ငါ့နာမတည်ရန် ငါ့အဖို့ ငါရွေးချယ်ရာနေရာ ဂျေရုဆလင်မြို့တွင် ငါ့အစေအပါး ဒါဝိဒ်မင်းကြီး၏မီးခွက်သည် ငါ့ရှေ့မှောက်တွင် အစဉ်အမြဲလင်းနေစေရန် ရှောလမုန်မင်းကြီး၏သားတော်ကို မျိုးနွယ်တစ်နွယ် ငါပေးမည်။
၂ ရာချုပ် 10:17 - မြန်မာ့စံမီသမ္မာကျမ်း သို့သော် ယုဒမြို့ရွာများတွင်နေထိုင်သော အစ္စရေးအမျိုးသားတို့ကိုကား ရောဗောင်မင်းကြီးအုပ်စိုးရ၏။ Common Language Bible ရောဗောင်သည်ယုဒနယ်မြေတွင်နေထိုင်သူတို့ ကိုသာအုပ်စိုးရလေ၏။ Garrad Bible ယု ဒ နယ် မြို့ ရွာ များ တွင် နေ ထိုင် သော ဣ သ ရေ လ အ မျိုး သား တို့ ကို ကား ရော ဗောင် မင်း အုပ် စိုး ရ လေ ၏။ Judson Bible သို့ရာတွင် ယုဒမြို့ရွာတို့၌နေသော ဣသရေလလူတို့ကို၊ ရောဗောင်သည် အုပ်စိုးရသေး၏။ |
ငါ့နာမတည်ရန် ငါ့အဖို့ ငါရွေးချယ်ရာနေရာ ဂျေရုဆလင်မြို့တွင် ငါ့အစေအပါး ဒါဝိဒ်မင်းကြီး၏မီးခွက်သည် ငါ့ရှေ့မှောက်တွင် အစဉ်အမြဲလင်းနေစေရန် ရှောလမုန်မင်းကြီး၏သားတော်ကို မျိုးနွယ်တစ်နွယ် ငါပေးမည်။
သို့သော် ယုဒမြို့ရွာများတွင်နေထိုင်သော အစ္စရေးအမျိုးသားတို့ကိုကား ရောဗောင်မင်းကြီးအုပ်စိုးရ၏။
အစ္စရေးလူမျိုးအပေါင်းတို့သည် မိမိတို့စကားကို ရှင်ဘုရင်နားမထောင်ကြောင်း သိမြင်လျှင် သူတို့က ရှင်ဘုရင်အား “ဒါဝိဒ်မင်းကြီး၌ ငါတို့ မည်သည့်ဝေစုရှိသနည်း။ ယေရှဲ၏သား၌ ငါတို့အမွေခံစရာမရှိ။ အို အစ္စရေးလူမျိုးတို့၊ ကိုယ့်တဲသို့ ကိုယ်ပြန်ကြလော့။ အို ဒါဝိဒ်မင်းကြီး၊ ကိုယ့်အမျိုးအနွယ်ကို စောင့်ရှောက်ပါလော့”ဟု ပြန်ပြောပြီး အစ္စရေးလူမျိုးအပေါင်းတို့သည် ကိုယ့်တဲသို့ ကိုယ်ပြန်သွားကြလေ၏။
တစ်နေ့တွင် ရောဗောင်မင်းကြီးသည် ချွေးတပ်အုပ်ဟဒေါရံကိုစေလွှတ်ရာ အစ္စရေးအမျိုးသားတို့သည် သူ့ကို ကျောက်ခဲနှင့်ပေါက်သဖြင့် သူသေလေ၏။ ထိုအခါ ရောဗောင်မင်းကြီးသည် မြင်းရထားပေါ်သို့ အလျင်အမြန်တက်စီးပြီး ဂျေရုဆလင်မြို့သို့ ထွက်ပြေးလေ၏။
ရောဗောင်မင်းကြီးသည် ဂျေရုဆလင်မြို့သို့ရောက်လာလျှင် အစ္စရေးလူမျိုးတို့ကိုတိုက်ခိုက်ပြီး ရောဗောင်အဖို့ နိုင်ငံတော်ပြန်ရယူရန် ယုဒအမျိုးအနွယ်နှင့် ဗင်္ယာမိန်အမျိုးအနွယ်တို့မှ လက်ရွေးစင်စစ်သားတစ်သိန်းရှစ်သောင်းကို စုဝေးစေ၏။
မြို့တိုင်းတွင် ဒိုင်းလွှားများ၊ လှံများ ထားရှိပြီး တောင့်တင်းခိုင်မာအောင်ပြု၏။ ဤသို့ဖြင့် ယုဒပြည်နှင့် ဗင်္ယာမိန်ပြည်ကို အုပ်ချုပ်လေ၏။
“ရှောလမုန်မင်းကြီး၏သားတော် ယုဒဘုရင်ရောဗောင်မင်းကြီးမှစ၍ ယုဒပြည်၊ ဗင်္ယာမိန်ပြည်ရှိ အစ္စရေးလူမျိုးအပေါင်းတို့အား
“အချင်းလူသား၊ တုတ်တစ်ချောင်းကိုယူ၍ ထိုတုတ်ပေါ်တွင် ‘ယုဒအမျိုးနှင့် ယုဒအမျိုး၏အပေါင်းအဖော် အစ္စရေးအမျိုးသားတို့အတွက်’ဟု ရေးထားလော့။ နောက်တုတ်တစ်ချောင်းကိုယူ၍ ‘ယောသပ်အမျိုးအတွက် ဧဖရိမ်တုတ်နှင့် ယောသပ်အမျိုး၏အပေါင်းအဖော် အစ္စရေးအမျိုးသားအပေါင်းတို့အတွက်’ဟု ရေးထားလော့။