ စစ်သူရဲသည် ကြီးမားသောခွန်အားကြောင့် လွတ်မြောက်ခွင့်ရသည်မဟုတ်။