တစ်ဖန် ဖိလိတ္တိလူမျိုးတို့သည် အစ္စရေးလူမျိုးတို့ကို စစ်လာတိုက်ကြပြန်၏။ ဒါဝိဒ်မင်းကြီးသည် မိမိစစ်သည်တို့နှင့်အတူသွား၍ ဖိလိတ္တိလူမျိုးတို့ကို တိုက်ခိုက်ရာ ဒါဝိဒ်မင်းကြီး အလွန်မောပန်းနေစဉ်တွင်
၂ ရာ 5:22 - မြန်မာ့စံမီသမ္မာကျမ်း ဖိလိတ္တိစစ်သည်တို့သည် နောက်တစ်ကြိမ် ချီလာ၍ ရေဖိမ်ချိုင့်ဝှမ်းတွင် တပ်ဖြန့်နေရာယူကြပြန်၏။ Common Language Bible ထိုနောက်ဖိလိတ္တိအမျိုးသားတို့သည်ရေဖိမ် ချိုင့်ဝှမ်းသို့ပြန်လာပြီးလျှင်ထိုအရပ်ကို သိမ်းပိုက်ကြပြန်၏။- Garrad Bible တစ် ဖန် ဖိ လိ တ္တိ တပ် ချီ တက် ပြန်၍ ရေ ဖိမ့် ချိုင့် တွင် အ နှံ့ အ ပြား တပ် ချ ကြ ရာ၊ Judson Bible တစ်ဖန် ဖိလိတ္တိလူတို့သည်လာ၍ ရေဖိမ်ချိုင့်၌ အနှံ့အပြားနေကြ၏။ |
တစ်ဖန် ဖိလိတ္တိလူမျိုးတို့သည် အစ္စရေးလူမျိုးတို့ကို စစ်လာတိုက်ကြပြန်၏။ ဒါဝိဒ်မင်းကြီးသည် မိမိစစ်သည်တို့နှင့်အတူသွား၍ ဖိလိတ္တိလူမျိုးတို့ကို တိုက်ခိုက်ရာ ဒါဝိဒ်မင်းကြီး အလွန်မောပန်းနေစဉ်တွင်
ရိတ်သိမ်းရာကာလတွင် စစ်သူရဲသုံးဆယ်ထဲမှ သုံးဦးသည် ဒါဝိဒ်မင်းကြီးရှိရာ အဒုလံလိုဏ်ဂူသို့ ဆင်းသွားကြ၏။ ဖိလိတ္တိတပ်မူကား ရေဖိမ်ချိုင့်ဝှမ်းတွင် စခန်းချလျက်ရှိ၏။
ဖိလိတ္တိစစ်သည်တို့သည် ချီလာ၍ ရေဖိမ်ချိုင့်ဝှမ်းတွင် တပ်ဖြန့်နေရာယူကြလေ၏။
ထိုအခါ ပရောဖက်သည် အစ္စရေးဘုရင်ထံရောက်လာ၍ “ဆီးရီးယားဘုရင်သည် နှစ်ဦးပိုင်းတွင် သင့်ကို ပြန်လာတိုက်လိမ့်ဦးမည်။ သင်သွား၍ စစ်အင်အားဖြည့်လော့။ သင်မည်သို့ပြုရမည်ကို ဆင်ခြင်သတိပြုလော့”ဟု သူ့အား ဆင့်ဆို၏။
ဖိလိတ္တိစစ်သည်တို့သည် နောက်တစ်ကြိမ် ရေဖိမ်ချိုင့်ဝှမ်းကို ဝင်ရောက်တိုက်ခိုက်ကြပြန်၏။
ရိတ်သိမ်းသူသည် စပါးပင်ကိုစု၍ မိမိလက်ရုံးအားဖြင့် ရိတ်သိမ်းသကဲ့သို့လည်းကောင်း၊ ရေဖိမ်ချိုင့်ဝှမ်း၌ စပါးနှံများကို ကောက်သင်းကောက်သကဲ့သို့လည်းကောင်း ဖြစ်လိမ့်မည်။
တစ်ဖန် နယ်နိမိတ်သည် ဗင်ဟိန္နုံချိုင့်ဝှမ်းမှ ဂျေရုဆလင် ခေါ် ယေဗုသိမြို့တောင်ဘက်ရှိ တောင်စောင်းတစ်လျှောက် တက်သွား၏။ ထိုမှ နယ်နိမိတ်သည် ရေဖိမ်ချိုင့်ဝှမ်း၏မြောက်ဘက်အဆုံးရှိ ဟိန္နုံချိုင့်ဝှမ်း၏အနောက်ဘက်နှင့်မျက်နှာချင်းဆိုင်သော တောင်ထိပ်အထိ တက်သွား၏။