၂ ရာချုပ် 10:16 - မြန်မာ့စံမီသမ္မာကျမ်း16 အစ္စရေးလူမျိုးအပေါင်းတို့သည် မိမိတို့စကားကို ရှင်ဘုရင်နားမထောင်ကြောင်း သိမြင်လျှင် သူတို့က ရှင်ဘုရင်အား “ဒါဝိဒ်မင်းကြီး၌ ငါတို့ မည်သည့်ဝေစုရှိသနည်း။ ယေရှဲ၏သား၌ ငါတို့အမွေခံစရာမရှိ။ အို အစ္စရေးလူမျိုးတို့၊ ကိုယ့်တဲသို့ ကိုယ်ပြန်ကြလော့။ အို ဒါဝိဒ်မင်းကြီး၊ ကိုယ့်အမျိုးအနွယ်ကို စောင့်ရှောက်ပါလော့”ဟု ပြန်ပြောပြီး အစ္စရေးလူမျိုးအပေါင်းတို့သည် ကိုယ့်တဲသို့ ကိုယ်ပြန်သွားကြလေ၏။ အခန်းကိုကြည့်ပါ။Common Language Bible16 မိမိတို့၏စကားကို နားထောင်တော့မည်မ ဟုတ်ကြောင်းသိရှိကြသောအခါ လူတို့ သည်``ဒါဝိဒ်နှင့်သူ၏အိမ်ထောင်စုသားထံ မှငါတို့ဝေပုံမရ။ ယေရှဲ၏သား၌ငါတို့ အမွေမခံရ။ အို ဣသရေလပြည်သူတို့၊ ငါတို့နေရပ်သို့ပြန်ကြကုန်အံ့။ ရောဗောင် သည်မိမိအိမ်ထောင်ကိုကြည့်ရှုပါစေ'' ဟုဟစ်အော်ကြကုန်၏။ သို့ဖြစ်၍ဣသရေလပြည်သူတို့ပုန်ကန်ကြ သဖြင့်၊- အခန်းကိုကြည့်ပါ။Garrad Bible16 ဣ သ ရေ လ တစ် မျိုး လုံး သည် ဘု ရင် မင်း နား မ ဝင် ကြောင်း သိ မြင် လျှင် အို ဣ သ ရေ လ လူ မျိုး တို့၊ အ သီး အ သီး နေ အိမ် သို့ ပြန် သွား ကြ လော့။ ဒါ ဝိဒ် မင်း သည် ငါ တို့ ဝေ ပုံ လော။ ယေ ရှဲ သား သည် ငါ တို့ ပိုင် စု မ ဟုတ် ချေ။ အို ဒါ ဝိဒ်၊ ကိုယ့် အိမ် ထောင် ကို မြင် လှည့် ဦး လော့ ဟု ဘု ရင် မင်း ရှေ့ ပြန် ပြော လျက် ဣ သ ရေ လ တစ် မျိုး လုံး နေ အိမ် များ သို့ ပြန် သွား ကြ ကုန် ၏။ အခန်းကိုကြည့်ပါ။Judson Bible16 ဣသရေလအမျိုးသား အပေါင်းတို့သည် ရှင်ဘုရင်နားမထောင်ကြောင်းကို သိမြင်လျှင်၊ ငါတို့သည် ဒါဝိဒ်နှင့် အဘယ်သို့ဆက်ဆံသနည်း။ ယေရှဲ၏သားနှင့် အဘယ်သို့ အမွေခံရသေးသနည်း။ အိုဣသရေလအမျိုး၊ သင်တို့နေရာသို့ အသီးအသီးသွားကြ။ အိုဒါဝိဒ်၊ သင်၏ အိမ်ကိုကြည့်ရှုလော့ဟု ရှင်ဘုရင်အား ပြန်ပြောလျက်၊ ဣသရေလလူအပေါင်းတို့သည် မိမိတို့နေရာသို့ ပြန်သွားကြ၏။ အခန်းကိုကြည့်ပါ။ |