ဒါဝိဒ်မင်းကြီး၏သားအဗရှလုံတွင် တာမာအမည်ရှိသော၊ အဆင်းလှသောနှမတစ်ဦးရှိ၏။ ဒါဝိဒ်မင်းကြီး၏သားအာမနုန်သည် တာမာကိုချစ်၏။
၂ ရာ 3:3 - မြန်မာ့စံမီသမ္မာကျမ်း ဒုတိယသားမှာ ကရမေလမြို့သူ နာဗလ၏မယားဖြစ်ဖူးခဲ့သောအဘိဂဲလနှင့်ရသောခိလပ်၊ တတိယသားမှာ ဂေရှုရဘုရင်တာလမဲမင်းကြီး၏သမီးတော်မာခါနှင့်ရသောအဗရှလုံ၊ Common Language Bible ဒုတိယသားမှာခိလပ်ဖြစ်၍သူ၏မိခင်ကား ကရမေလမြို့မှနာဗလ၏မုဆိုးမအဘိ ဂဲလဖြစ်၏။ တတိယသားကားအဗရှလုံ ဖြစ်၏။ သူ၏မိခင်မှာဂေရှုရဘုရင်တာလမဲ ၏သမီးတော်မာခါဖြစ်၏။- Garrad Bible ဒု တိ ယ သား ကား က ရ မေ လ အ ရပ် နေ နာဗ လ၏ ခင် ပွန်း ဟောင်း အ ဘိ ဂဲ လ မြင် သော သား တော် ခိ လပ်၊ တ တိ ယ သား ကား၊ ဂေ ရှု ရ ဘု ရင် တာ လ မဲ မင်း၏ သ မီး တော် မာ ခါ မြင် သော သား တော် အ ဗ ရှ လုံ၊ Judson Bible ဒုတိယသားကား၊ နာဗလမယား၊ ကရမေလမြို့သူ အဘိဂဲလတွင်မြင်သောသား ခိလပ်တည်း။ တတိယသားကား၊ ဂေရှုရိရှင်ဘုရင်တာလမဲသမီး မာခါ၏သား အဗရှလုံတည်း။ |
ဒါဝိဒ်မင်းကြီး၏သားအဗရှလုံတွင် တာမာအမည်ရှိသော၊ အဆင်းလှသောနှမတစ်ဦးရှိ၏။ ဒါဝိဒ်မင်းကြီး၏သားအာမနုန်သည် တာမာကိုချစ်၏။
ထို့နောက် ယွာဘသည် ဂေရှုရမြို့သို့ထသွားပြီး အဗရှလုံကို ဂျေရုဆလင်မြို့သို့ ပြန်ခေါ်လာ၏။
သို့သော် ရှင်ဘုရင်က “သူသည် သူ့နန်းဆောင်သို့သာသွားရမည်။ ငါ့မျက်နှာကိုလာမဖူးမြော်စေနှင့်”ဟု မိန့်ဆိုသဖြင့် အဗရှလုံသည် ရှင်ဘုရင်မျက်နှာတော်ကိုမဖူးမြော်ရဘဲ မိမိနန်းဆောင်သို့ပြန်သွား၏။
အဗရှလုံက ယွာဘအား “ငါ့ထံသို့ လာပါ။ ငါသည် သင့်ကို ရှင်ဘုရင်ထံစေလွှတ်ပြီး ‘အကျွန်ုပ်သည် ဂေရှုရမြို့မှ ဤနေရာသို့ အဘယ်ကြောင့်ပြန်လာရပါသနည်း။ ထိုမြို့တွင်နေရခြင်းက အကျွန်ုပ်အတွက် သာ၍ကောင်းသေး၏။ အပြစ်ရှိလျှင်လည်း ကွပ်မျက်တော်မူပါ။ ယခု ရှင်ဘုရင်၏မျက်နှာတော်ကို ဖူးမြော်ပါရစေ’ဟု ရှင်ဘုရင်ထံလျှောက်တင်ပေးရန် လူလွှတ်ခေါ်သည်ကို သင်က အဘယ်ကြောင့် မလာသနည်း”ဟု ဆို၏။
လေးနှစ်မျှကြာလာသောအခါ အဗရှလုံက ရှင်ဘုရင်အား “အကျွန်ုပ်သည် ထာဝရဘုရားထံ ကတိသစ္စာပြုခဲ့သည့်အတိုင်း ကတိသစ္စာဝတ်ကိုဖြေရန် ဟေဗြုန်မြို့သို့ သွားပါရစေ။
အကျွန်ုပ်သည် ဆီးရီးယားပြည်၊ ဂေရှုရမြို့တွင်နေစဉ်က ‘ထာဝရဘုရားသည် အကျွန်ုပ်ကို ဂျေရုဆလင်မြို့သို့ အမှန်တကယ်ပြန်လည်ပို့ဆောင်တော်မူလျှင် ထာဝရဘုရားကို အကျွန်ုပ်ဝတ်ပြုပါမည်’ဟု ကျွန်တော်မျိုးကတိသစ္စာပြုခဲ့ပါပြီ”ဟု လျှောက်၏။
ထိုအခါ ရှင်ဘုရင်သည် တုန်လှုပ်လျက်၊ မြို့တံခါးအထက်ခန်းသို့ တက်သွားပြီးလျှင် လမ်းလျှောက်ရင်း ငိုကြွေးလျက် “အို ငါ့သား၊ ငါ့သား အဗရှလုံ၊ ငါ့သား အဗရှလုံ၊ အဘယ်ကြောင့် သင့်အစား ငါမသေရသနည်း။ အို ငါ့သား၊ ငါ့သား အဗရှလုံ”ဟု မြည်တမ်းလေ၏။
ဤသို့ဖြင့် ဒါဝိဒ်သည် ဟေဗြုန်မြို့သို့ တက်သွားရာတွင် သူ၏မယားနှစ်ဦးဖြစ်သော ယေဇရေလမြို့သူ အဟိနောင်နှင့် ကရမေလမြို့သူ နာဗလ၏မယားဖြစ်ခဲ့ဖူးသော အဘိဂဲလတို့လည်း ပါလေ၏။
သူ့ခမည်းတော်သည် သူစိတ်ဆင်းရဲအောင် “သင် အဘယ်ကြောင့် ဤသို့ပြုသနည်း”ဟု တစ်ခါမျှမဆိုဖူးပေ။ အဒေါနိယသည် အဗရှလုံ၏ညီဖြစ်ပြီး ရုပ်ရည်အလွန်ချောသူဖြစ်၏။
ထိုအခါ အဒေါနိယက “အစ္စရေးလူမျိုးအပေါင်းတို့သည် အကျွန်ုပ်ကို ရှင်ဘုရင်အဖြစ်လက်ခံ၍ ဤနိုင်ငံတော်ကို အကျွန်ုပ်ပိုင်ကြောင်း မယ်တော်သိပါ၏။ သို့သော် နိုင်ငံတော်သည် အကျွန်ုပ်လက်မှလွတ်၍ ညီတော်ထံ ရောက်သွားလေပြီ။ အကယ်စင်စစ် ထာဝရဘုရားသည် သူ့ထံသို့ ရောက်စေတော်မူပြီ။
ဟေဗြုန်မြို့၌ ဒါဝိဒ်မင်းကြီးရသောသားများတွင် သားဦးမှာ ယေဇရေလမြို့သူအဟိနောင်နှင့်ရသောအာမနုန်၊ ဒုတိယသားမှာ ကရမေလမြို့သူအဘိဂဲလနှင့်ရသောဒံယေလ၊
တတိယသားမှာ ဂေရှုရဘုရင်တာလမဲမင်းကြီး၏သမီးတော် မာခါနှင့်ရသောအဗရှလုံ၊ စတုတ္ထသားမှာ ဟဂ္ဂိတ်နှင့်ရသောအဒေါနိယ၊
မနာရှေအမျိုး ယာဣရသည် ဂေရှုရိလူမျိုးနှင့်မာခါသိလူမျိုးတို့၏နယ်နိမိတ်တိုင်အောင် အာဂေါဘနယ်မြေတစ်ဝန်းလုံးဖြစ်သော ဗာရှန်ပြည်ကိုသိမ်းယူ၍ မိမိ၏အမည်ဖြင့် ဟာဝုတ်ယာဣရ ဟုယနေ့တိုင်အောင် မှည့်ခေါ်လေ၏။)
သို့သော် အစ္စရေးအမျိုးသားတို့သည် ဂေရှုရိလူမျိုး၊ မာခါသိလူမျိုးတို့ကို မနှင်ထုတ်ခဲ့ပေ။ ယနေ့တိုင်အောင် ဂေရှုရပြည်သား၊ မာခါပြည်သားတို့သည် အစ္စရေးလူမျိုးတို့နှင့်အတူ နေထိုင်လျက်ရှိကြ၏။
သူ့အမည်မှာ နာဗလ၊ သူ့မယားအမည်မှာ အဘိဂဲလဖြစ်၏။ သူ့မယားသည် ဉာဏ်ရည်ထက်မြက်ပြီး ရုပ်ရည်လည်း ချောမောလှပသူဖြစ်၏။ နာဗလမူကား ကာလက်လူမျိုးဖြစ်ပြီး ကြမ်းတမ်းသောသူ၊ စရိုက်ဆိုးသွမ်းသောသူဖြစ်၏။
အဘိဂဲလသည် ချက်ချင်းထ၍ အနီးကပ်အစေခံအမျိုးသမီးငါးဦးပါလျက် မြည်းကိုစီးကာ ဒါဝိဒ်၏တမန်တို့နှင့်အတူ လိုက်သွား၍ ဒါဝိဒ်၏မယားအဖြစ် ခံယူလေ၏။
ထိုသို့နေစဉ်တွင် ဒါဝိဒ်နှင့် သူ့နောက်လိုက်တို့သည် ဂေရှုရိလူမျိုး၊ ဂေရဇိလူမျိုးနှင့် အာမလက်လူမျိုးတို့ ရှေးကတည်းကပင် နေထိုင်ရာဖြစ်သော ရှုရအရပ်တစ်လျှောက် အီဂျစ်ပြည်အထိ ချီတက်တိုက်ခိုက်လေ့ရှိ၏။