ဒါဝိဒ်မင်းကြီးသည် ဗာဟုရိမ်မြို့သို့ရောက်သောအခါ ရှောလုမင်းကြီး၏ဆွေမျိုးသားချင်းထဲမှ လူတစ်ယောက်ထွက်လာ၏။ ထိုသူသည် ဂေရ၏သားဖြစ်၍ ရှိမိ အမည်ရှိ၏။ သူသည် ဒါဝိဒ်မင်းကြီးကို ကျိန်ဆဲရင်းနှင့် ထွက်လာခြင်းဖြစ်၏။
၂ ရာ 23:31 - မြန်မာ့စံမီသမ္မာကျမ်း အာဗသိလူမျိုး အဗျာလဗုန်၊ ဗာဟုမိလူမျိုး အာဇမာဝက်၊ Garrad Bible ဂါ ရှ ချိုင့် သား ဟိ ဒ္ဒဲ။ အ ရာ ဗ မြို့ သား အ ဗျာ လ ဗုန်။ Judson Bible အာဗသိအမျိုး အဗျာလဗုန်၊ ဗာဟုမိအမျိုး အာဇမာဝက်၊ |
ဒါဝိဒ်မင်းကြီးသည် ဗာဟုရိမ်မြို့သို့ရောက်သောအခါ ရှောလုမင်းကြီး၏ဆွေမျိုးသားချင်းထဲမှ လူတစ်ယောက်ထွက်လာ၏။ ထိုသူသည် ဂေရ၏သားဖြစ်၍ ရှိမိ အမည်ရှိ၏။ သူသည် ဒါဝိဒ်မင်းကြီးကို ကျိန်ဆဲရင်းနှင့် ထွက်လာခြင်းဖြစ်၏။
သူ့ခင်ပွန်းသည်လည်း ငိုကြွေးလျက် ဗာဟုရိမ်မြို့တိုင်အောင် သူနှင့်အတူလိုက်လာ၏။ အာဗနာက သူ့အား “ပြန်သွားပါ”ဟု ဆိုမှ သူပြန်သွားလေ၏။
ဂိဗာမြို့သား ရှေမာ၏သားများဖြစ်သော အကြီးအမှူးအဟေဇာနှင့် ယောရှ၊ အာဇမာဝက်၏သားများဖြစ်သော ယေဇေလနှင့် ပေလက်၊ အာနသုတ်မြို့သားဗေရာခနှင့် ယေဟု၊
အဒျေလ၏သား အာဇမာဝက်သည် ဘုရင့်ဘဏ္ဍာတိုက်ကို ကြီးကြပ်ပေးရ၏။ ဩဇိ၏သားယောနသန်သည် ကျေးလက်ဒေသများ၊ မြို့များ၊ ရွာများနှင့် ရဲတိုက်များ၌ရှိသော သိုလှောင်ရုံများကို ကြီးကြပ်ပေးရ၏။