ရှောလုမင်းကြီး၏သားဣရှဗောရှက်သည် အစ္စရေးဘုရင်ဖြစ်လာချိန်တွင် သက်တော်လေးဆယ်ရှိ၍ တိုင်းပြည်ကို နှစ်နှစ် အုပ်စိုး၏။ ယုဒအမျိုးအနွယ်တို့မူကား ဒါဝိဒ်မင်းကြီးနောက်သို့လိုက်ကြ၏။
၂ ရာ 3:14 - မြန်မာ့စံမီသမ္မာကျမ်း ဒါဝိဒ်မင်းကြီးသည် ရှောလုမင်းကြီး၏သား ဣရှဗောရှက်မင်းကြီးထံသို့လည်း တမန်ကိုစေလွှတ်၍ “ဖိလိတ္တိလူမျိုးတို့၏အရေဖျားတစ်ရာဖြင့် လဲယူခဲ့ရသော ငါ့မယားမိခါလကို ပြန်ပေးပါ”ဟု မှာလိုက်လေ၏။ Common Language Bible ထိုနောက်ဒါဝိဒ်သည်ဣရှဗောရှက်ထံစေတမန် များလွှတ်၍``ငါ၏ဇနီးမိခါလကိုပြန်၍ ပေးလော့။ ငါသည်သူ့ကိုထိမ်းမြားနိုင်ရန် ဖိလိတ္တိအမျိုးသားအရေဖျားတစ်ရာဖြင့် ဝယ်ယူခဲ့ရ၏'' ဟုမှာကြားလိုက်၏။- Garrad Bible ရှော လု မင်း သား တော် ဣ ရှ ဗော ရှက် မင်း ထံ တ မန် တို့ ကို စေ လွှတ် လျက်၊ ဖိ လိ တ္တိ တို့ အ ရေ ဖျား တစ် ရာ နှင့် ကန် တော့ လက် ဆောင် တင် သွင်း၍ ရ သော ငါ့ ကြင် ဘက် မိ ခါ လ ကို ပို့ အပ် ပါ လော့ ဟု အ မှာ တော် သ လိုက် သည့် အ တိုင်း Judson Bible ဒါဝိဒ်သည်လည်း သံတမန်တို့ကို ရှောလုသား ဣရှဗောရှက်ထံသို့ စေလွှတ်၍၊ ငါသည် ဖိလိတ္တိလူအရေဖျားတစ်ရာနှင့် ဝယ်ယူသော ငါ့မယားမိခါလကို အပ်လိုက်ရမည်ဟု မှာလိုက်သည်အတိုင်း၊ |
ရှောလုမင်းကြီး၏သားဣရှဗောရှက်သည် အစ္စရေးဘုရင်ဖြစ်လာချိန်တွင် သက်တော်လေးဆယ်ရှိ၍ တိုင်းပြည်ကို နှစ်နှစ် အုပ်စိုး၏။ ယုဒအမျိုးအနွယ်တို့မူကား ဒါဝိဒ်မင်းကြီးနောက်သို့လိုက်ကြ၏။
ထို့ကြောင့် ဣရှဗောရှက်မင်းကြီးသည် လူလွှတ်၍ မိခါလကို သူ့ယောက်ျားဖြစ်သော လဲရှ၏သား ပါလတေလထံမှ ပြန်ခေါ်လာစေ၏။
ဒါဝိဒ်မြို့တွင်းသို့ ထာဝရဘုရား၏သေတ္တာတော် ဝင်ရောက်လာသောအခါ ရှောလုမင်းကြီး၏သမီးတော် မိခါလသည် ပြတင်းပေါက်မှလှမ်းကြည့်ရာ ဒါဝိဒ်မင်းကြီးသည် ထာဝရဘုရားရှေ့တော်တွင် ကခုန်လျက်လိုက်ပါလာသည်ကို မြင်လျှင် သူ့စိတ်ထဲတွင် ဒါဝိဒ်မင်းကြီးကို မထီလေးစားပြုမိလေ၏။
ယေရှုခရစ်တော်၏ဖွားမြင်တော်မူခြင်းမှာ ဤသို့ဖြစ်၏။ ကိုယ်တော်၏မယ်တော်မာရိသည် ယောသပ်နှင့်စေ့စပ်ထား၍ ပေါင်းဖက်နေထိုင်ခြင်းမပြုမီ သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် သန္ဓေတည်သည်ကို တွေ့ရ၏။
ရှောလုမင်းကြီးကလည်း “သင်တို့သည် ဒါဝိဒ်အား ‘ရှင်ဘုရင်၏ရန်သူဖြစ်သော ဖိလိတ္တိလူမျိုးတို့ကို လက်တုံ့ပြန်ရန် သူတို့၏ထိပ်ဖုံးအရေပြားတစ်ရာမှတစ်ပါး မည်သည့်မင်္ဂလာကြေးကိုမျှ ရှင်ဘုရင် အလိုမရှိပါ’ဟူ၍ ပြောကြားလော့”ဟု ဆို၏။ ရှောလုမင်းကြီး၏အကြံမှာ ဖိလိတ္တိလူမျိုးတို့လက်ဖြင့် ဒါဝိဒ် ကျဆုံးစေရန် ဖြစ်၏။
ဒါဝိဒ်နှင့် သူ့လူတို့သည် ထသွား၍ ဖိလိတ္တိလူမျိုးအယောက်နှစ်ရာကိုသတ်လေ၏။ ထို့နောက် ဒါဝိဒ်သည် ထိုသူတို့၏ထိပ်ဖုံးအရေပြားကိုယူလာ၍ ဘုရင့်သမက်တော်ဖြစ်ရဖို့ ရှင်ဘုရင်အား အတိအကျဆက်သလေ၏။ ထို့ကြောင့် ရှောလုမင်းကြီးသည် မိမိသမီး မိခါလကို ဒါဝိဒ်နှင့် ပေးစားလေ၏။
ဒါဝိဒ်၏မယားမိခါလကိုမူ သူ့ခမည်းတော်ရှောလုမင်းကြီးသည် ဂလ္လိမ်မြို့သား၊ လဲရှ၏သား ပါလတိနှင့် ပေးစားထားနှင့်ခဲ့ပြီဖြစ်၏။