ထို့နောက် ဒါဝိဒ်သည် ရှောလုမင်းကြီးနှင့် သူ့သားယောနသန်အတွက် ငိုချင်းဖွဲ့လေ၏။
၂ ရာ 3:33 - မြန်မာ့စံမီသမ္မာကျမ်း ရှင်ဘုရင်သည် အာဗနာအတွက် ငိုချင်းချရင်း “အာဗနာသည် လူမိုက်သေသကဲ့သို့ သေရပါပြီတကား။ Common Language Bible ဒါဝိဒ်သည်အာဗနာအတွက်ငိုချင်းကိုဖွဲ့ ဆိုတော်မူ၏။ အဆိုပါငိုချင်းမှာ ``အို အာဗနာသင်သည်အဘယ်ကြောင့် လူမိုက်တစ်ယောက်ကဲ့သို့သေရပါသနည်း။ Garrad Bible ဘု ရင် မင်း သည် အာ ဗ နာ အ တွက် ငို ချင်း ဖွဲ့ ဆို သည် မှာ အို အာ ဗ နာ၊ သင် သည် သူ မိုက် သေ၊ သေ အပ် သ လော။ Judson Bible ရှင်ဘုရင်သည် အာဗနာအတွက် မြည်တမ်းသည်ကား၊ အာဗနာသည် လူမိုက်ကဲ့သို့သေသလော။ |
ထို့နောက် ဒါဝိဒ်သည် ရှောလုမင်းကြီးနှင့် သူ့သားယောနသန်အတွက် ငိုချင်းဖွဲ့လေ၏။
သင့်လက်ကိုမချုပ်နှောင်၊ သင့်ခြေကို ခြေချင်းမခတ်ဘဲ ကောက်ကျစ်သောသူ၏လက်ချက်ဖြင့် သင်သေရပါပြီတကား”ဟု ဆိုသဖြင့် လူအပေါင်းတို့သည် ထပ်မံငိုကြွေးကြပြန်၏။
ယေရမိသည် ယောရှိမင်းကြီးအတွက် ငိုချင်းကို ဖွဲ့ခဲ့၏။ သီချင်းသည်ယောက်ျားမိန်းမအပေါင်းတို့သည်လည်း ယောရှိမင်းကြီးအတွက် ငိုချင်းများကို ယနေ့တိုင် သီဆိုနေကြ၏။ ထိုငိုချင်းတို့ကို အစ္စရေးပြည်၏ဓလေ့ထုံးတမ်းတစ်ခုအဖြစ်ထားရှိပြီး မြည်တမ်းစာ၌ရေးမှတ်ထားကြ၏။
မိုက်မဲသောသူ၏နှုတ်သည် သူ့အတွက် ပျက်စီးခြင်းအကြောင်းဖြစ်၏။ သူ၏နှုတ်ခမ်းသည်လည်း သူ၏စိတ်ဝိညာဉ်ကိုဖမ်းမိသောထောင်ချောက်ဖြစ်၏။
ခါငှက်သည် မိမိမဥသောဥကိုဝပ်သကဲ့သို့ မတရားသောသူသည် ဓနဥစ္စာသိုမှီးတတ်၏။ သို့သော်လည်း သူသည် သက်တမ်းတစ်ဝက်၌ပင် မိမိဓနဥစ္စာကို စွန့်ထားခဲ့ရ၍ အဆုံး၌ မိုက်မဲသောသူဖြစ်သွားလိမ့်မည်”ဟု မိန့်တော်မူ၏။
လူမျိုးတကာတို့မှ ငိုချင်းသည်မိန်းမတို့က ငိုချင်းဆိုကြလိမ့်မည်။ အီဂျစ်ပြည်နှင့် သူ၏လူအလုံးအရင်းတို့ကြောင့် ငိုချင်းဆိုကြလိမ့်မည်။ ဤသည်ကား အီဂျစ်ပြည်အတွက် ငိုချင်းဖြစ်၏’ဟူ၍ ဘုရားရှင်ထာဝရဘုရား မိန့်တော်မူသည်”ဟု မိန့်ဆို၏။