လင်းယုန်ငှက်ထက် လျင်မြန်ပြီး ခြင်္သေ့ထက် ခွန်အားကြီးသော၊ ချစ်ခင်နှစ်သက်ရပါသော ရှောလုနှင့် ယောနသန်တို့သည် ရှင်အတူ သေမကွာပါတကား။
၂ ရာ 23:20 - မြန်မာ့စံမီသမ္မာကျမ်း ရဲစွမ်းသတ္တိထက်မြက်သော ကပ်ဇေလမြို့မှ စစ်သူရဲမျိုးရိုး ယောယဒ၏သား ဗေနာယသည်လည်း ခြင်္သေ့ကဲ့သို့အားကြီးသောမောဘလူမျိုးနှစ်ဦးကို သုတ်သင်ပစ်ခဲ့၏။ နှင်းကျသောနေ့တစ်နေ့တွင် ခြင်္သေ့တွင်းထဲသို့ဝင်ပြီး ခြင်္သေ့တစ်ကောင်ကို သတ်ခဲ့၏။ Common Language Bible ကပ်ဇေလမြို့မှယောယဒ၏သားဗေ နာယသည်နာမည်ကျော်သူရဲကောင်းတစ်ဦး ဖြစ်၏။ သူသည်ရဲဝံ့စွန့်စားရသောအမှု များကိုပြုခဲ့၏။ သူသည်အလွန်ကြီးမား သောမောဘစစ်သူရဲနှစ်ယောက်ကိုသတ် ခဲ့၏။ အလွန်ချမ်းဧသောဆောင်းနေ့တစ်နေ့ ၌သားရဲတွင်းတစ်ခုသို့ဝင်၍ခြင်္သေ့တစ် ကောင်ကိုသတ်ခဲ့၏။- Garrad Bible မြောက် မြား စွာ ပြု ဘူး သော ကပ် ဇေ လ မြို့ နေ သူ ရဲ ယော ယု ဒ သား၊ ဗေ နာ ယ လည်း၊ မော ဘ လူ မျိုး အ ရေ လ သား နှစ် ယောက် ကို သတ် သည့် ပြင် မြေ တွင်း ၌ အောင်း နေ သော ခြ င်္သေ့ ကို မိုး ပွင့် ကျ ရာ ကာ လ တွင် ဆင်း ဝင် သတ် လေ ၏။ Judson Bible အထူးသဖြင့် ပြုဖူးသော ကပ်ဇေလမြို့သား သူရဲယောယဒ၏သား ဗေနာယသည်လည်း ခြင်္သေ့နှင့်တူသော မောဘလူနှစ်ယောက်ကို သတ်၏။ ဆောင်းကာလ၌လည်း အခြားသို့သွား၍ မြေတွင်း၌ရှိသော ခြင်္သေ့ကို သတ်၏။ |
လင်းယုန်ငှက်ထက် လျင်မြန်ပြီး ခြင်္သေ့ထက် ခွန်အားကြီးသော၊ ချစ်ခင်နှစ်သက်ရပါသော ရှောလုနှင့် ယောနသန်တို့သည် ရှင်အတူ သေမကွာပါတကား။
ယွာဘကား အစ္စရေးစစ်သည်အားလုံးကို အုပ်ချုပ်ရသူ၊ ယောယဒ၏သားဗေနာယကား ခေရသိလူမျိုးနှင့် ပေလသိလူမျိုးတို့ကို အုပ်ချုပ်ရသူ၊
သူသည် ထိုသူရဲကောင်းသုံးဦးတို့ထက် အစွမ်းထက်သောကြောင့် သူတို့၏အကြီးအကဲဖြစ်ရ၏။ သို့သော် ပထမသူရဲကောင်းသုံးဦးကို မမီ။
သန်မာထွားကျိုင်းသောအီဂျစ်အမျိုးသားတစ်ယောက်ကိုလည်း သတ်ခဲ့၏။ လှံကိုကိုင်ထားသော ထိုအီဂျစ်အမျိုးသားအား သူသည် ကြိမ်လုံးဖြင့်သာ သွား၍တိုက်ခိုက်၏။ အီဂျစ်အမျိုးသား၏လက်မှ လှံကိုလုယူ၍ ထိုလှံဖြင့်ပင် ထိုသူကို ထိုးသတ်လေ၏။
ယောယဒ၏သား ဗေနာယသည် ထိုသို့ပြုခဲ့သောကြောင့် သူရဲကောင်းသုံးဦးကဲ့သို့ပင် သူလည်း နာမည်ကျော်စော၏။
ယောယဒ၏သားဗေနာယကား ခေရသိလူမျိုးနှင့် ပေလသိလူမျိုးတို့ကို အုပ်ချုပ်ရသူ၊ ဒါဝိဒ်မင်းကြီး၏သားတို့ကား နန်းတွင်းအရာရှိများ စသည်ဖြင့် အသီးသီးနေရာရကြ၏။
သို့သော် အရှင့်အစေအပါးအကျွန်ုပ်၊ ယဇ်ပုရောဟိတ်ဇာဒုတ်၊ ယောယဒသားဗေနာယနှင့် အရှင့်အစေအပါးရှောလမုန်တို့ကိုမူ မဖိတ်ခေါ်ပါ။
ထို့နောက် ယဇ်ပုရောဟိတ်ဇာဒုတ်၊ ပရောဖက်နာသန်၊ ယောယဒ၏သား ဗေနာယတို့အပါအဝင် ခေရသိလူမျိုး၊ ပေလသိလူမျိုးတို့သည် ရှောလမုန်ကို ဒါဝိဒ်မင်းကြီး၏လားပေါ်တင်၍ ဂိဟုန်မြို့သို့ ခေါ်ဆောင်သွားကြ၏။
သို့သော် ယဇ်ပုရောဟိတ်ဇာဒုတ်၊ ယောယဒ၏သားဗေနာယ၊ ပရောဖက်နာသန်၊ ရှိမိ၊ ရေဣနှင့် ဒါဝိဒ်မင်းကြီး၏စစ်သူရဲတို့ကား အဒေါနိယဘက်၌ မနေကြပေ။
ထို့နောက် ရှင်ဘုရင်သည် ယောယဒ၏သားဗေနာယကို အမိန့်ပေးသဖြင့် ဗေနာယသည် သွား၍ ရှိမိအားကွပ်မျက်သဖြင့် သူသေလေ၏။ ဤသို့ဖြင့် ရှောလမုန်မင်းကြီးလက်ထက်တွင် နိုင်ငံတော်တည်မြဲလေ၏။
ဂဒ်အမျိုးအချို့တို့သည် တောကန္တာရရှိ ဒါဝိဒ်ခိုလှုံရာနေရာသို့ လာရောက်ပူးပေါင်းကြ၏။ သူတို့သည် ဒိုင်းလွှား၊ လှံတို့ကို ကိုင်ဆောင်နိုင်ပြီး ရဲစွမ်းသတ္တိရှိ၍ စစ်ရေးလေ့ကျင့်ထားသောသူများ၊ ခြင်္သေ့ကဲ့သို့ရဲရင့်သောမျက်နှာရှိ၍ တောင်ပေါ်သမင်ကဲ့သို့ လျင်မြန်သူများ ဖြစ်ကြ၏။
ယောယဒ၏သား ဗေနာယကား ခေရသိလူမျိုးနှင့်ပေလသိလူမျိုးတို့ကို အုပ်ချုပ်ရသူ၊ ဒါဝိဒ်မင်းကြီး၏သားတို့ကား ရှင်ဘုရင်အနား၌ ခစားရသော အရာရှိများ စသည်ဖြင့် အသီးသီးနေရာရကြ၏။
ဧဒုံအမျိုးအနွယ်သူကြီးတို့သည်လည်း ထိတ်လန့်ကြလိမ့်မည်။ မောဘလူမျိုးအကြီးအကဲတို့သည် ထိတ်လန့်တုန်လှုပ်ခြင်းနှင့် ကြုံတွေ့ရလိမ့်မည်။ ခါနာန်ပြည်သားအပေါင်းတို့သည် စိတ်အားလျော့ကြလိမ့်မည်။
ယုဒအမျိုးအနွယ်ပိုင်သောမြို့များကား တောင်ဘက်စွန်း ဧဒုံနယ်စပ်ရှိမြို့များဖြစ်သော ကပ်ဇေလမြို့၊ ဧဒေမြို့၊ ယာဂုရမြို့၊