ရိတ်သိမ်းရာကာလတွင် စစ်သူရဲသုံးဆယ်ထဲမှ သုံးဦးသည် ဒါဝိဒ်မင်းကြီးရှိရာ အဒုလံလိုဏ်ဂူသို့ ဆင်းသွားကြ၏။ ဖိလိတ္တိတပ်မူကား ရေဖိမ်ချိုင့်ဝှမ်းတွင် စခန်းချလျက်ရှိ၏။
၂ ရာ 23:19 - မြန်မာ့စံမီသမ္မာကျမ်း သူသည် ထိုသူရဲကောင်းသုံးဦးတို့ထက် အစွမ်းထက်သောကြောင့် သူတို့၏အကြီးအကဲဖြစ်ရ၏။ သို့သော် ပထမသူရဲကောင်းသုံးဦးကို မမီ။ Common Language Bible သူသည်ရဲဘော်သုံးကျိပ်တို့တွင်ထူးချွန် သူဖြစ်သော်လည်းသူရဲကောင်းသုံးယောက် လောက်နာမည်မကြီးချေ။ ဒါဝိဒ်မင်းသည် သူ့အားကိုယ်ရံတော်တပ်မှူးအဖြစ်ဖြင့် ခန့်ထားတော်မူ၏။ Garrad Bible သုံး ယောက် တို့ အ နက် အ သ ရေ ရှိ သော ကြောင့် ဗိုလ် မှူး ဖြစ် သော် လည်း ရဲ ဗိုလ် သုံး ဦး တို့ ဘွဲ့ ကို မ ရ ချေ။ Judson Bible သူရဲသုံးယောက်တွင် အမြတ်ဆုံးဖြစ်သည် မဟုတ်လော။ ထိုကြောင့် ဗိုလ်ချုပ်အရာကိုရ၏။ သို့သော်လည်း ပထမသူရဲသုံးယောက်တို့ကို မမီ။ |
ရိတ်သိမ်းရာကာလတွင် စစ်သူရဲသုံးဆယ်ထဲမှ သုံးဦးသည် ဒါဝိဒ်မင်းကြီးရှိရာ အဒုလံလိုဏ်ဂူသို့ ဆင်းသွားကြ၏။ ဖိလိတ္တိတပ်မူကား ရေဖိမ်ချိုင့်ဝှမ်းတွင် စခန်းချလျက်ရှိ၏။
ထိုသူရဲကောင်းသုံးဦးသည် ဖိလိတ္တိတပ်စခန်းကို ထိုးဖောက်ပြီး ဗက်လင်မြို့တံခါးအနီးရှိရေတွင်းမှ ရေကိုခပ်ယူကာ ဒါဝိဒ်မင်းကြီးထံ ယူဆောင်လာပေး၏။ သို့သော် ဒါဝိဒ်မင်းကြီးသည် ထိုရေကိုမသောက်ဘဲ ထာဝရဘုရားရှေ့တော်တွင် သွန်းလျက်
ဇေရုယာ၏သား၊ ယွာဘ၏ညီ အဘိရှဲသည် ထိုသူရဲကောင်းသုံးဦးကို ဦးဆောင်ရ၏။ သူသည် လှံကိုဝှေ့ယမ်းပြီး လူအယောက်သုံးရာကို တိုက်ခိုက်သတ်ဖြတ်၏။ ထို့ကြောင့် သူသည် ထိုသူရဲကောင်းသုံးဦးကဲ့သို့ နာမည်ကြီး၏။
ရဲစွမ်းသတ္တိထက်မြက်သော ကပ်ဇေလမြို့မှ စစ်သူရဲမျိုးရိုး ယောယဒ၏သား ဗေနာယသည်လည်း ခြင်္သေ့ကဲ့သို့အားကြီးသောမောဘလူမျိုးနှစ်ဦးကို သုတ်သင်ပစ်ခဲ့၏။ နှင်းကျသောနေ့တစ်နေ့တွင် ခြင်္သေ့တွင်းထဲသို့ဝင်ပြီး ခြင်္သေ့တစ်ကောင်ကို သတ်ခဲ့၏။
သူရဲကောင်း နောက်တစ်ဦးမှာ အဟောဟိ၏မြေး၊ ဒေါဒေါ၏သား ဧလာဇာ ဖြစ်၏။ စစ်တိုက်ရန် ချီလာသောဖိလိတ္တိလူမျိုးတို့ကို ဒါဝိဒ်မင်းကြီးနှင့်အတူစိန်ခေါ်ခဲ့သူ သူရဲကောင်းသုံးဦးတွင် သူလည်း အပါအဝင်ဖြစ်၏။ အစ္စရေးအမျိုးသားတို့ ဆုတ်ခွာသွားသောအခါ
သူသည် စစ်သူရဲအယောက်သုံးဆယ်ထက် အစွမ်းထက်သော်လည်း ပထမသူရဲကောင်းသုံးဦးကိုမမီ။ ဒါဝိဒ်မင်းကြီးသည် သူ့အား ကိုယ်ရံတော်မှူးအဖြစ် ခန့်အပ်ထား၏။
ကောင်းသောမြေပေါ်၌ ကြဲခြင်းခံရသည်ဆိုသည်မှာ တရားစကားကိုကြား၍ နားလည်သောသူကိုဆိုလို၏။ ထိုသို့သောသူသည် အမှန်ပင် အသီးသီး၍ အချို့သည် အဆတစ်ရာ၊ အချို့သည် အဆခြောက်ဆယ်၊ အချို့သည် အဆသုံးဆယ် သီးလေ၏”ဟု မိန့်တော်မူ၏။
အချို့တို့မူကား ကောင်းသောမြေ၌ကျသဖြင့် အချို့သည် အဆတစ်ရာ၊ အချို့သည် အဆခြောက်ဆယ်၊ အချို့သည် အဆသုံးဆယ် အသီးသီးလေ၏။
နေ၏ဘုန်းအသရေသည် တစ်မျိုး၊ လ၏ဘုန်းအသရေသည်လည်း တစ်မျိုး၊ ကြယ်များ၏ဘုန်းအသရေသည်လည်း တစ်မျိုးဖြစ်၏။ ကြယ်တစ်လုံးချင်း၏ဘုန်းအသရေသည်လည်း ခြားနားကြ၏။